Layers Of Atmosphere: ကမ္ဘာ့ လေထု၏ အလွှာများ (၂)

ရှေ့မှာဖေါ်ပြခဲ့တဲ့ လေထုအလွှာတွေဟာ လေထုအတွင်းမှာရှိတဲ့ အပူချိန်ကိုလိုက်ပြီး ခွဲခြားသတ်မှတ်ခြင်း ဖြစ်ပါတယ်။ အခြား ဂုဏ်သတ္တိတွေ အပေါ်မူတည်ပြီးတော့လည်း လေထုရဲ့ အလွှာများကို သတ်မှတ်မှုတွေ ရှိပါတယ်။

Ozone Layer : အိုဇုန်းလွှာ

အရေးပါတဲ့ လေထုအလွှာ တစ်ခုကတော့ အိုဇုန်းလွှာ ဖြစ်ပါတယ်။ အိုဇုန်းအလွှာဟာ စထရာတိုစဖီးယား အလွှာထဲမှာ ရှိပါတယ်။ ဒါပေမယ့် အိုဇုန်းပါဝင်မှု ပမာဏက အလွှာတစ်ခုလုံးမှာ ပါဝင်တဲ့ ဓါတ်ငွေ့ပမာဏနဲ့ နှိုင်းယှဉ်ရင်တော့ မပြောပလောက်အောင် နည်းပါတယ်။ စထရာတိုစဖီးယာ အလွှာတစ်ခုလုံးရဲ့ တစ်သန်းပုံ, ပုံ နှစ်ပုံကနေ ရှစ်ပုံလောက် အထိပဲ ရှိပါတယ်။ အိုဇုန်းဓါတ်ငွေ့တွေဟာ စထရာတိုစဖီးယား အလွှာရဲ့ အနိမ့်ပိုင်းမှာ အများဆုံးစုဝေးလေ့ ရှိပါတယ်။ သိပ်သည်းမှု ထုထည်ပမာဏ ကတော့ ရာသီဥတုနဲ့ ပထ၀ီ အနေအထားကို လိုက်ပြီးပြောင်းလဲလေ့ ရှိပါတယ်။ လေထု တစ်ခုလုံးမှာ ရှိတဲ့ အိုဇုန်းပမာဏရဲ့ ကိုးဆယ် ရာခိုင်နှုန်း လောက်ဟာ စထရာတိုစဖီးယား အလွှာထဲမှာပဲ ရှိပါတယ်။ ဒီအိုဇုန်းအလွှာဟာ နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် (Ultraviolet Rays) တိုက်ရိုက်ကျဆင်းမှုကို ကာကွယ်ပေးပါတယ်။


Photobucket


အကယ်၍သာ ဒီလိုစစ်ထုတ်ကာကွယ်မှု မရှိပဲ ခရမ်းလွန်ရောင်ခြည်တွေ ကမ္ဘာမြေပြင်ပေါ်ကို တိုက်ရိုက် ရောက်ရှိ လာမယ်ဆိုရင် ကမ္ဘာပေါ်မှာ ဘယ်လိုသက်ရှိမှ ရှင်သန်နိုင်မှာ မဟုတ်ပါဘူး။ ၁၉၈၀ ကာလပိုင်း ရောက်တဲ့အခါမှာတော့ အဲဒီအိုဇုန်း အလွှာရဲ့ ဖြစ်တည်မှု အနေအထားဟာ အန္တာတိကတိုက်ရဲ့ အထက်မှာ ပုံမှန်ရှိသင့်တဲ့ အနေအထားထက် သိသိသာသာ ပါးလွှာနေတာကို ပညာရှင်တွေ လေ့လာတွေ့ရှိ ခဲ့ပါတယ်။ ဒါကို အိုဇုန်းလွှာ ပေါက်ခြင်းလို့ သတ်မှတ်ခဲ့ကြပါတယ်။ ဒီလိုပါးလွှာမှုကြောင့် ကမ္ဘာမြေပြင်ပေါ် နေရောင်ခြည် ကျဆင်းမှုပမာဏ များပြားလာပြီး ကမ္ဘာကြီးလဲ ပိုမိုပူနွေးလာပြီးတော့ ကမ္ဘာ့ရာသီဥတု တွေလည်း ဖေါက်ပြန် ပြောင်းလဲ လာပါတယ်။


Photobucket


ဒီလိုဖြစ်လာရခြင်း အကြောင်းအရင်းကို စန်းစစ်လိုက်တဲ့အခါ အအေးခံခြင်းနဲ့ အာကာသ ယာဉ်တွေမှာ အချိန်ကြာမြင့်စွာ အသုံးပြုခဲ့တဲ့ ကလိုရိုဖလူအိုကာဗွန် (chlorofluocarbon = CFC) ကြောင့်လို့ လေ့လာ တွေ့ရှိခဲ့ကြတယ်။ ဒါကြောင့် ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ဒီဓါတ်ငွေ့သုံးစွဲမှုကို လုံးဝပိတ်ပင်လိုက်ပါတယ်။ ယခု အခါမှာတော့ CFC အစား အိုဇုန်းလွှာ ပျက်စီးမှုကို လျော့နည်းစေတဲ့ HCFC (hydrofluocarbon) ကို ပြောင်းလဲ သုံးစွဲ ခဲ့ကြပါတယ်။ ဒါအပြင် အိုးဇုန်းလွှာ ပျက်စီးမှုကို ၁၅ ရာခိုင်နှုန်းလောက် အကျိုး သက်ရောက်မှု ရှိစေတဲ့ မီသိုင်းလ်ဘရိုမိုက် (methyl bromide) လို့ခေါ်တဲ့ ပိုးသတ်ဆေးရည် ထုတ်လုပ်မှု ကိုလဲ တားဆီးလိုက် ပါတယ်။

Ionosphere : အိုင်ယွန်နိုစဖီယား

အိုင်ယွန်နိုစဖီယားအလွှာ ဆိုတာကတော့ နေရာင်ချည်မှာပါတဲ့ ခရမ်းလွန် ရောင်ချည်ကြောင့် အိုင်ယွန်နိုက်ဇ် (လျှပ်စစ်ဓါတ်ဆောင်) အမှုန်များနဲ့ စုဖွဲ့နေတဲ့ အလွှာတစ်ခုဖြစ်ပါတယ်။ ဒီအလွှာဟာ သာမို စဖီးယားနဲ့ အိတ်ဇိုစဖီယားအလွှာ နှစ်ခုကို ထပ်လျှက် တည်ရှိပါတယ်။ ကမ္ဘာ့မြေမျက်နှာပြင် အထက် မိုင် ၅၀လောက် ကနေစတင်ပြီး အထက်မိုင် ၆၀၀လောက်အထိ ရှိတယ်လို့ ပျမ်းမျှသတ်မှတ်ပါတယ်။

ဒီအလွှာကတော့ ရေဒီယို အသံလွှင့်မှုတွေ အတွက် အရေးပါပါတယ်။ ကြိမ်နှုန်းမြင့် ရုပ်သံလှိုင်းတွေကို လွှင့်ထုတ်လိုက်တဲ့အခါ ဒီအလွှာကိုထိပြီးပြန်ထွက် (reflection) လာပါတယ်။ ဒီပြန်ထွက်လာတဲ့ ရုပ်သံလှိုင်း တွေကို ဖမ်းယူကြည့်ရှု နာဆင်သူများထံ ရောက်ရှိစေပြီး အနှောက်အယှက်နှင့် ဆူညံသံတွေ (disturbances and noises) ကင်းရှင်းစွာ နားဆင်ကြည့်ရှုနိုင် စေတာ ဖြစ်ပါတယ်။ ၀င်ရိုးစွန်းဒေသ ညအခါ ကောင်းကင်အရောင် တောက်ပမှု (auroras) တွေ ဖြစ်စေတာလည်း ဒီအလွှာကြောင့်ပဲ ဖြစ်ပါတယ်။

Photobucket

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1