blog နဲ့ အဆက်ပြတ်တာ နှစ်လတောင် ကျော်ပါပကော။ သူရိန်တစ်ယောက် တစ်နေကုန် တနေခမ်း အွန်းလိုင်းပေါ်မှာ တွေ့နေရတာ မတွေ့တာကြာတော့ facebook မှာတဲ့သူက အော်၊ mail ပို့ပြီးမေးတဲ့သူက မေး နဲ့ သတိတရ ရှိကြတော့ ဘာနဲ့မှ မလဲနိုင်တဲ့ ခံစားမှုတွေနဲ့ ၀မ်းသာမိပါရဲ့။ (လမ်းမှာတွေ့ရင့်တော့ ပိုက်ဆံချေးမှာမို့ ရှောင်နေကြမှာ သေချာတယ်။ :) )
ဘာလို့မှ ပျောက်နေတာတော့ မဟုတ်ပါဘူး။ ကျန်းမာရေးကလည်း ဒေါင်ဒေါင်မည်ပါပဲ။ ကားလည်း မတိုက်ခံရပါဘူး။ေဲမြွလည်း မကိုက်ခံရပါဘူး။ ရဲစခန်းလည်း မရောက်ပါဘူး။ ( အနော်က လိမ္မာပြီးသား :P)။ ဒါဖြင့် ဘာလို့ပျောက်နေရလည်း အထွေအထူးတော့ အကြောင်းပြချက် မရှိပါဘူး။ အင်တာနက် မရှိတဲ့နေရာ ရောက်နေတာလည်း မဟုတ်ပါဘူး။ ထူးထူးထွေထွေ အလုပ်ရှုပ်နေတာလည်း မဟုတ်ပါဘူး။ တကယ်တော့လည်း ဘာမှကို မဟုတ်တာပေါ့။ :P
နဲနဲပျင်းနေတာရယ်။ ဗာဟီရတွေ ခါတိုင်းထက် ပိုနေတာရယ်၊ ဟိုပြောင်းဒီရွှေ့ လုပ်နေတာရယ် ဆိုတာတွေကြောင့် အချိန်မရသလိုလို ဖြစ်နေပြီး၊ blog ပေါ်ကို မရောက်ဖြစ်၊ ကမ္ဘာပတ်ပြီးတော့လည်း စစ်တုရင် မကစားဖြစ်နဲ့ ကစားလက်စ ပွဲတွေလည်း အကုန်ရှုံးပြီဆိုတော့ point တွေလည်း ကုန်ပြီလေ၊ စိတ်ပျက် လက်ပျက် နဲ့ online ပေါ်မရောက်ဖြစ်ဘူးပဲ ဆိုပါတော့။
ရေးချင်တာတွေ၊ ပြောချင်တာတွေ၊ ဖွချင်တာတွေ တော့အများသား။ ဒါပေသည့် ရန်မရှာတာ ကောင်းပါတယ်။ စိပ်ပုတီးနဲ့ ရိပ်ကြီးခိုရရင် ကောင်းမလား၊ တွေးရင်း၊ ငေးရင်း၊ သွားရင်း၊ လာရင်း နဲ့အခုတော့ လမ်းမပေါ်မှာ လျှောက်နေဆဲပါပဲ။
ပျော်တဲ့အခါ၊ ၀မ်းသာတဲ့အခါ၊ မကျေနပ်တဲ့အခါ၊ ဒေါသထွက်တဲ့အခါ၊ စိတ်ပျက်တဲ့အခါ၊ တွေးတော စဉ်းစားမိတဲ့အခါ၊ သိသလို၊ တတ်သလို ကြွား... အဲ မျှဝေပါဦးမယ်။ (အစ်မခင်ဦးမေ ရဲ့မှတ်ချက်ပါ။)

ပြန်လာတော့..ဘာဖြစ်လဲ..။
ReplyDeleteဟီးးဟီ..။
တလောကတောင် သတိရမိသေးတယ်..။
အခုတလော ပလုံလဲ ပျောက်နေတယ်..။
ဧကန္တတော့ ဧကန္တပဲ..။
ဒင်းတို့ နှစ်ယောက်.............
မင်နီကလေးတားထားတော့ကလစ်လိုက်မိသေးတယ်။
ReplyDeleteWhere hv u been TR?
ReplyDeletePost a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့