
တစ်ခါက ရွာတစ်ရွာတွင် အလွန် ရိုးလွန်းအလွန်းသော လက်သမားဆရာတပည့် နှစ်ယောက်ရှိလေသည်။ တစ်နေ့တွင် ဆရာတပည့် နှစ်ယောက်သည် အိမ်တစ်လုံးကို လက်ခံတည်ဆောက် လျှက်ရှိရာ..အရှေ့ဘက်နံရံတွင် သံရိုက်နေသော တပည့်ဖြစ်သူက အောက်ပါအတိုင်း အလန့်တကြား အော်လိုက် လေသည်။
``ဆရာရေ… သေပြီဆရာ…..
ကျွန်တော်တို့တော့ အိမ်ရိုက်သံတွေ အ၀ယ်မှားပြီ ….´´
ထိုအခါဆရာဖြစ်သူက လှမ်းကြည့်ပြီး……``ဟေ..ဘာဖြစ်လို့လဲကွ…´´ဟုလှမ်းမေးရာ..
နဖားကို နံရံတွင်ကပ်၍ သံချွန်ကို တူဖြင့်တည်ရင်း ပြန်ပြောလိုက်သည်မှာ….
``ကျွန်တော်တို့ ၀ယ်ထားတဲ့သံတွေ ပြောင်းပြန်တွေ ဖြစ်နေတယ်။´´ဟုဆိုလိုက်လေ၏။
ထိုအခါ ဆရာဖြစ်သူက…``ဟား…. ဟား….. ဟား…. ဟား မင်းကွာ…ငါနဲ့တွဲလာတာလည်းကြာပြီ…ငါ့တပည့် လုပ်ပြီးဒီလောက် ညံ့ရလားဟ။ အဲဒီသံတွေက အဲဒီဘက်နံရံ အတွက်မဟုတ်ဘူးဟ။ ဒီဘက်အနောက်ဘက်နံရံ မှာ ရိုက်ဖို့ကွ.. ဟား…. ဟား….. ဟား…. ဟား ´´ ဟူသတည်း။
ကိုသူရိန် ကျွန်တော်လည်း သံ မှားဝယ်မိပြီထင်တယ်..
ReplyDeletePost a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့