Layers of Atmosphere:ကမ္ဘာ့လေထု အလွှာများ


ကမ္ဘာလေထုကို အဓိက အလွှာငါးခုအဖြစ် ပိုင်းခြား သတ်မှတ်ပါတယ်။ ဒါကတော့ ကမ္ဘာမြေပြင်အထက် အမြင်ပမာဏ အလိုက် အပူချိန်ပြောင်းလဲမှုပေါ် မူတည်ပြီးတော့ သတ်မှတ်ခြင်း ဖြစ်ပါတယ်။ အဲဒီ အလွှာတွေကတော့ ထရိုပိုစဖီယား (Troposphere)၊ စထရာတိုစဖီးယား (Stratosphere)၊ မီဆိုစဖီယား (Mesosphere)၊ သာမိုစဖီးယား (Thermosphere)၊ အိတ်ဇိုးစဖီယား (Exosphere) တို့ဖြစ်ကြပါတယ်။

Troposphere : ထရိုပိုစဖီးယား
ထရိုပို စဖီးယားအလွှာဟာ ၀င်ရိုးစွန်းဒေသတွေမှာ ကမ္ဘာမြေပြင်အထက် ၇ ကီလိုမီတာ (ပေ ၂၀၃ ၀၀၀) အထိရှိပြီးတော့ အီကွေတာ အထက်မှာ ဆိုရင်တော့ ၁၇ ကီလိုမီတာ (ပေ ၅၆ ၀၀၀) အထိရှိပါတယ်။ ရာသီဥတု အခြေအနေကို လိုက်ပြီးတော့ အမြင့်ပမာဏ ပြောင်းလဲလေ့ရှိပါတယ်။ ကမ္ဘာမြေပြင်နဲ့ အနီးဆုံး လေထုအလွှာ ဖြစ်တာကြောင့် လေထုအလွှာတွေထဲမှာ ပူနွေးမှုအရှိဆုံးလို့လည်း ပြောလို့ရပါတယ်။ ဒါပေမယ့် အပူချိန်ကတော့ တစ်သတ်မတ်ထဲ ရှိနေတာမဟုတ်ပါဘူး။ အမြင့်ကိုရောက်လေလေ အပူချိန် လျော့လေလေ ပေါ့။ လေထုမှာ ပါဝင်တဲ့ ဓါတ်ငွေ့စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာ ထရိုပိုစဖီးယား အလွှာထဲမှာ ရှိတာ ဖြစ်ပါတယ်။ ထရိုပိုစဖီးယား အလွှာရဲ့ အထက်မှာရှိတဲ့ လေထုအလွှာကိုတော့ စထရာတို စဖီးယားလို့ ခေါ်ပါတယ်။ ထရိုပို စဖီယားနဲ့ စထရာတိုစဖီးယား ကြား နယ်နမိတ်ကိုတော့ ထရိုပိုပေါ့စ်လို့ ခေါ်ပါတယ်။

Stratosphere : စထရာတို စဖီယား
ထရိုပိုပေါ့စ် နယ်နမိတ်မျဉ်းရဲ့ အထက်မှာရှိတဲ့ ဒုတိယမြောက် လေထုအလွှာပေါ့။ ကမ္ဘာမြေပြင် အထက် ၅၁ ကီလိုမီတာ (ပေ တစ်သိန်းခုနစ်သောင်း) လောက်ကနေ စတင်ပါတယ်။ စတဲ့နေရာကနေ ယေဘူယျ အားဖြင့် အထက် ၅ ကီလိုမီတာ လောက်အထိ အမြင့်ပမာဏရှိပါတယ်။ ဒီအလွှာမှာဆိုရင် လေထုရဲ့ ဖိအားဟာ ပင်လယ် ရေမျက်နှာပြင် အထက်မှာရှိတဲ့ ဖိအားရဲ့ တစ်ထောင်ပုံ တစ်ပုံပဲ ရှိပါတော့တယ်။ စထာရိုတိုစဖီယား အလွှာရဲ့ နယ်နမိတ် အဆုံးကိုတော့ စထရာတိုပေါ့စ်လို့ ခေါ်ပါတယ်။

Mesosphere : မီဆိုစဖီးယား
မီဆိုစဖီးယား အလွှာကတော့ စထရာတိုပေါ့စ် ရဲ့ အထက် ၈၀ မှ ၈၅ ကီလိုမီတာ အထိရှိပါတယ်။ ဒီနေရာ မှာ ကမ္ဘာမြေပေါ်ကျလာတဲ့ ဥက္ကာခဲတွေအများစု လောင်ကျွမ်းသွားရာ နေရာလည်းဖြစ်ပါတယ်။ မီဆို စဖီယား အလွှာမှာ လည်း အပူချိန်ဟာ အမြင့်ကိုလိုက်ပြီး ပြောင်းလည်းတတ်ပါတယ်။ မီဆိုစဖီယား အလွှာရဲ့ အနားသတ် မီဆိုပေါ့စ် ကတော့ ကမ္ဘာ့လေထုမှာ အပူချိန်အနဲဆုံးဖြစ်ပါတယ်။ မီဆိုပေါ့စ်ရဲ့ ပျမ်းမျှ အပူချိန်ဟာ −100 °C (−148.0 °F; 173.1 K) ရှိပါတယ်။

Thermosphere: သာမိုစဖီးယား
ဒီအလွှာကတော့ မီဆိုစဖီးယားနဲ့ ပြောင်းပြန်လို့ဆိုရမယ်။ အပူချိန်က မီဆိုပေါစ့်ကနေ သာမိုပေါ့စ်အထိ အမြင့်လိုက်ပြီး တိုးလားပါတယ်။ ဒီအလွှာမှာ အပူချိန်ပမာဏဟာ 1,500 °C (2,730 °F) အထိရှိနိုင် ပါတယ်။ လေထုရဲ့သိပ်သည်းမှု အလွန်နဲပါးတာကြောင့် လေထုအပူချိန်ကို သာမာန်အားဖြင့် ဆုံးဖြတ်ဖို့ မလွယ်ကူပါဘူး။ နိုင်ငံတကာ အာကသစခန်း ဟာဒီအလွှာထဲကနေ ကမ္ဘာကိုပတ်နေပါတယ်။ ကမ္ဘာမြေပြင် အထက် ၃၂၀ မှ ၃၈၀ ကီလိုမီတာ (အထက်မိုင် ၂၀၀ မှ ၂၄၀) ပမာဏလောက်မှာ ရှိပါတယ်။ သာမို စဖီးယားအလွှာရဲ့ အဆုံးသတ်ကတော့ အိတ်ဇိုးစဖီးယား အလွှာရဲ့ အောက်ခြေ အိတ်ဇိုဘေ့စ် (exobase) လို့ခေါ်ပါတယ်။ အိတ်ဇိုဘေ့စ် ရဲ့ အမြင့်ဟာ နေရာလိုက်ပြီး ၃၅၀ကီလိုမီတာ ကနေ ၈၀၀ ကီလိုမီတာ (၂၂၀မိုင် မှ မိုင်၅၀၀) လောက်အထိ ရှိနိုင်ပါတယ်။

Exosphere : အိတ်ဇိုးစဖီယား
ကမ္ဘာ့လေထုရဲ့ အပြင်ဘက်ဆုံး အလွှာပေါ့။ ဒီနေရာမှာတော့ ဒြပ်မှုန်တွေဟာ တစ်ခုနဲ့တစ်ခု သိပ်ကို ဝေး ကွာစွာ တည်ရှိနေကြပြီး တစ်ခုနဲ့တစ်ခု မတိုက်မိပဲ ကီလိုမီတာ ရာပေါင်းများစွာတိုင် ရွေ့လျှားသွားလာ နိုင်ပါတယ်။ အဲဒီလို ဒြပ်မှုန်တွေ တစ်ခုနဲ့ တစ်ခု မတိုက်မိသလောက် ရှိတာမို့ ဒီအလွှာမှာ ကမ္ဘာ့လေထုဟာ ငွေ့ရည် (fluid) အသွင် မဆောင်တော့ပါဘူး။ အိတ်ဇိုးစဖီယား အလွှာကို အဓိကဖွဲ့စည်းထားတဲ့ ဓါတ်ငွေ့ တွေကတော့ ဟိုက်ဒရိုဂျင်နဲ့ ဟီလီယံ ဓါတ်ငွေ့တွေပဲ ဖြစ်ပါတယ်။

ဒီ post ရဲ့ အဆက် ဖြစ်ပါတယ်။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1