အိမ်တွင်း လျှပ်စစ်သွယ်တန်းမှု

ကျွန်တော်တို့ သုံးနေတဲ့ အိမ်တွင်းလျှပ်စစ် အသုံးအဆောင် ပစ္စည်းတွေဟာ ဗို့အား 180 နဲ့ 220 (single phase) အတွင်းမှာ အလုပ်လုပ်နိုင် ပါတယ်။ အဲဒီဗို့အားဟာ ကျွန်တော်တို့ ခန္ဓာကိုယ်နဲ့ တိုက်ရိုက်ထိတွေ့ရင် (တနည်း ပြောရင် ဓါတ်လိုက်တယ်ပေါ့) အသက် ဆုံးရှုံးတဲ့အထိ အန္တရာယ်ကြီးပါတယ်။ ဒါကြောင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ် သူတွေဟာ ဒီလိုအန္တရယ်ကို ကာကွယ်နိုင်စေဖို့ ခေတ်မှီ လျှပ်စစ်အသုံးအဆောင် ပစ္စည်းတွေ သုံးစွဲရာမှာ အသုံးပြုတဲ့ ၀ါယာကြိုးမှာ ငုတ်သုံးခု (3-pin plug) နဲ့ ထုတ်လုပ်ပါတယ်။ ဒီငုတ်သုံးခုမှာ အပြိုင်နှစ်ခုက လျှပ်စစ်ကို စီးဆင်းစေတဲ့ နှစ်ခုဖြစ်ပြီး ကျန်တစ်ခုကတော့ ဓါတ်လိုက်မှုအတွက် ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။

http://i627.photobucket.com/albums/tt352/Thu-Rein/HJ039.jpg http://i627.photobucket.com/albums/tt352/Thu-Rein/231.jpg



လျပ်စစ်အသုံးအဆောင် ပစ္စည်းတွေဆိုတာ လျှပ်လိုက် ပစ္စည်း (conductor) တွေနဲ့ တည်ဆောက်ထားပြီး လျှပ်စစ်စီးဆင်းတဲ့ အခါမှာ သတ်မှတ် အလုပ်ကို လုပ်ဆောင် နိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ လျှပ်စစ်စီးစေတဲ့ ၀ါယာကြိုးတွေကိုတော့ ဓါတ်လိုက်ခြင်းမှ ကာကွယ်ဖို့ လျှပ်ကာပစ္စည်း (insulator) တွေနဲ့ ဖုံးအုပ်ထားတာ ဖြစ်ပါတယ်။

ဘယ်လိုပဲ ကာကွယ်မှုတွေ ပြုလုပ်ထားတယ် ဆိုပေမယ့် မတော်တဆဆိုတာ ဖြစ်တတ်ပါတယ်။ အဲဒီအခါမှာ ဓါတ်လိုက်ခြင်း ဆိုတဲ့ အန္တရာယ် ဖြစ်လာရတော့တာပဲ။

ဘယ်လိုအခါမှာ ဓါတ်လိုက်တတ်လည်း။ ၀ါယာကြိုးစတွေ ပေါက်နေတဲ့အခါ ကျွန်တော်တို့သုံးနေတဲ့ ပစ္စည်းရဲ့ ကိုယ်ထည်ပေါ်ကို လျှပ်စစ်စီး နေပါတယ်။ ဒါကိုသတိမထားမိပဲ ကိုင်တွယ် သုံးစွဲမိတဲ့အခါ ဓါတ်လိုက်ပြီး အန္တရာယ် ရှိစေပါတယ်။ ဒါကိုကာကွယ်ဖို့ ပစ္စည်းတွေရဲ့ ပလပ်ခေါင်းကို ငုတ်သုံးငုတ်ပါတဲ့ ခေါင်းတွေအဖြစ် ထုတ်လုပ် သူတွေက ပြောင်းလည်းခဲ့ပါတယ်။

ပလပ်ခေါင်းရဲ့ အပေါ်ဆုံးမှာရှိတဲ့ တတိယငုတ်ဟာ ဓါတ်လိုက်ခြင်းကို ကာကွယ်ဖို့ ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ အမှားအယွင်းမရှိတဲ့ လျှပ်စစ်ပစ္စည်းကို သုံးစွဲနေချိန်မှာတော့ ဒီငုတ်ဟာ အပိုတစ်ခုသာ ဖြစ်ပါတယ်။ သူက ထွက်သွားတဲ့ ၀ါယာကြိုးစဟာ ကျွန်တော်တို့သုံးစွဲနေတဲ့ ပစ္စည်းရဲ့ ကိုယ်ထည်နဲ့ ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ပုံမှန်အချိန်မှာ လျှပ်စစ်စီးဆင်းမှု လုံးဝမရှိပါဘူး။


ဒါပေမယ့် စောစောက ပြောခဲ့သလို ၀ါယာကြိုးစပေါက်ပြီး ကိုယ်ထည်ကို လာထိနေတဲ့အခါ ဒီကြိုးမှာ လျှပ်စစ်စီး ပါတော့တယ်။ ဒီငုတ်မရှိတဲ့အခါ ယိုစိမ့်နေတဲ့ လျှပ်စစ်ဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ပေါ် တိုက်ရိုက်စီးဆင်းပြီး အန္တရာယ်ဖြစ်စေပါတယ်။ ဒီငုတ်ရှိတော့ ဘာထူးလာလဲ၊ ထူးပါတယ်။ ယိုစိမ့်နေတဲ့ လျှပ်စစ်တွေဟာ ဒီငုတ်နဲ့ ချိတ်ဆက်ထားတဲ့ ကျွန်တော်တို့ ခန္ဓာကိုယ်ထက် လျှပ်စစ်ကို ပိုမိုစုပ်ယူနိုင်စွမ်းရှိတဲ့ မြေကြီးဆီကို တိုက်ရိုက် စီးဆင်း သွားလို့ ဓါတ်လိုက်ခြင်းကို ကာကွယ်ပေးနိုင်တာပေါ့။

ဒီနေရာမှာ ဒီငုတ်လေး သုံးလိုက်ရုံနဲ့ ဓါတ်လိုက်ခြင်းကို ကာကွယ်သွားတာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ အိမ်ထဲမှာ တပ်ဆင်သုံးစွဲနေတဲ့ ကြိုးသွယ်တန်းမှု စနစ်(wiring system) ကလည်း မှန်ကန်မှုရှိရပါမယ်။ earthing (grounding) လို့ခေါ်တဲ့ ဓါတ်လိုက်မှုကို ကာကွယ်တဲ့စနစ်ကို အပြည့်အ၀တပ်ဆင် ထားဖို့တော့ လိုမယ်။ ဒါမှသာ မှန်ကန်တဲ့ ကာကွယ်မှုကိုလည်း လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။


ဒါပေမယ့်ကျွန်တော်တို့ဆီမှာ အိမ်တွင်ဝါယာကြိုး တပ်ဆင်မှု စနစ်က အဲဒီလိုမျိုးရှားပါတယ်။ မရှိသလောက်ပါပဲ၊ ဘာလိုလဲဆိုရင် တပ်ဆင်ရာမှာ ၀ါယာ သုံးကြိုးသုံးရခြင်း၊ earthing ကုန်ကျစရိတ် ကြီးမြင့်ခြင်း၊ ပြန်လည်ပြုပြင် ရာတွင် ရှုပ်ထွေးခြင်း၊ ပြန်လည်ပြင်ဆင်မှု မရှိခြင်း စတဲ့အချက်တွေကြောင့် စနစ်မှန်တဲ့ ၀ါယာကြိုး သွယ်တန်းမှု စနစ်ကို မတွေ့ရသလောက်ပါပဲ ဒါကြောင့် လျှပ်စစ်ပစ္စည်းတွေ 3-pin plug တွေနဲ့ လာရင်လည်း ထိပ်ငုတ်ကို ချိုးပစ်လိုက်ပြီး 2-pin အနေနဲ့ပဲ အလွယ်တကူ သုံးစွဲလေ့ ရှိကြပါတယ်။

ဒါဟာ အလွယ်လုပ်ဆောင်မှုပါ။ ဒါပေမယ့် ပြောင်းလည်းနိုင်ဖို့လည်း မလွယ်သေးတော့ ဘာမှမဖြစ်သေး ရင်တော့ ဘာမှမဖြစ်ပါဘူး။ ဖြစ်လာရင်တော့လည်း ဘာလုပ်လို့ မရဘူးပေါ့ဗျာ။ safety first လို့ စာတမ်းတွေ ဘယ်လိုပဲ ချိတ်ထားပါစေ၊ safety system မဟုတ်ရင် safe မဖြစ်နိုင်တာကို ကျွန်တော်တို့ သတိပြုသင့် ကြောင်းပါ။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1