Facebook နဲ့ twitter ပေါ်မှာ message များကို gtalk ကနေ ရေးရအောင်

Facebook ပေါ်ကို Gtalk ကနေ တိုက်ရိုက်ရေးဖို့ setting ထဲမှာ မရှိပါဘူး။ gtalk မှာ status message တင်လိုက်တာနဲ့ facebook, twitter, ပေါ်ကိုရောက်အောင် တင်ပေးနိုင်တဲ့ နည်းလမ်းလေးကို ပြောပြ ချင်ပါတယ်။ ဒီလိုဆိုရင် status message ပြောင်းချင်ရင်ဖြစ်ဖြစ်၊ message sharing လုပ်ချင်ရင် ဖြစ်ဖြစ် gtalk status ကို ပြောင်းပေးရုံပေါ့။ ဒီလိုမဟုတ်ပဲ gtalk မှာ chat သလို Message တွေ အဆက်မပြတ် ပို့ချင်ရင်လည်း ပို့နိုင်ပါတယ်။

ဒါကို ကြားကနေ ဆောင်ရွက်ပေးမယ့် ကြားခံဆိုက်ကတော့ friendfeed.com ပါ။ ဘယ်လိုလုပ်ရမှာလဲ။ အရင်ဆုံး လုပ်ရမှာကတော့ login ပေါ့။ account မရှိသေးရင်တော့ register လုပ်ပေါ့။ register လုပ်ပြီးရင်တော့ သူ့ရဲ့ setting ထဲမှာ နဲနဲ ပြောင်းပေးရပါမယ်။ setting>service မှာ add/edit ကို ၀င်လိုက်ရင် အခုလို တွေ့ရပါမယ်။

facebook နဲ့ ချိတ်ချင်တယ်ဆိုရင် facebook ပေါ့။ twitter, gtalk နဲ့ ချိတ်ချင်တယ် ဆိုရင်လည်း ဒီအတိုင်းပါပဲ။ သူတောင်းတာတွေ ထည့်ပေးလိုက်ရုံပေါ့။ တစ်ခုတော့ရှိတယ်။ အားလုံးမှာ user name နဲ့ password ကို တောင်းပါတယ်။ မယုံကြည်ရင်တော့ မချိတ်ပါနဲ့။

သူ့ရဲ့ terms and service မှာတော့ network ချိတ်ဆက်ဖို့ အတွက်သာ တောင်းယူခြင်း ဖြစ်ပါတယ်။ personal data တွေကို ကူးယူသိမ်းဆည်းခြင်း လုံးဝပြုလုပ်မည် မဟုတ်ပါလို့ ကြေညာထားပါတယ်။ ထားပါတော့။

အဲဒီသုံးခုနဲ့ ချိတ်လိုက်ပြီးရင်တော့ gtalk မှာ status message တင်တိုင်း twitter နဲ့ facebook wall မှာပါ တစ်ပြိုင်နက် message ကို post လုပ်ပေး သွားပါလိမ့်မယ်။ ဒါပေမယ့် message ပြောင်းချင်တိုင်း gtalk status ကိုပြောင်းရမှာပါ။ ဒါဟာ ပျင်းစရာကောင်းပါတယ်။ ဒါဆိုရင် ဘယ်လိုလုပ်မလဲ။ setting ထဲမှာပဲ ၀င်ရောက် ပြင်ဆင်နိုင်ပါတယ်။ setting>Notifications>Email / IM preferences မှာ ပြင်ရမှာ ဖြစ်ပါတယ်။


Email ကနေပို့မလား၊ IM (instant messenger) ကနေပို့မလား စသဖြင့်ပေါ့၊ ကျွန်တော် IM ကို ရွေးလိုက် ပါတယ်။
အဲဒီအခါမှာလည်း ကိုယ်ပို့ချင်တဲ့ account name ကို တောင်းပါလိမ့်မယ်။ ထည့်လိုက်ပေါ့။ ဒီအခါမှာ ff@chat.friendfeed.com ဆိုတဲ့ account name နဲ့ ကိုယ့်ရဲ့ gtalk ကို လာပြီး add ထားတာကို တွေ့ပါလိမ့်မယ်။ accept လုပ်ပြီးရင်တော့ အဲဒီ account ထဲမှာ ရိုက်ပို့သမျှ message တွေ အားလုံးကို twitter နဲ့ facebook profile wall ပေါ်မှာပါ ပို့ပြီး ဖြစ်ပါတယ်။

ပို့ရမယ့်ပုံစံကတော့ @me စာသား(ကိုယ်ရေးချင်တဲ့ အကြောင်းအရာ) ဖြစ်ပါတယ်။ အခြား လုပ်ဆောင်ချက် command တွေ သိချင်ရင်တော့ help လို့ ရိုက်ထည့်ပြီး ရှာနိုင်ပါတယ်။ gtalk ကနေ နေရာအနှံ့ ခရီးဆန့်ကြ တာပေါ့။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1