Slide Show album လေးတွေလုပ်ချင်ရင်

စကားဝါမြေက ကိုရဲ လက်ဆင့်ကမ်းလိုက်တဲ့ portable software လေးပါ။ Aneesoft 3D flash gallery လို့ခေါ်ပါတယ်။ ကိုယ်ရဲ့ ဓါတ်ပုံတွေကို flash slide show အနေနဲ့ web page တစ်ခုကို အလွယ်တကူ တည်ဆောက်ယူလို့ ရပါတယ်။ လုပ်ဆောင်ရတာလဲ သိပ်ကို လွယ်ကူလှပါတယ်။ အဆင့် 3 နဲ့တင် ပြီးပါတယ်။


အဆင့်(၁) တင်ချင်တဲ့ ဓါတ်ပုံတွေကို Add Photo ကနေ ဆွဲယူလိုက်ပါ။ ဓါတ်ပုံများရဲ့ display အစီအစဉ်ကိုလည်း drag and drop နဲ့ ကြိုက်သလို နေရာရွှေ့ပြောင်းနိုင်ပါတယ်။


အဆင့်(၂) Template မှာ မိမိကြိုက်နှစ်သက်ရာ display ပုစံကို ရွေးယူနိုင်ပါတယ်။ slide show ရဲ့နောက်ခံ သီချင်းတွေ ထည့်ချင်သေးတယ် ဆိုရင်လည်း add music ကနေ သီချင်းတွေ ပေါင်းထည့်နိုင်ပါတယ်။

အဆင့်(၃) နောက်ဆုံးအဆင့်ပါ။ ထည်ပြီးသား ဓါတ်ပုံတွေ၊ သီချင်းတွေကို publish လုပ်တော့မှာ ဖြစ်ပါတယ်။ ဘယ်လိုပုံစံနဲ့ published လုပ်ရမှာလဲ ဆိုတာကိုတော့ ဘေးမှာ tab ၅ခုနဲ့ ပေးထားပါတယ်။

swf ကတော့ shock wave flash object အနေနဲ့ publish လုပ်ပေးမှာ ဖြစ်ပါတယ်။
exe ကတော့ flash exe file အနေနဲ့ publish လုပ်ပေးမှာပါ။ ကိုယ့်စက်ထဲမှာပဲ ကိုယ်ကြည့်ဖို့ဆိုရင်တော့ exe နဲ့ publish လုပ်သင့်ပါတယ်။
Email ကတော့ mail ပို့ပေးဖို့အတွက်ပေါ့၊
HTML ကတော့ web page အနေနဲ့ တင်ဖို့အတွက်ပေါ့။
SCR ဆိုတာကတော့ screensaver အတွက် ဖြစ်ပါတယ်။

ကျွန်တော်ကတော webpage အနေနဲ့ တင်ချင်တာမို့ HTML နဲ့ published လုပ်လိုက်ပါတယ်။ ပြီးတဲ့ အခါမှာတော့ swf နဲ့ html file နှစ်ခုထုတ်ပေးပါတယ်။ swf file ကို swf host လုပ်နိုင်တဲ့ ဆိုက်တစ်ခုမှာ တင်လိုက်ပေါ့။ ကျွန်တော် ripway မှာ တင်ပါတယ်။ ရလာတဲ့ link ကို html page ထဲမှာ ပြန်ချိတ်ပေးပြီး အဲဒီ page ကိုလည်း ထပ်တင်လိုက်ပါတယ်။ ဒါဆိုရင် flash photo slide show gallery webpage လေးတစ်ခု ကျွန်တော်တို့ ရရှိပါပြီ။ blogger မှာလဲ HTML Widget တစ်ခုအနေနဲ့ တင်လို့ရပါတယ်။ ကဲ.... ဘယ်လောက် လွယ်သလဲ ဆိုတာကိုတော့ ကိုယ်တိုင် စမ်းကြည့်လိုက်ပါဗျာ။

Software လိုချင်တယ်ဆိုရင်


ကျွန်တော်စမ်းထားတဲ့ gallery ကို Preview ကြည့်ချင်တယ် ဆိုရင်တော့ ဒီမှာ ကြည့်ပါ။

 ဒါကတော့ နောက်ထပ်ပုံစံ တစ်မျိုးပေါ့။ ဒါလေးနဲ့ စမ်းထားတာပါ။ ကလေးတွေ ကြိုက်မယ်ထင်တယ်။

2 Comments

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

  1. Dear Ko thu Rein
    Can I do this on my blogger blog post??
    Many thanks for your info sharing.
    Cheers.. :)

    ReplyDelete

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

Previous Post Next Post
Post ADS 1
Post ADS 1