၂၀၁၀ ကမ္ဘာ့ ဖလားခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်တွေကြောင့် ပရီးမီယားလိဂ်ပွဲတွေ မကြည့်ရတာ ကြာသွားပြီ။ ဒီနေ့တော့ ပြန်လည် စတင်မယ်ဆိုတော့ ကလပ်အသင်း ကစားသမားတွေ ခြေစစ်ပွဲမှာ ရခဲ့တဲ့ ထိခိုက်ဒဏ်ရာတွေကြောင့် ကစားသမား အင်အားတွေ မပြည့်မစုံ ပွဲထွက်လာမယ့်အခါ ဘယ်လိုရလဒ်တွေ ဖြစ်လာဦးမလဲ စိတ်ဝင်စားစွာ ကြည့်မိတယ်။ အသင်းကြီးတွေ တော်တော် အထိနာခဲ့လေရဲ့။ လီဗာပူးကလည်း ဆန်းဒါးလန်းကို အိမ်ကွင်းမှာ ရှုံး၊ ပွဲဦးထွက် ချယ်လ်ဆီးကလဲ အက်စတွန်ဗီလာကို အဝေကွင်းမှာ ရှုံးပြီး လက်ဗလာနဲ့ အိမ်ပြန်လာတော့ ကျွန်တော်တို့ မန်ယူကော ဘယ်လိုတွေ ဖြစ်မှာလဲ…။ ပြီးခဲ့တဲ့ ပွဲစဉ်၈မှာ ဆန်းဒါလင်းကို သရေကျခဲ့လို့ ချဲလ်ဆီးကို နေရာဖယ်ပေးခဲ့ရတယ်။
ပွဲတိုင်းနီးပါး ဂိုးတွေသွင်းနေတဲ့ ရွန်းနီ နာနေတယ်၊… ဘာဘာတော့ဗ် ကစားအားကောင်းပေမဲ့ ဂိုးသွင်းနိုင်မှုမရှိ၊ အိုဝင်ဆိုတာ ပွဲချိန်ပြည့် ကစားရတာ မဟုတ်တော့… ဘော်လ်တန်ကို နိုင်ပါ့မလား.. စိုးရိမ်စွာ စောင့်ကြည့်မိတယ်။ ဒီပွဲမစခင် ချဲလ်ဆီးကလည်း ဗီလာကို ရှုံးထားလေတော့ မန်ယူသာနိုင်ခဲ့ရင် ထိပ်ဆုံးနေရာ ပြန်ရတော့မှာ။ ဒီတော့ အနိုင်ကစား နိုင်ပါ့မလား…။ ရင်တဖိုဖို....
တကယ်ပါ... ပထမဦးဆုံး ရည်းစားနဲ့ စချိန်းတွေ့ခဲ့တုန်း ကတောင် ဒီလောက်ရင်မခုန်မိဘူးဗျ။ .... :)
တကယ်ပါ... ပထမဦးဆုံး ရည်းစားနဲ့ စချိန်းတွေ့ခဲ့တုန်း ကတောင် ဒီလောက်ရင်မခုန်မိဘူးဗျ။ .... :)
ပွဲစတော့ တိုက်စစ်မှူးနေရာမှာ အိုဝင်နဲ့ ဘာဘာတော့ဗ်၊ …တခြားလဲမရှိဘူးလေ…။ လူငယ်တွေရဲ့ အတွေ့အကြုံကို ဖာဂူဆန် မယုံကြည်သေးဘူး ထင်ပါရဲ့...။ ၀ဲလ်ဘက်ခ်နဲ့ မာချီဒါ တို့ အရန်ခုံပေါ်မှာတော့ မြင်မိတယ်။ ဒီပွဲမကစားခင် ဘယ်တုန်းကမှ ဘာမှ မပြောတဲ့ ကိုရဲဖြိုးကလဲ ဂျီတော့မှာ လာပြီးတော့ .. မန်ယူ ၂-၂ ဘော်လ်တန်လို့ အာရုံရတယ်ဗျတဲ့။ ကိုယ်အားပေးတဲ့ အသင်းနိုင်စေချင်တော့ မဖြစ်နိုင်ဘူးဗျာ.. မန်ယူနိုင်မှာပါလို့ ပြောခဲ့ပေမယ့် စိတ်ထဲမှာတော့ တထင်ထင့်…။
ပွဲစပြီ၊ မန်ယူအချိတ်အဆက်မိမိ ကစားနိုင်တော့ မဆိုးသေးဘူး၊ အားရမိတယ်...။
မကြာဘူးဗျာ... အိုဝင် ဂိုးဧရိယာထဲ ခေါင်းတိုက် လိုက်တာကို နောက်ခံလူနဲ့ ထိပြီးဂိုးရသွားလေတော့ ဟဲ…ဟဲ ကံကြမ္မာက ကျွန်တော်တို့ မန်ယူဘက်မှာ ရှိနေသေးတယ်လို့ အားတက်မိရဲ့။….မန်ယူကပဲ ခြေအသာနဲ့ ကစားနေရင်းက ၃၂ မိနစ်မှာ မန်ယူအလယ်တန်းနဲ့ ရှေ့တန်း အချိတ်အဆက်မိမိ စုစည်းပြီး counter ကနေ ဒုတိယဂိုးကို ဗလန်စီယာက သွင်းပေးလိုက်တော့ ဘာပြောကောင်းမလဲ ဟဲ..ဟဲ.. မတ်တပ်ရပ်ပြီးကို အားပေးလိုက်ပါတယ်။ ဒီဂိုးဟာ မန်ယူအတွက် ဗလန်ဆီယာရဲ့ ပထမဦးဆုံးဂိုးလည်း ဖြစ်ပါတယ်။
congratulation valencia!....
ဘော်လ်တန်ကလည်း မန်ယူကို ယှဉ်ကစားလေတော့ ကျွန်တော်အမြင် မန်ယူနိုင်မှာပါလို့ ပိုသေချာသွားရဲ့။ အသင်းလိုက် ကစားအားမှာ မန်ယူကို ယှဉ်ကစားဖို့ မလွယ်နိုင်ဘူးလေ..။ ဒီလိုနဲ့ ပထမပိုင်း မန်ယူခြေအသာနဲ့ ကစားခဲ့ပြီး ဒုတိယပိုင်းစတော့လဲ မန်ယူပဲ ခြေအသာနဲ့ ကစားနေတော့ ပိုပြီးအားတက်လာမိတယ်ဗျ…။ ဘော်လ်တန်တို့ မန်ယူဘက်ကို ပြန်ထိုးဖောက် ပြီးဂိုးရဖို့ ကြိုးစားပေမယ့် တိုက်စစ်ပိုင်းအားနည်း တာရယ်၊ ဒီနေ့မှပြန်ကစားနိုင်တဲ့ ဗန်ဒါဆားကြီး လက်စွမ်း ပြနိုင်တာရယ်ကြောင့် ချေပဂိုးရဖို့ အခွင့်အလမ်းမသာခဲ့ဘူး။
ဒုတိယပိုင်းအစမှာ မန်ယူဆက်တိုက် ဖိကစားပေမယ့် ဂိုးသွင်းခွင့်တွေလဲ ရပေမယ့် အိုဝင် အဆုံးသတ် မကောင်းတာ၊ ဘော်လတန်ဂိုးသမား ဂျက်စကယ်လိုင်နင် ကောင်းနေတာကြောင့် နောက်ထပ်ဂိုးမသွင်း နိုင်တော့ဘူး၊ မိနစ်၇၀ ကျော်လာချိန်မှာ မန်ယူ ကစားအားလဲချပြီး defensive ပုံစံပြောင်းကစားလေရော… ဘောလ်တန်ကလည်း ဆက်တိုက် ပြန်ဖိကစား ပြန်တော့ ရင်တထိတ်ထိတ် ဖြစ်မိသေး။
နောက်တန်းခံစစ်မှာ ဒီနေ့ဗီဒစ်လည်း ပါမလာတော့ ၁၅မိနစ်တောင် ကျန်သေးတယ်။ မန်ယူဒီလို မကစားသင့်ဘူးလို့ မနေနိုင်၊ မထိုင်နိုင် ထအော်မိသေးရဲ့။ ပြောနေတုန်းပဲ ရှိသေး၊ အီဗရာကိုကျော်ပြီး ဘော်လတန်မှာ ဒီနေ့ ခြေစွမ်းပြ နေတဲ့ မက်သရူးတေလာက ခေါင်းတိုက်ဂိုးသွင်း သွားပြီ။ တကယ်ပါပဲ သုံးဂိုးလောက်ပြတ်နေရင် အကြောင်းလား … တစ်ဖက်က တစ်ဂိုးပြန်ရရင် နောက်တစ်ဂိုး ပေးရဖို့ နီးစပ်တယ်၊ ကစားချိန် ကျန်သေးတယ်။ ဘာမဆို ဖြစ်သွားနိုင်တယ်။ ပြီးတော့ မန်ယူတစ်သင်းလုံး ခံစစ်ဇုံမှာ၊ တစ်ဖက်က ဆက်တိုက် ဖိကစားနေတာ ဖာဂူဆန် ဘာတွေလုပ်နေတာလဲ၊ အားမလိုအားမရ….ဖြစ်မိပါရဲ့။
ဒါပေမယ့် တစ်ဖက် အသင်းရဲ့ တိုက်စစ်ကလည်း မထိရောက်လှတော့၊ ရင်တထိတ်ထိတ် စောင့်ကြည့်ရင်းပဲ ပွဲပြီးသွားခဲ့ပါတယ်..။ ၃ မှတ်ယူနိုင်ခဲ့ပြီ၊ ချဲလ်ဆီးထက် တစ်မှတ်အသာနဲ့ ဇယားထိပ်ပြန်ရောက်ပြီ။
ဒါပေမယ့် တစ်ဖက် အသင်းရဲ့ တိုက်စစ်ကလည်း မထိရောက်လှတော့၊ ရင်တထိတ်ထိတ် စောင့်ကြည့်ရင်းပဲ ပွဲပြီးသွားခဲ့ပါတယ်..။ ၃ မှတ်ယူနိုင်ခဲ့ပြီ၊ ချဲလ်ဆီးထက် တစ်မှတ်အသာနဲ့ ဇယားထိပ်ပြန်ရောက်ပြီ။
ဗုဒ္ဓဟူးနေ့မှာ CSKA Moscowe နဲ့ အဝေခွင်းမှာ ချန်ပီယံလိဂ် အုပ်စုပွဲကစားမယ်။ စနေနေ့မှာ မဟာပြိုင်ဘက် လီဗာပူးနဲ့ ပွဲစဉ် ၁၀ ကိုကစားမယ်... ဆက်အားပေးလိုက်ဦးမယ်။
နယ်ချဲ့ အင်္ဂလိပ်တွေကို အားပေးရတာ အန္တရာယ်ကင်းပါတယ်ဗျာ။ ခဲပေါက်ခံရမှာ မစိုးရိမ်ရဘူး။ 
Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့