နန်းတွင်းအ၀င်မှာတော့ ဂိတ်ရှိပြီးတော့ စစ်ဆေးမှုတွေရှိပါတယ်။ စက်ဘီးတို့၊ ဆိုင်ကယ်တို့ ဆိုရင်တော့ စီးဝင်ခွင့်မပေးဘူး တွန်းလျှောက်ရတယ်ဗျ။ တစ်ချိန်က တန်ခိုးကြီးမား ခမ်းနားထည်ဝါခဲ့မှုတွေကို မလေးမစား မရိုသေတဲ့ အသွင်ဆောင်နေမှာ စိုးလို့ထင်ပါတယ်။
မန္တလေးသူ၊ မန္တလေးသားတွေက သူတို့ရဲ့ ရေမြေသဘာဝကို အတော်လေး တန်ဖိုးထားပုံ ရတယ်ဗျ။ အထင်ကရနေရာတွေ ဘယ်နားလေးဖြစ်ဖြစ် ဓါတ်ပုံရိုက်လိုက်မိတာနဲ့ ကင်မရာခွန် ဆောင်ပါဆိုပြီး လက်မှတ်ကလေးတွေ ကိုင်ပြီးရောက်လာတော့တာပဲ။ MP4 ဖွင့်နားထောင် နေတာကို ကင်မရာပါလား ကင်မရာခွန် တစ်ထောင်ဆောင်ပါဆိုလို့ MP4 ပါလာတဲ့ကလေးက စိတ်တိုနေတာနဲ့ ကြားထဲကပဲ စိုက်လိုက်ရသေးတယ်။
ဘာပဲဖြစ်ဖြစ် တစ်ချိန်က ငါတို့မြန်မာတွေ ဒီလိုတွေခမ်းနားခဲ့တာ ဆိုတဲ့ဝံ့ကြွားမှုမျိုး ရနိုင်တာကတော့ ဂုဏ်ယူ စရာပါ။ အခုခေတ် ကြယ်ဆယ့်ခြောက်ပွင့်လောက် ခမ်းနားတဲ့ အိမ်ရာတွေနဲ့တော့ မယှဉ်နဲ့ပေါ့လေ။ ခမ်းနားမှုကို မယှဉ်သာပေမယ့် သမိုင်းတန်ဖိုး မှာတော့ လွန်စွာအဖိုးထိုက်တန် နေတာကတော့ သေချာပါတယ်။ အ၀င်အ၀မှာ ကုန်းဘောင်နောက်ဆုံးမင်းဆက် သီပေါမင်း လက်ထက်က နန်းတွင်းမှတ်တမ်း ဓါတ်ပုံတွေကိုလည်း ပြသထားပါတယ်။ နန်းဆောင်တွေရဲ့ တည်ဆောက်ပုံကို ကြည့်ပြီး ကိုရီးယား နန်းတွင်းကားတွေက လက်ရာတွေဟာ ငါ့တို့ဆီကနေ ပညာရှင်တွေ ခေါ်ပြီးတည်ဆောက်ခဲ့လေသလား လို့တောင် မဆီမဆိုင် တွေးလိုက်မိသေး။
ဘာပဲဖြစ်..ကိုယ် မသိခဲ့တဲ့ ခေတ်တစ်ခေတ်ရဲ့ အခြေအနေတွေကို လေ့လာခွင့်ရခဲ့ပါတယ်။
စိတ်ကူးပေါက်ရာရေးထားတဲ့ဗဟုသုတ..
ReplyDeleteဓါတ်ပုံတွေမြင်ရလို့ ပြန်ချင်လိုက်တာဗျာ။
ReplyDeleteဒါနဲ့ "အခုခေတ် ကြယ်ဆယ့်ခြောက်ပွင့်လောက် ခမ်းနားတဲ့ အိမ်ရာတွေနဲ့တော့ မယှဉ်နဲ့ပေါ့လေ" လို့အစ်ကို ပြောတဲ့ ပုံတွေက ပုံတွေက scam ကြီးဗျ၊ နိုင်ငံအတော်များများက ခေါင်းဆောင်တွေကို အဲဒိ ပုံတွေနဲ့ စွတ်စွဲဖူးတယ်။ တကယ်က အဲဒိ အိမ်က US မှာရှိတဲ့ ရုပ်ရှင်အိမ်ပါ။
ီဒီမှာဆို President of Zimbabwe, Robert Mugabe လို့ဆိုထားတယ်။
http://www.hoax-slayer.com/robert-mugabe-mansion.shtml
နောက်ပြီး အင်ဒိုနီးရှားက သဌေးတစ်ယောက် ကိုလဲ အဲဒါတွေနဲ့ စွတ်စွဲတယ် ကြားဖူးတယ်။
Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့