ပြန်ရောက်ပြီး နောက်နေ့ပဲ၊ ကျွန်တော်တို့ founder ကြီးက ဆရာဆရာမများ၊ စုပေါင်းပြီး အထက်အညာ ခရီးစဉ် တစ်ခု ထွက်ဖို့ သူစီစဉ်နေပါတယ်။ လိုက်ခဲ့ပါ။ စရိတ်အားလုံး တာဝန်ယူပါတယ်၊ ဆိုလာပြန်တော့ သိတယ် မဟုတ်လား၊ ချေးမများတတ်တဲ့ ကျွန်တော် အညာမြေကို ရောက်သွားပြန်ပါတော့တယ်။
ရန်ကုန်မှာ မိုးတွေဆက်တိုက်လို ရွာနေပေမယ့် မန္တလာမြေမှာတော့ အပူကျတယ် ဆိုရုံလောက်ပဲ။ အရင် ရက်ပိုင်းကတော့ မိုးရွာ သွားတယ်လို့ ဒေသခံတွေက ပြောကြတယ်။ ဒါ့ကြောင့် ထင်ပါရဲ့၊ သစ်ပင်တွေမှာ ရွက်နုလေးတွေ စီစီရီရီနဲ့ အညာမြေဟာ စိမ်းလန်း နေပါတယ်။ မန္တလေးအ၀င် ပုလိပ်မြို့က မြွေဘုရားကို ဖူးခဲ့တယ်။
မန္တလေးရောက်တော့ မဟာမြတ်မုနိ ဘုရာကြီးကို ဖူးခဲ့တယ်။ မန္တလေးတောင်ခြေက ကုသိုလ်တော် ဘုရားဖူး ခဲ့တယ်။ မန္တလေး တောင်တက်ခဲ့တယ်။ ဥမင်သုံးဆယ် ဘုရားကို ရောက်တယ်။ ဘုရားဖူးတယ်။ မြွေကြီးနှစ်ကောင် ရောက်ခဲ့တယ်။
အကယ်၍များ အမြန်လမ်းမကြီး ဆိုတာကနေ ခရီးသွားမယ်ဆိုရင် ဆီ၊ ရေ၊ လေ၊ ၀ိုင်၊ အပြင် ထမင်းထုပ် အားလုံး ပါအောင် ထည့်သွားပါလို့ လက်တို့လိုက်ပါတယ်။ အခုတော့ ၀ယ်လာတဲ့ မုန့်လက်ဆောင်တွေ အိမ်မပါပဲ ကျွန်တော့်လို လမ်းမှာပဲ ကုန်သွားမှာ စိုးလို့ပါ။
အရင်က ကျင်လည်ခဲ့ဘူးတဲ့ နေရာတွေ ဖြစ်လို့ ဒီခရီးဟာ အစိမ်းသက်သက် မဟုတ်ပေမယ့် မတူညီတော့တဲ့ အသွင်နဲ့ နောက်တစ်ခါ ပြန်ရောက်ခဲ့ ရာမှာတော့ ပျော်လည်း ပျော်ခဲ့ပါတယ်။ လွမ်းမော ကြေကွဲစရာတွေလည်း အပြည့်ပေါ့။ နောက်အခါအခွင့် သင့်မှပဲ တစ်နေရာစီ အကြောင်း သိသမျှ အသေးစိတ် ရေးပါဦးမယ်။
ဟိ. ဒါတွေကြောင့်မသွားတာ။
ReplyDeleteရေးပါ ကျိုက်ထီးရိုး..လွမ်းချင်လို့
ပုံလဲပါဘူး. ။ လွမ်းရခက်ခက်။
အကျဉ်းချုပ်တာ သိတ်များတယ်။ နဲနဲလေးရယ်.အားမရပါ။
ReplyDeleteချောင်းသာလောက်တော့ ချဲ့မှပေါ့။
ReplyDeleteမီးမပြတ်တဲ့ မြို့ကြီးကိုပြပါဗျိုး.............။
ReplyDeleteဟင်... ကြည့် .. ဦးသွားပြန်ပြီ ...
ReplyDeleteရေးပါ့မယ် အကြောင်း ကြိုကြွားထားတာတောင် နိုင်အောင် ဖိုက်လိုက်သေးတယ် .. ဟင်း .....
မကျေနပ်ရင်ပြန်သွား။
ReplyDeletePost a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့