Window7









Microsoft က သူ့ရဲ့ နောက်ဆုံးထုတ် OS ဖြစ်တဲ့ Window7 ကို အောက်တိုဘာ ၂၂ ရက်နေ့မှာ စတင်ရောင်းချ တော့မှာ ဖြစ်ပါတယ်။ Hardware လိုအပ်ချက်များတဲ့ အပြင် user friendly မဖြစ်လှတဲ့ Window Vista ရဲ့နေရာကို အစားထိုးနိုင် လိမ့်မယ်လို့ Microsoft ကတော့ ယုံကြည်နေပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ ကွန်ပြူတာ အရေအတွက်ရဲ့ ၉၀% ဟာ Window OS ကိုသုံးနေကြတာ ဖြစ်ပါတယ်။ 2008ခုနှစ် အတွင်းမှာ Microsoft ကုမ္ပဏီဟာ သူ့ဝင်ငွေ စုစုပေါင်းရဲ့ သုံးပုံတစ်ပုံကို Window OS ရောင်းချခြင်းကနေ ရရှိခဲ့တာပါ။

လက်ရှိအချိန်မှာ Microsoft ဟာ Window7 ရဲ့ RC (Release Candidate) Version ကိုထုတ်ဝေပေး ထားပြီး သုံးဆွဲသူများရဲ့ တုန့်ပြန်မှုများကို နားစွင့်နေပါတယ်။

Hardware တောင်းဆိုမှု များလွန်းတဲ့ အတွက်ကြောင့် ကွန်ပြူတာ အဟောင်းများနဲ့ netbook တွေမှာ သုံးဖို့ အဆင်မပြေတာကြောင့် Window Vista ဟာ မတွင်ကျယ်ခဲ့ပါဘူး။

Operating System ရောင်းချမှု အပေါ်မှာ မှီခိုနေရတဲ့ ကမ္ဘာ့အကြီးဆုံး Software ကုမ္ပဏီကြီးဟာ အခုဆိုရင် ချိန်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ အကြောင်းကတော့ Portable PC တွေနဲ့ netbook ဈေးကွက်ဟာ လျင်လျင်မြန်မြန်ပဲ ဖွင့်ဖြိုးလာခဲ့လို့ ဖြစ်ပါတယ်။ netbook လောကကို ရှေ့ဆောင်ခဲ့တဲ့ ACER က အခုဆိုရင် သူရဲ့ ထုတ်ကုန်သစ်တွေမှာ Google Android ကို စတင်သုံးစွဲတော့မယ့် အကြောင်းကြေငြာခဲ့ပါတယ်။

ဒါကြောင့် Microsoft ဟာ သူ့ရဲ့ OS အသစ်ကို Hardware Capacity နိမ့်တဲ့ ကွန်ပြူတာတွေမှာ သုံးနိုင်အောင် ပြင်ဆင် နေပါတယ်။

3 Comments

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

  1. Dear Ko Thurein!!!
    Thanks 4 ur comment. Sorry, im not ask permission for link into my blog list. And, Thanks 4 ur wish. U also All the best and get the successful life.

    Regards,
    Moe Thout Marn

    ReplyDelete
  2. i want to get Zawgyikeyboard install for window 7
    and believe u can help me

    ReplyDelete
  3. ပြန်မစစ်မိလို့ မသိခဲ့ရဘူး။ Zawgyi က window 7 အတွက်လည်း သုံးလို့ရပါတယ်။ www.alpha.com.mm မှာ ရှာယူပါခင်ဗျာ။

    ReplyDelete

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

Previous Post Next Post
Post ADS 1
Post ADS 1