စဉ်းစားမိတာ


သူငယ်ချင်း...........!

``ချစ်ခြင်းရဲ့သက်လုံကောင်းမှုက မတော်တဆ အပြစ်တွေကို မသိမသာ ခွင့်လွှတ်တတ်ဖို့ပဲ။``

မင်း.............ဘယ်လောက် သက်လုံကောင်းလဲ သူငယ်ချင်းတဲ့။ သူငယ်ချင်း တစ်ယောက်ကမေးတယ်။ မတော်တဆရဲ့ အတိုင်းအတာပေါ် မူတည်တယ် လို့ငါဖြေခဲ့တယ်။ ငါပြောတာလွန်သလား သူငယ်ချင်း.............?

သူငယ်ချင်း...........!

``ရှေ့ကိုခြေတစ်လှမ်း,လှမ်းလို့....ပန်းတစ်ပွင့်,ပွင့်ခဲ့ရင်တောင်.....အဲဒီလမ်းကို မင်းကျောခိုင်းလိုက်ပါကွာ။``

သူငယ်ချင်း တစ်ယောက်က တိုက်တွန်းပြန်တယ်။
ရှေ့ဆက်ရမယ့် ခရီးဟာ ဓားသွားတွေ ခင်းထားဦးတော့ ငါဘယ်တော့မှ နောက်ဆုတ်တတ်သူ မဟုတ်တာ ငါရဲ့ မွေးရာပါ အကျင့်တစ်ခုဖြစ်နေတာ မင်းအသိပဲလေ ဆိုတော့ မင်းက ကွန်မြူနစ် တဲ့။ ism(၀ါဒ) တွေကို ငါနားမလည်ပါဘူး။ ငါဘာသာငါ လက်ျာကပ်မောင်းနေတာ လာတိုက်လို့ ရှောင်ရင် ငါမဟုတ်တဲ့ သူများကို ထိခိုက်မှာ ငါမလိုလားဘူးကွာ............။

အင်း...........မဆုံးသရွေ့တော့ ရှေ့ကိုပဲဦးတည်တယ်........................ငါနောက်မဆုတ်ပါဘူး။ အဲဒါ....ငါ့ရဲ့ မှားယွင်းမှုပဲလား................? ငါပြုံးနေဆဲပါ။


Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1