
အခုရက်ပိုင်း ခရီးတွေ ဆက်တိုက်ပဲ သွားနေရတယ်။ ခရီးသွားမယ်လို့ လုံးဝစိတ်ကူးမရှိပါဘူး။ တကယ်ပြောတာ။ (
အစ်မ kom လေသံဖြင့်)။ ချောင်းသာ ရောက်သွားတယ်။ ပြီးတော့ ကျိုက်ထီးရိုးတောင် အစစ်ရောက်သွား လိုက်သေးတယ်။
သူကလည်း ရောက်ပါတယ် ဆိုပြီး ကြွားထားတာက တစ်ကြောင်း၊ (ရေးထားတာတော့ မတွေ့သေးဘူး)။
ကြောက်လို့ မသွားဖြစ်လိုက်တာ၊ မနိုင် နိုင်အောင် ဖိုက်တာ ရှုံးပါတယ်လို့ ညည်းချင်းလေး ချထားလေတော့ ကျိုက်ထီးရိုး ရောက်တာ ရေးရင်တော့ ပိုမုန်းနေတော့မှာပဲလို့ စဉ်းစားမိပြီး အသာလေး လျှိုထားလိုက် တော့တယ်။
ပြန်ရောက်ပြီး နောက်နေ့ပဲ၊
ကျွန်တော်တို့ founder ကြီးက ဆရာဆရာမများ၊ စုပေါင်းပြီး အထက်အညာ ခရီးစဉ် တစ်ခု ထွက်ဖို့ သူစီစဉ်နေပါတယ်။ လိုက်ခဲ့ပါ။ စရိတ်အားလုံး တာဝန်ယူပါတယ်၊ ဆိုလာပြန်တော့ သိတယ် မဟုတ်လား၊ ချေးမများတတ်တဲ့ ကျွန်တော် အညာမြေကို ရောက်သွားပြန်ပါတော့တယ်။
ရန်ကုန်မှာ မိုးတွေဆက်တိုက်လို ရွာနေပေမယ့် မန္တလာမြေမှာတော့ အပူကျတယ် ဆိုရုံလောက်ပဲ။ အရင် ရက်ပိုင်းကတော့ မိုးရွာ သွားတယ်လို့ ဒေသခံတွေက ပြောကြတယ်။ ဒါ့ကြောင့် ထင်ပါရဲ့၊ သစ်ပင်တွေမှာ ရွက်နုလေးတွေ စီစီရီရီနဲ့ အညာမြေဟာ စိမ်းလန်း နေပါတယ်။ မန္တလေးအ၀င် ပုလိပ်မြို့က မြွေဘုရားကို ဖူးခဲ့တယ်။

မန္တလေးရောက်တော့ မဟာမြတ်မုနိ ဘုရာကြီးကို ဖူးခဲ့တယ်။ မန္တလေးတောင်ခြေက ကုသိုလ်တော် ဘုရားဖူး ခဲ့တယ်။ မန္တလေး တောင်တက်ခဲ့တယ်။ ဥမင်သုံးဆယ် ဘုရားကို ရောက်တယ်။ ဘုရားဖူးတယ်။ မြွေကြီးနှစ်ကောင် ရောက်ခဲ့တယ်။

နောက်တစ်နေ့မှာ တောင်သမန်အင်းနဲ့ ဦးပိန်တံတားပေါ် ဖြတ်လျှောက်ရင်း ဟိုတစ်ချိန်စီက ကျင်လည်ခဲ့တဲ့ ကာလများစီ ပြန်လည်တွေးတောရင်း အတွေးတွေက ဟိုရောက်ဒီရောက်။ ဈေးချိုတော့ အချိန် မရလို့ မရောက်ခဲ့တော့ဘူး။

စစ်ကိုင်းတောင် ဆက်တက်ခဲ့တယ်။ ဆွမ်းဦးပုညရှင် ဘုရားဖူးခဲ့တယ်။ အဲဒီကနေ မြကျောက် ဘုန်းတော်ကြီး ကျောင်းကို သွားရောက် ဖူးမြော်ခဲ့ပါတယ်။ ဘုန်းဘုန်းက pH 7.3 သဘာဝ သောက်ရေသန့်တွေ ပြန်စွန့်ပါတယ်။ အဲဒီကမှတဆင့် မင်းကွန်း မြသိန်းတန်စေတီ၊ မင်းကွန်းခေါင်းလောင်ကြီးနဲ့ ဘိုးတော်ဦးဝိုင်း တည်ထားခဲ့တဲ့ ပုထိုးတော်ကြီး ဘုရားတို့ကို သွားရောက် ဖူးမြော်ခဲ့ပါတယ်။ ပြန်လာတော့ နေ့လည်စာ စားပြီး စစ်ကိုင်း ကောင်းမှုတော် ဘုရားကို သွားရောက် ဖူးမြော်ပါတယ်။ ပြီးတော့ မန္တလေးပြန်လာပြီး၊ မေမြို့ သို့မဟုတ် ပြင်ဦးလွင် သို့မဟုတ် တောင်လှေခါး သို့မဟုတ် ပန်းမြို့တော် သို့မဟုတ် ချယ်ရီမြေကို ရောက်လာခဲ့တယ်။ နွေရာသီမို့ ထင်ပါရဲ့၊ ပြင်ဦးလွင်ဟာ အရင်ကာလများ စီကလောက် မအေးပါဘူး။ ဒါပေမယ့် ပြင်စာကို ရောက်တယ်ဆိုရင်ပဲ အပူချိန်က သိသိသာသာ လျော့ကျသွားပါတယ်။ ပြင်ဦးလွင်ရောက်တော့ မှောင်ပြီ။ ညစာ စားပြီး စွယ်တာတွေ ၀ယ်ကြတယ်။

ကျွန်တော်ကတော့ အရင်က မိတ်ဟောင်း၊ ဆွေဟောင်းများကို သွားရောက်တွေ့ဆုံ ရှေးဟောင်းနှောင်းဖြစ် စကားတွေပြောရင်း အတိတ်ကာလာများကို လွမ်းမောခဲ့တယ်။ နောက်တစ်နေ့မှာတော့ ပိတ်ချင်းမြောင်ဘုရား၊ မဟာအံ့ထူးကံသာ ဘုရား၊ တို့ကို ဖူးမြော်ပြီး ပြန်လာခဲ့ကြတယ်။

ဒီဇင်ဘာခြံမှာ စတော်ဘယ်ရီတွေ ဆင်းခူးကြ ပါတယ်။ ဒါပေမယ့် စတော်ဘယ်ရီ သီးချိန်မဟုတ်လို့ လက်ကျန်အသီးလေးတွေပဲ အပျော်သဘော ခူးခဲ့ရပါတယ်။ မက်မန်းသီးတွေ ခူးပြီးစားကြည့်တယ်၊ ချဉ်လိုက်တာ သွားကိုကြိမ်းရော။ ပြီးတော့ ပွဲကောက်မှာ ရေကစား ကြတယ်။

ချမ်းလာတော့မှ ပြန်လာပြီး နေ့လည်စာစား၊ ကန်တော်ကြီးစီ ထွက်လာခဲ့ပြန်တယ်။

ဆက်တိုက်လို သွားနေရလို့ ညောင်းနေတာနဲ့ ရွှံ့ညွန်တော၊ ငှက်ဥယျာဉ် ရေလည်ကျွန်းစေတီ လောက်ပဲ သွားခဲ့ပြီး၊ ပြန်လာခဲ့ပါတယ်။

အပြန်မှာတော့ ငါးပါးသီလ သတ်သတ်လွတ် ဘုံကျောင်းကို ၀င်ရောက် ဖူးမြောခဲ့ပြီး ပြင်ဦးလွင်က ပြန်ထွက်လာခဲ့ပါတယ်။ အချိန်မရတော့လို့ ဓါတ်တော်ချိုင်၊ နှီးဘုရားတို့ကို မရောက်ခဲ့တော့ဘူး။ တောက်လျှောက် ပြန်ဆင်းလာပြီး မီးမပျက်တဲ့ မြို့ကြီးမှာ ည နားခဲ့ပါတယ်။ မနက်လင်းတော့ နံနက်စာ ပျဉ်းမနား ပေါင်းလောင်း အားကစားကွင်းနားမှာ စားပြီး ရန်ကုန်ကို အမြန်လမ်းမကြီး ဆိုတာကနေ ပြန်လာခဲ့ပါတယ်။ လမ်းမှာဘာဆိုင်မှ မရှိလို့ ထမင်းမစားရပါဘူး။ ဘာဆိုင်မှ မရှိဘူးဆိုရင်တော့ မုသားပြောရာ ရောက်မယ်။ အလာတုန်းက ၀င်ခဲ့တဲ့ ၁၀၅ မိုင် စားသောက် ဆိုင်တန်းတွေတော့ ရှိတာပါတယ်။ ကာကွေ့ဖို့ လမ်းရှာရင်း၊ ရှာရင်းနဲ့ ရန်ကုန်သာ ရောက်လာရော အကွေ့လမ်း လုံးဝမတွေ့ ခဲ့ပါဘူး။
အကယ်၍များ အမြန်လမ်းမကြီး ဆိုတာကနေ ခရီးသွားမယ်ဆိုရင် ဆီ၊ ရေ၊ လေ၊ ၀ိုင်၊ အပြင် ထမင်းထုပ် အားလုံး ပါအောင် ထည့်သွားပါလို့ လက်တို့လိုက်ပါတယ်။ အခုတော့ ၀ယ်လာတဲ့ မုန့်လက်ဆောင်တွေ အိမ်မပါပဲ ကျွန်တော့်လို လမ်းမှာပဲ ကုန်သွားမှာ စိုးလို့ပါ။
အရင်က ကျင်လည်ခဲ့ဘူးတဲ့ နေရာတွေ ဖြစ်လို့ ဒီခရီးဟာ အစိမ်းသက်သက် မဟုတ်ပေမယ့် မတူညီတော့တဲ့ အသွင်နဲ့ နောက်တစ်ခါ ပြန်ရောက်ခဲ့ ရာမှာတော့ ပျော်လည်း ပျော်ခဲ့ပါတယ်။ လွမ်းမော ကြေကွဲစရာတွေလည်း အပြည့်ပေါ့။ နောက်အခါအခွင့် သင့်မှပဲ တစ်နေရာစီ အကြောင်း သိသမျှ အသေးစိတ် ရေးပါဦးမယ်။
ဟိ. ဒါတွေကြောင့်မသွားတာ။
ReplyDeleteရေးပါ ကျိုက်ထီးရိုး..လွမ်းချင်လို့
ပုံလဲပါဘူး. ။ လွမ်းရခက်ခက်။
အကျဉ်းချုပ်တာ သိတ်များတယ်။ နဲနဲလေးရယ်.အားမရပါ။
ReplyDeleteချောင်းသာလောက်တော့ ချဲ့မှပေါ့။
ReplyDeleteမီးမပြတ်တဲ့ မြို့ကြီးကိုပြပါဗျိုး.............။
ReplyDeleteဟင်... ကြည့် .. ဦးသွားပြန်ပြီ ...
ReplyDeleteရေးပါ့မယ် အကြောင်း ကြိုကြွားထားတာတောင် နိုင်အောင် ဖိုက်လိုက်သေးတယ် .. ဟင်း .....
မကျေနပ်ရင်ပြန်သွား။
ReplyDeletePost a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့