blogger template ပြောင်းရာတွင်

blogger က သူ့ရဲ့ template ပြောင်းလဲမှုပုံစံကို အသစ်ပြောင်းလိုက်တာ တွေ့ရပါတယ်။ အရင်က ကျွန်တော်တို့ သူ့ရဲ့ default template ကို တစ်ခုမှတစ်ခု ပြောင်းရင်သာ sidebar widget တွေကို ထားပေးပြီး အပြင်က template ကို သုံးမယ်ဆိုရင် template အသစ်မှာ မပါဝင်တဲ့ widgets တွေကို ဖျက်ပေးမှ သုံးလို့ရပါတယ်။ html template တွေမှာ ဆိုရင်တော့ b widget နေရမှာ မူလအဟောင်းက widget တွေကို အစားထို့လို့ ရပေမယ့် xml template တွေကို upload လုပ်မယ်ဆိုရင်တော့ ဖျက်ကို ဖျက်ပေးရပါတယ်။ ဒါမှ upload လုပ်ခွင့်ပေးပါတယ်။

ဒီအခါမှာ widget တွေကို back up လုပ်ထားပြီးမှ ပြန်ထည့်ပေးရတော့ အချိန်ကုန်ပါတယ်။ အခုတော့ အဲဒီလို အခက်အခဲတွေ မဖြစ်တော့ပါဘူး။ သူရဲ့ service ကို ပြောင်းလိုက်ပါတယ်။ ဟုတ်ပါတယ် default template ကို အခုအခါမှာ သုံးတဲ့သူကလည်း ခပ်ရှားရှား ဖြစ်လာပြီလေ။ blogger template အလန်းတွေကလည်း ပေါများ လာပြီကိုး။ ဒီတော့ သူလည်း လိုက်ပြောင်းပေးတယ် ထင်ပါရဲ့။ xml template တစ်ခုကို upload လုပ်လိုက်တဲ့ အခါမှာ အခုလို သတိပေးစာတန်း ပေါ်လာပါတယ်။

ဆက်ထားမလား၊ ဖျက်ပစ်မလား မေးလာပါတယ်။ ဆက်ထားမယ်ဆိုရင် keep widgets ပေါ့။ ဒါဆိုရင် ကျွန်တော်တို့ widget တွေကို နောက်တစ်ကြိမ် ပြန်ထည့်ရတဲ့ ဒုက္ခက ကင်းဝေးသွားရပြီပေါ့။ xml template အလန်းတွေ လိုချင်တယ်ဆိုရင်တော့ B-TEMPLATES မှာရှာယူပါ။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1