barcampyangon 2010 ကိုသွားခဲ့တယ်။ စပ်စုချင်တာလည်းပါတယ်။ လေ့လာချင်တာ လည်းပါတယ်။ သိချင်တာ တွေလည်းရှိတယ်။ ဘယ်သူတွေလာပြီး ဘာတွေပြောကြလည်း သိချင်တယ်။ ပညာရှင်တွေ တော်တော်များများ ရောက်လာကြတယ်။ စုစုဝေးဝေးနဲ့ လူတွေအများကြီးပဲ။
ကျွန်တော့်လို စပ်စုချင်သူတွေလည်း အများကြီး တွေ့ခဲ့ရတယ်။ programmer, web developer, gamer တွေလည်းတွေ့တယ်။ သန်ရာသန်ရာ ဆွေးနွေး သွားကြတယ်။ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ File Sharing တွေလည်း လုပ်ပေးထားတယ်။ ယူချင်တာတွေ များလွန်းလို့ ဘာမှကို မယူခဲ့တော့ဘူး။ နောက်မှပဲ ယူထားတဲ့သူတွေဆီ လိုက်တောင်းတော့မယ်။
ဒီလိုနည်းပညာ ဖလှယ်ပွဲတွေ အများကြီး ကျင်းပနိုင်ရင် တော်တော်ကောင်းမှာပါ။ အားလုံးအတွက် အကျိုးရှိပါတယ်။ ဘာမှမသိသူတွေလည်း ကိုယ်စိတ်ဝင်စားရာ လေ့လာခွင့်ရကြတယ်။ သိပြီးသား သူတွေလည်း အမြင်ကျယ်လာတယ်။ ပိုမိုကျယ်ပြန့်တဲ့ အသိုင်းအ၀န်း တစ်ခုနဲ့ တွေ့ဆုံလေ့လာခွင့် ရတာကိုက ကောင်းမွန်လှပါတယ်။ နောက်လည်း ဒီလိုပွဲမျိုးတွေ ဆက်လက်ကျင်းပ ပေးနိုင်ပါစေ ဆန္ဒပြုပါတယ်။

Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့