ULTRASURF 92

Blog (blogspot နဲ့ word press) တွေဘာကြောင့်မှန်းတော့ မသိဘူးဗျ။ ဖွင့်လို့မရဘူး။ ကျော်တတ်၊ ခွတတ်ရင် တော့ ရသပေါ့ဗျာ။ freedom , freegate, ultrasurf 92 တို့နဲ့ ဖွင့်ရင်တော့ ပွင့်တယ်ဗျ။ အဲဒီအထဲမှာ ကျွန်တော် ကတော့ u92 ကိုကြိုက်တယ်။ သူက portable ဆိုတော့ install လုပ်ဖို့မလို ဘူးလေ။ ကျွန်တော်တို့လို internet ကို ကိုယ်ပိုင် မသုံးနိုင်တဲ့ သူတွေအတွက် အဆင်ပြေတာပေါ့ဗျာ။

download ဆွဲချ၊ ပြီး run ရင် IE ကို auto detect လုပ်ပါတယ်။ auto detect ကကြာတယ် ထင်ရင် proxy setting ကို manual ပြောင်းလို့ရပါတယ်။ ကိုယ်သုံးနေတဲ့ ဆိုင်က proxy address ကိုတော့ သိဖို့လိုတာပေါ့ဗျာ။ ဒါကလည်းလွယ်ပါတယ်။ menu ပေါ်က Tools>internet optention>connection>lan setting ဆိုရင် ဆိုင်ရဲ့ IP ကို ရပါတယ်။ အဲဒါကို copy ကူးပေါ့ဗျာ။ ပြီးရင် u92 ရဲ့ option ကို click လုပ်လိုက်ပါ။

ပုံမှာတွေမြင်ရတဲ့ အတိုင်း proxy setting button ကို click လုပ်လိုက်ပါ။

ပြီးတော့ manual proxy setting မှာ စောစောက copy ကူးထားတဲ့ proxy number ကို paste လိုက်ပေါ့ဗျာ။ ပြီးရင်တော့ OK ပေါ့။

ခဏစောင့် ကိုယ်သုံးနေတဲ့ဆိုင်က ပုံမှန် connection ရနေတယ်ဆိုရင် ၅မိနစ် လောက် အတွင်းမှာပဲ IE ရဲ့ ultrasurf home page တက်လာပါတယ်။ ဒါဆိုရင် ဖွင့်လို့မရတဲ့ site တွေ ပွင့်ပါပြီ။ blog တွေဖတ်ရင်တော့ IE ထက် Firefox ကပိုကောင်းပါတယ်။ Firefox ကိုသုံးမယ် ဆိုရင်တော့ browser ရဲ့ IP ကို manual ပြောင်းပေးရမှာပါ။ ဒါလည်းလွယ်ပါတယ်။ freedom သုံးရင်ပြောင်းသလိုပါပဲ။ Tools>Option>Advance>Setting ကနေ IP address မှာ 127.0.0.1 ရိုက်ထည့်ပေးလိုက်ပါ။ Port မှာတော့ 9666 ပြောင်းပေးရပါတယ်။ ပြီးရင်တော့ OK ပေါ့ဗျာ။ ဒါဆိုရင် Firefox နဲ့လည်းသုံးနိုင်ပါကြောင်း….။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1