Gif Animator

ကိုယ်ဓါတ်ပုံလေးတွေကို gif animation လေးတွေလုပ်ချင်တယ် ဆိုရင် ဒီနေရာမှာ သွားလုပ်နိုင်ပါတယ်။ ပထမ အဆင့် အနေနဲ့ ကိုယ်ရဲ့ ဓါတ်ပုံလေးတွေကို upload လုပ်ရမှာ ဖြစ်ပါတယ်။

စက်ထဲက ဓါတ်ပုံတွေဆိုရင် from file ကိုရွေးပေါ့။ ကိုယ့် file ထဲကပုံတွေကို တစ်ပုံချင်းစီ upload လုပ်။ အကယ် ၍ site တစ်ခုခုမှာ host လုပ်ပြီးသားဆိုရင်တော့ from url ဆိုတဲ့ button လေးကိုရွေးပြီး ပုံရဲ့ url ကို ထည့်လိုက်ပေါ့။ အခုကျွန်တော်စမ်း ထားတဲ့ နမူနာကို ပြပါမယ်။ ပုံတစ်ပုံ upload လုပ်ပြီးတိုင်း frame အောက်က save button ကိုနှိပ်ပြီး save လုပ်ပေးရပါမယ်။

အခုတော့ ကျွန်တော်ပုံမှာ ပြထားတဲ့အတိုင်း ဓါတ်ပုံ၅ပုံကို upload လုပ်လိုက်ပါတယ်။ ကိုယ်လိုချင်သလောက် တင်နိုင်ပါတယ်။ ကျေနပ်ပြီဆိုရင်တော့ Creat animation ဆိုတာလေးကို နှိပ်လိုက်ပေါ့။

ပြီးရင်တော့ ရလာတဲ့ animation လေးကို gif file အနေနဲ့ download ချနိုင်သလို အကယ်၍ blog သို့မဟုတ် website မှာတင်ထားချင်ရင်တော့ Add to gallery ကိုနှိပ်ပြီး save၊ . . . ပြီးရင် link code ယူပြီး ကိုယ်site မှာ တင်နိုင်ပါကြောင်း။

Code ကို install လုပ်ပြီးတဲ့ အခါမှာတော့ အခုလို လှုပ်လှုပ်ရွရွ animation လေးကို ရပါတယ် ခင်ဗျား။

animation, thureinminn, girls

2 Comments

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

  1. ဆရာကိုသူရိန်ရေ.. ရောက်ပါတယ်..ဗျာ.။ ကျနော်လဲ စဉ်းစားမိပါတယ်.. ဖောင့်မတူလို့ သဘောထားကွဲနေတဲ့ မြန်မာ အိုင်တိုင် ဆရာတွေ ကိုကြည့်ပီး ဒီကိစ္စကို အမြန်ဆုံး အဆင်ပြေတာ မြင်ချင်လာတယ်.. ကျနော်လဲ ယူနီကုတ်ကို စမ်းသုံးကြည့်မယ် စိတ်ကူးနေတယ်။

    ReplyDelete
  2. ဟုတ်တယ် ကိုဆန်းဝင်းရာ အားလုံးအဆင်ပြေရင် မြန်မြန်တိုးတက်တာပေါ့။ ကျွန်တော်ကတော့ ဒီလိုပဲမြင်ပါတယ်။

    ReplyDelete

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

Previous Post Next Post
Post ADS 1
Post ADS 1