ရန်ကုန်မှာ မိုးတွေ မရွာသေး ပေမယ့် ကျိုက်ထီးရိုးမှာ ကတော့ မိုးတွေအုံ့လို့ တစ်ခါတစ်ခါလည်း တဖွဲဖွဲ ရွာကျလို့။ တောင်ထိပ်မို့ ထင်ပါရဲ့။ သည်းသည်းမဲမဲ ရွာသွန်းတာမျိုးတော့ မရှိဘူး။
မနှစ်ကရောက်ခဲ့တုန်းက လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်နေချိန်မို့ ဘုရားကို မမြင်ခဲ့ရဘူး။ အခုတော့ ဘုရားတည်ရာ ကျောက်တုံးတော်ကိုကော စေတီကိုပါ အသေအချာ ဖူးမြော်ခဲ့ရပါတယ်။ ဘယ်နှစ်ခေါက် ရောက်ရောက် မရိုးနိုင်တဲ့ ခရီးတစ်ခုလို့ ထင်မိတယ်။ အခုအခါတော့ အဖွဲ့အစည်းနဲ့ မဟုတ်ပဲ တကိုယ်ရေ ခရီးဆိုတော့ လိုင်းကားနဲ့ပဲ သွားခဲ့ပါတယ်။ ကင်မွန်းစခန်းမှာလည်း ဆိုင်တချို့တော့ ပိတ်သိမ်း ထားကြတယ်။
အကြိမ်ကြိမ် ရောက်ခဲ့ဘူးပေမယ့် မိုးရာသီရောက်မှာ ရောက်ခဲ့တာတော့ ပထမဦးဆုံးပါပဲ။ ဒေသခံများအဖို့တော့ မထူးခြားလှပေမယ့် အဝေးက ဘုရားဖူးတွေ အဖို့တော့ ခြားနားတဲ့ ရှုမြှော်ခင်းတွေပေါ့။ သွားချင်ပြီး ကားဂိတ်တွေမှာပဲ အချိန်ကုန်ခဲ့ရတဲ့ ကျွန်တော်တို့ အမကြီး အလွမ်းပြေပေါ့။ မရောက်ဖူးသူတွေရော၊ မရောက်တာ ကြာသူ တွေရော အလွမ်းပြေ ပြန်ခံစားနိုင်အောင်ပါ။ တကယ်တော့လည်း ဘုရားဆိုတာ ဘယ်မှာပဲ ဖူးမြော်ရှိခိုးသည်ဖြစ်စေ ယုံကြည်သဒ္ဒါစိတ်က အဓိကပါ။ ဆရာတော်တစ်ပါး ဟောသလို ဘုရားလည်ချင်တာ ဆိုရင်တော့ မကောင်းလေဘူးပေါ့။ ဒါပေမယ့် ခရီးတစ်ခု အနေနဲ့တော့ ဒေသံသန္တဗဟုသုတ ရသလို စိတ်လက် ပေါ့ပါး စေတာတော့ အမှန်ပါပဲ။
အင်း ..တော်သေးတာပေါ့ .... ဦးအောင် ရေးလိုက်မိလို့ ...
ReplyDeleteဒါနဲ့ စကားမစပ် ..
လင်း ရဲ့ camera man က ပိုတော်သလိုပဲ ...
(လင်း ပို့စ်ထဲက ပုံတွေ ပိုလှနေသလားလို့ ... :P )
နောက်ဆိုရင်တော့ သူ့ဘဲလွှတ်တော့မယ။်
ReplyDeleteညကတည်းကမြင်တယ် အိပ်ချင်ယောင်ဆောင်နေလို့လာမဖတ်ရတာ. ကတောက်စ်
သွားချင်လိုက်တာနော်...........မိုးတွင်းကြီးဆိုပြီးကန့်ကွက်ကြပြန်ဦးမယ် တောင်ပေါ်ကို ကားနဲ့တက်ရမှာကြောက်စရာကြီးမိုးတွင်း ကားတွေ ကလည်းကောင်းပါဘိသနဲ့။
ကြော်ငြာတွေကလည်းဝင်သနော်။ လိုက်သွားဦးမှ..
ReplyDeletePost a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့