ဒုတိယနေ့မှာ မနက်စောစော အိပ်ရနိုးလာတော့ တည်းခိုတဲ့ နေရာက ကျွေးတဲ့ နံနက်စာကို စားရင်း မျက်စိရှေ့ က ပင်လယ်ပြင်ကြီးကို ငေးမောရင်း ဘာထွေလုပ်ရမလဲ စဉ်းစားမိတယ်။
ရေလည်း ဆင်းမစိမ်ချင်တော့တာနဲ့ ဘယ်တွေသွားလို့ရလဲ ထုံးစံအတိုင်း စပ်စုမေးမြန်းလိုက်တော့ ကျောက်မောင်နှမ ဘုရားကိုသွားလို့ရကြောင်း၊ ဟိုးခပ်ဝေးဝေမှာ မြင်နေရတဲ့ သဲဖြူကျွန်းဆိုတာကို သွားလို့ရကြောင်း၊ ကျောက်မောင်နှမကိုတော့ ဆိုင်ကယ်ငှား သွားနိုင်ကြောင်း၊ သဲဖြူကျွန်းကိုတော့ ကူးတို့စီးပြီးသွားလို့ရကြောင်း ဘယ်သွားသွား တစ်နေရာရီလောက် ကြာမှာ ဖြစ်ကြောင်း သိခဲ့ရတယ်။ ချောင်းသာကမ်းခြေမှာ ခရုကောက်လို့လည်း မရဘူးဆိုတော့၊ ဒီကမ်းခြေမှာ ခရု မရှိကြောင်း၊ သဲဖြူကျွန်းမှာ ဆိုရင်တော့ ခရုခွံတွေ ရှိကြောင်း၊ သွားမယ်ဆိုရင် ကူးတို့ငှားပေးလို့ ရကြောင်း မေးတဲ့သူက ပြောပြပါတယ်။ အင်းဘယ်သွားရင်ကောင်းမလဲ စဉ်းစားရင်း၊ တွေးရင်း၊ ငေးရင်း သောင်ပြင်က တဲထဲမှာပဲ ဆက်ထိုင် နေလိုက်မိတယ်။
ခဏနေတော့ လူတစ်ယောက် အုန်းသီးနဲ့ လုပ်ထားတဲ့ အရုပ်ကလေးတွေ ကိုင်ရင်း လျှောက်လာတာ တွေ့တာနဲ့ ဘာတွေလည်း ဆက်ပြီးစပ်စုလိုက် ပြန်ပါတယ်။ မျောက်အုန်းသီးကိုင်ထားတဲ့ အုန်းသီးမျောက်ပေါ့။
ပြီးတော့ အုန်းသီး တစ်လုံးတည်း မျောက်သုံးကောင်ပါတဲ့ အရုပ်ကလေးလည်း ပါ,ပါသေးတယ်။ ကမ်းခြေ အမှတ်တရ အုန်းသီး ရုပ်တုပါတဲ့။ ဒါကတော့ မျောက်အုန်းသီးရသလို ဆိုတဲ့စကားကို သရုပ်ဖေါ်ထားတဲ့ မျောက်ပါတဲ့။ ဒါတွေကတော့ အုန်းသီး အရွယ်ကြီးရလို့ လုပ်ထားတဲ့ အရုပ်ပါ။ ဒါမျိုးအရွယ်ကြီးရဖို့ ခဲယဉ်းပါ တယ်တဲ့။ ဒီချောင်းသာမှာလည်း မရဘူး။ တစ်ခြားရွာတွေကို စက်လှေနဲ့ သွားပြီးခက်ခက်ခဲခဲ ရှာဖွေပြီး ၀ယ်ရတာ ဖြစ်ပါတယ်တဲ့။ ရိုးရိုးအုန်းသီးကိုလည်း လုပ်လို့မရပါဘူး။ မအောင်မြင်တဲ့ အုန်းသီးခြောက်ကို ရှာပြီးလုပ်ရတာ ပါတဲ့။
မရှိစကားမကြားလို၊ မမှန်စကား မပြောလို၊ မလျော်ကန်တာ မကြည့်လိုဆိုတဲ့ တရားတွေကို လက်ကိုင်ပြုတဲ့ အသွင်ကို သရုပ်ဖေါ်ထားတာ ဖြစ်ပါတယ်တဲ့။ အကယ်၍ အခြား ရေသူမတို့ ဘာတို့ ရုပ်တုတွေ လိုချင်တယ် ဆိုရင်လည်း မှာလို့ရပါတယ်တဲ့။ သူအနေနဲ့ကတော့ သူလုပ်သမျှ လက်ရတွေထဲမှာ ဒီမျောက်ရုပ်တုလေးကို အလွန်သဘောကျလို့ သိမ်းထားတာပါတဲ့။ အခုတော့ ငွေလိုလို့ ရောင်းတာပါတဲ့။
ဒါကတော့ မရှိစကား မကြားလိုတဲ့ မျောက်ပါ။
သူကတော့ မမှန်စကား မပြောလိုတဲ့ မျောက်ပေါ့။
ဒါကတော့ အမြင်မတော်တာတွေကို မကြည့်လိုတဲ့မျောက်ပေါ့။
ဘယ်လောက်လည်း မေးကြည့်တော့ သုံးကောင်တွဲ ရုပ်က တစ်ကောင်ကို ၁၅၀၀ိ/- နှုန်းနဲ့ သုံးကောင်တွဲဆိုတော့ ၄၅၀၀ိ/- ကျသင့်ပါတယ်။ ဒီတစ်ရုပ်ထဲကတော့ သီးသန့် ၂၀၀၀ိ/- ရောင်းတာပါ။ အဲဒီအရုပ်တွေကို လုပ်ရင် တစ်ရုပ်ကို တစ်ရက်လောက် ကြာပါတယ်။ လက်ခစားလုပ်ရင် တစ်ရက်ကို ၂၀၀၀ိ/- ရပါတယ်။ တကယ်တော့ အခုရောင်းတဲ့ ဈေးက ကျွန်တော့် ရက်တွက်ခပဲ ရှိတာပါ။
ကျောင်းဖွင့်တော့မှာမို့ ကလေးတွေ ကျောင်းစရိတ် အတွက် ရောင်းရ တာပါတဲ့။ ဒါနဲ့ မလျှော့တော့ဘူးလား မေးတော့ နှစ်ခုလုံးယူရင် ၅၀၀၀ိ/- နဲ့ပဲယူပါတဲ့။ ဘာပဲဝယ်ဝယ် စစ်ကြည့်ပါလို့ ငယ်ငယ်က အမေကသင်ထားလေတော့ ဘာရယ်မဟုတ် ၄၅၀၀ိ/- မရဘူလား စစ်လိုကမိသေးတယ်။့ ၅၀၀ိ/- နဲ့တော့ မစစ်ပါနဲ့ အစ်ကိုရယ်တဲ့။ ကျွန်တော့်အနုပညာကြေးလို့ သဘောထားပြီး မစပါတဲ့။ သားလေးကျောင်းစရိတ် အတွက် ပညာဒါနပြုတယ်လို့ သဘောထားပေးပါတဲ့။ အင်း…. ငါ ကျူရှင်ဆရာ မှန်း သိနေလားမသိဘူး ဆိုပြီးတွေးလိုက်မိသေးရဲ့ . . .။
အပြောကကောင်း ကြော်ငြာကောင်းတာနဲ့ ချောင်းသာကမ်းခြေက မျောက်လေးကောင်ကို ၀ယ်လိုက်ပြီး ဆက်ထိုင်နေရင် အပြန်လမ်းစရိတ် ပြတ်သွားနိုင်တယ်။ နေလည်းပူပြီ မဖြစ်ခြေဘူး ဆိုပြီးတည်ခိုရာ ပြန်လှည့် လာခဲ့ပါတော့တယ်။
ကြော်ငြာကောင်းတဲ့ ထမင်းနဲ့ဟင်းကို စားပြီးသောက်ပြီး နေပူတာနဲ့ နေ့လည်မှာတော့ ဘယ်မှမထွက်၊ အခန်းအောင်းပြီး အိပ်လိုက်ပါတော့တယ်။ မနေ့ကကြော်ငြာ ကောင်းလို့ စားဖြစ်သွားတဲ့ ဂဏန်းခွက်ကြော်တဲ့။
ဂဏန်းကို အသားထွင်ပြီးမှ အမွှေးအကြိုင်ထည့်ပြီး ကြက်ဥနဲ့ ကပ်ကြော်ထားတာတဲ့။ စားလို့တော့ မဆိုးလှပါဘူး။
အိပ်ရာနိုးလာတော့ ဘယ်သွားရမလဲ ဆက်စဉ်းစားလိုက်တယ်။ ပင်လယ်ကို ဖြတ်ပြီး ကူတို့မစီးရဲတာနဲ့ ဆိုင်ကယ်ငှားပြီး ကျောက်မောင်နှမ ဘုရားစီကို ထွက်လာခဲ့ပါတယ်။ ဆိုင်ကယ်ငှားခ တစ်နာရီ ၃၀၀၀ိ/- ပါ။ ရွာလမ်းအတိုင်းစီးလာပြီး တစ်နေရာမှာတော့ လမ်းချိုးအတိုင်း ကွေ့သွားရပါတယ်။
လမ်းတွေကိုတော့ ကွန်ကရစ်လမ်းတွေ ခင်းနေပါတယ်။ ကမ်းခြေကို ထပ်ပြီးတိုးချဲ့ဖို့ စီစဉ်နေလားတော့ မသိဘူး။ လမ်းတစ်လျှောက် လမ်းတွေကို ပြင်နေပါတယ်။ ပြင်လက်စပဲ။
တစ်ချို့နေရာတွေ မှာတော့ မြေလမ်းအတိုင်းပဲ ရှိသေးတယ်။ ပင်လယ်ကမ်းခြေမို့ အုန်းပင်တွေကတော့ စီစီရီရီ။
လေတဖြူးဖြူးနဲ့ သောင်ပြင်မှာ ဆိုင်ကယ်စီးရရင် တော်တော်ကောင်းမှာပဲ စဉ်းစားမိပြီး၊ တံတားဘေးကနေ သောင်ပြင်ပေါ်ကို ဆင်းလာခဲ့ပါတယ်။
သူများတွေက စက်ဘီးနဲ့ မြင်းနဲ့ပဲ သောင်ပြင်မှာ ပြေးလွှားသွားလာ နေကြတာ ငါတို့ကတော့ ဆိုင်ကယ်နဲ့ဆိုတော့ နဲနဲထူးတာပေါ့လို့ စီးရင်တွေးနေတုန်း ခပ်လှမ်းလှမ်းကနေ လှမ်းအော်သံတွေ ကြားရပါတော့တယ်။
အလန့်တကြား ဘာဖြစ်တာပါလိမ့်လို့ ဆိုင်ကယ်ရပ်ပြီး အခြေအနေ ကြည့်လိုက်တော့မှ သောင်ပြင်ပေါ်မှာ ဆိုင်ကယ်စီးခွင့် မပြုဘူး။ ရှေ့နားရောက်ရင် ဒဏ်ငွေ ၃၀၀၀၀ိ/- ရိုက်ခံရပြီ။ သတိပေး ဆိုင်းဘုတ်တွေ ချိတ်ထားတယ် ဆိုပြီးပြောတော့မှ ဟင်…ဟုတ်လား ဘယ်မှာချိတ်ထားတာလဲ ဆိုပြီး အပြေးအလွှား လှမ်းကြည့်လိုက်တော့ ကမ်းခြေမှာ ဆိုင်းဘုတ်အနီရောင် လေးတွေ သုံးလေးခုနဲ့ သတိပေးထားတာ တွေ့မိတော့တယ်။ လုပ်လိုက်မှဖြင့် ဒီလိုပဲလေ။
ဒါနဲ့ ဘာမှထပ်ပြီး လျှာရှည်မနေတော့ပဲ လာရာလမ်းအတိုင်း တစ်ချိုးတည်း ပြန်လစ်လာခဲ့ပြီး တံတားပေါ် ပြန်တက်လာတယ်။ တံတားထိပ်မှာ ကြက်ခြေနီ အမှတ်တံဆိပ်နဲ့ လူတစ်ယောက် ရပ်ဆောင့်နေတော့ ..ဟိုက် . . သွားပြီ။ တကယ်အဖမ်းခံရပြီ ထင်ရဲ့လို့တွေးလိုက်မိတယ်။ သူကလည်း ခပ်တည်တည်နဲ့ သောင်ပြင်ပေါ်မှာ ဆိုင်ကယ်စီးခွင့် မရှိဘူး။ သတိပေးထားတာ မတွေ့ဘူးလား ဘာညာနဲ့ ပြောလာပါတယ်။ ဟုတ်ကဲ့ ခင်ဗျ။ မတွေ့မိဘူး။ ရှေ့နားရောက်မှ တွေ့မိလို့ ပြန်လှည့်လာတာပါ ဆိုပြီး လေပြေလေးနဲ့ မျက်နှာချိုသွေးလိုက်ပြီး ဆက်လစ်လာခဲ့ပါတယ်။ ဖမ်းတဲ့ အဖွဲ့မဟုတ်လို့လား၊ ဥပဒိရုပ်ကြောင့် ပဲလားတော့ မသိဘူး။
ဘာမှတော့ ဆက်မပြောတော့ပါဘူး။
ဒီလိုနဲ့ ပြန်လှည်လာ၊ ဆိုင်ကယ်ပြန်အပ်၊ လက်ဖက်ရည်ဆိုင် ထိုင်ပြီး တည်းခိုရာမှာ ပြန်လည်အိပ်စက်ရင်း ဒုတိယနေ့ကုန်ဆုံး ခဲ့ပါတော့တယ်။
ဒီလိုနဲ့ ပြန်လှည်လာ၊ ဆိုင်ကယ်ပြန်အပ်၊ လက်ဖက်ရည်ဆိုင် ထိုင်ပြီး တည်းခိုရာမှာ ပြန်လည်အိပ်စက်ရင်း ဒုတိယနေ့ကုန်ဆုံး ခဲ့ပါတော့တယ်။
ကံကြီးပေလို့..
ReplyDeleteကိစ္စမရှိပါဘူး.
ReplyDeleteငါးထောင်ရှိသားဘဲ။
Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့