Website တစ်ခု အလွယ်ရေးမယ်။

ကျော်စရာမလို၊ Coding တွေအကြောင်း သိစရာ မလိုတဲ့ Free Site Builder တစ်ခုနဲ့ stand alone page တွေ ရေးချင်ပါသလား။ weebly.com မှာရေးလို့ရကြောင်း လက်ဆင့်ကမ်း လိုက်ပါတယ်။ ဘယ်လိုရေးရမလဲ ..? ဟုတ်ကဲ့ .. အရင်ဆုံးလုပ်ရမှာကတော့ register လုပ်ဖို့ပေါ့။

register လုပ်ပြီးတဲ့အခါ www.yoursite.weebly.com ဆိုတဲ့ လိပ်စာတစ်ခုရပါပြီ။ template ကတော့ သူ့မှာ default template တွေ တော်တော်များများ ပေးထားပါတယ်။

စိတ်ကြိုက် ရွေးလိုက်ပြီးရင်တော့ home ဆိုတဲ့ page လေးတစ်ခု ချပေးမှာ ဖြစ်ပါတယ်။ ဘာမှတော့ ပါမလာ ပါဘူး။ ကိုယ်ထည့်ချင်တဲ့ content အလိုက် page ထဲမှာ ပေါင်းထည့်နိုင်ဖို့ tools တွေ ပေးထားပါတယ်။


ဒါတွေကတော့ page တစ်ခု ရေးတဲ့အခါ လိုအပ်မယ့် basic tools တွေ ပါ။ စာတွေပဲ ရေးမှာလား။ ပုံနဲ့အတူ စာတွေရေးမှာလား။ ပုံတွေတင်မှာလား။ html page တင်မှာလား စသဖြင့်ပေါ့။ ကိုယ်သုံးမယ့် tools ကို drag ဆွဲပြီး page ထဲ ပစ်ချလိုက်ရုံပါပဲ။ အဲဒီအခါမှာ tools ပေါ်မူတည်ပြီး editor တွေပါလာပါလိမ့်မယ်။ layout ကတော့ two columns ပဲရပါတယ်။ 3 columns နဲ့အထက် ရေးချင်တယ်ဆိုရင်တော့ html နဲ့ table ဆောက်ပြီးမှ ရေးနိုင်မှာပါ။

ဒါကတော့ multimedia tools တွေပါ။ photo gallery လုပ်လို့ရပါတယ်။ file တွေ ပေါင်းထည့်လို့ရပါတယ်။ file size ကြီးရင်တော့ free account က အဆင်ပြေမှာ မဟုတ်ပါဘူး။ flash (.swf file) တွေ ပေါင်းထည့်နိုင်ပါတယ်။ audio, video, embedded coument (pdf reader လိုမျိုးပေါ့) ကတော့ မြင်ရတဲ့ အတိုင်း pro account မှ ရမှာ ဖြစ်ပါတယ်။

ဒီ tools တွေကတော့ site feed reader, forum, စတာတွေ ပေါင်းထည့်နိုင်ပါတယ်။ အသင်းအဖွဲ့တစ်ခု အကြောင်း၊ ရေးရင်း ၀ိုင်းဝန်းဆွေးနွေးနိုင်ဖို့ free forum ပေးထားတာကလည်း တော်တော် ကောင်းတယ်လို့ ဆိုရမှာပါ။ ဟုတ်ကဲ့... ဒါတွေကတော့ ကိုယ်တိုင်စမ်းကြည့်တဲ့ အခါပိုသိနိုင်တာမို့ အသေးစိတ် မရေးတော့ဘူးဗျာ။ page တွေအကြောင်း ဆက်ပြောမယ်။ page တွေခွဲရတယ်ဆိုတာက မတူညီတဲ့ cartegory တွေကို သီးခြားစီ ခွဲထုတ်ပြတာပါ။ page တွေကို စိတ်ကြိုက် ပေါင်းထည့်နိုင်ပါတယ်။ ဘယ်လိုပေါင်းထည့်ရမလဲ..၊ tool bar ပေါ်က pages tab ကို နှိပ်လိုက်ပေါ့။ အခုလိုတွေမှာပါ။

ဒါက ကျွန်တော်ရေးထားတဲ့ ဆိုက်ရဲ့ နမူနာပုံစံပါ။ page အသစ်ပေါင်းထည့်ချင်ရင် new page ပေါ့။ ပြောင်းလဲ နေတဲ့ သတင်းအချက်အလက်လို ဟာတွေ အမြဲရေးဖို့ဆိုရင်တော့ blog page ကို ရွေးသင့်တာပေါ့။ page အသစ် ပေါင်းထည့်ပြီး ကိုယ့်စိတ်ကြိုက် နာမည်ပေးနိုင်ပါတယ်။ မကြိုက်တော့တဲ့ page တွေရှိရင်လည်း select ပေးပြီး delete လုပ်နိုင်ပါတယ်။ မြန်မာfont ကောင်းကောင်း မြင်ရဖို့ template CSS မှာ Zawgyi-One ကို သွားပြီး ကြေညာ ပေးဖို့တော့လိုတာပေါ့။

ရေးရတာလွယ်ပါတယ်။ ကျော်စရာလည်း မလိုဘူး။ Coding တွေ နားလည်ရင် ပိုပြီးတော့ ပြင်ဆင်ချယ်သနိုင်ပါ သေးတယ်။ ကျွန်တော်စမ်းရေးထားတဲ့ နမူနာ ဆိုက်ကို ကြည့်ချင့်တယ်ဆိုရင်တော့ ဒီမှာ ကြည့်ပါခင်ဗျာ။

2 Comments

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

  1. Hello. Ko Thu Rein
    Thanks so much for your information. Very good post. very useful.
    Hope you could post more.
    Thanks again.

    ReplyDelete
  2. သိပ်ကောင်းပါတယ်။ လာလေ့လာသွားတယ်။

    ReplyDelete

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

Previous Post Next Post
Post ADS 1
Post ADS 1