ကမ်းခြေတစ်ခေါက် အလည်ရောက်

ပိုက်ဆံပြတ်တာ ကြာပြီ။ ဘာမှလည်းမလုပ်ဖြစ်။ စိတ်ညစ်ညစ်နဲ့ အိပ်လိုက်စားလိုက် စစ်တုရင်ကစားလိုက်၊ ဘောလုံးပွဲကြည့်လိုက်။ လင်းကြယ်စင် ကတော့ အားပေးပါတယ်။ ဘာမှညစ်မနေပါနဲ့ လေတဲ့ သူပိုက်ဆံပြတ် တုန်းက သူ့သူငယ်ချင်းက ပြောဘူးတယ်တဲ့။ လူတော်နဲ့ငွေ အတူမနေဆိုလားပဲတဲ့။ အင်းဖြစ်နိုင်တယ်။ စကားပုံတွေဟာ တစ်ခါတရံ သွေးထွက်အောင်ကို ပြောင်းပြန် မှန်တတ်တယ်။ ထောက်ခံတယ်။

ဘာလုပ်ရမှန်းမသိလို့ ထိုင်နေတုန်း လူပြည်မှာဒုက္ခများပြီး မပျော်မရွှင် ဖြစ်နေတာ သိကြားမင်းသိသွား လေသလား အားအားယားယား ဖြစ်နေတဲ့ ကျွန်တော် ခရီးထွက်ဖို့ အကြောင်းဖန်လာတယ်။ ပိုက်ဆံမရှိပဲ ဘယ်လိုခရီးထွက်လည်း မမေးနဲ့ sponsor ရှိတယ်လို့ပဲ မှတ်လိုက်ပါ။ ၀ုန်းကနဲ ချောင်းသာ ရောက်သွားတယ်။ ဘာပြောကောင်းမလဲ ကိုယ့်ဘာသာ ကမ္ဘာကျော်နေတဲ့ ကျွန်တော် blogger လက်စွမ်းပြဖို့ အခွင့်ကြုံလာတာပေါ့။ ရွှေနိုင်ငံရောက်တုန်း ချောင်းသာ သွားချင်တာ အဆင်မပြေခဲ့တဲ့ မခင်ဦးမေ ကိုလည်း ဓါတ်ပုံတွေနဲ့ အပီအပြင် အနှောက်အယှက် ပေးမယ်ဆိုတဲ့ အကြံတွေနဲ့ပေါ့။ (ဟဲ..ဟဲ.. အစ်မရေ စိတ်မဆိုးကြေး)။

ချောင်းသာကမ်းခြေက sea view ဘန်ဂလိုလေးများ

တိုတိုပဲ ပြောကြပါဆို့။ golden star မှန်လုံကားကို စီးပြီး ကျွန်တော်ချောင်းသာ ရောက်သွားပြီးပေါ့။ ရောက်တယ် ဆိုရင်ပဲ မနက်လင်းနေပြီ။ တစ်ခါမှ မရောက်ဖူးပါဘူး။ sponsor ကို လွန်စွာ ကျေးဇူးတင်ပါကြောင်း ဒီနေရာက ပြောလိုက်တယ်။ ဟော်တယ် (၁၃) လုံးရှိတယ်ဆိုလား။ lai lai ဟော်တယ်ကတော့ ဒဂုံဘီယာ က၀င်နေလို့ အခန်းလွတ်မရှိနိုင်ဘူး ဆိုလား။ ကျန်တဲ့ ဟော်တယ်တွေမှာ ကြည့်ရှုလေ့လာပြီး ကြိုက်ရင် နေရာယူပါဆိုလား။ ပြောနေတာနဲ့ ကားရပ်လိုက်တဲ့ နေရာက သီရိဟော်တယ်မှာပဲ တည်းဖြစ်လိုက်တယ် ဆိုပါတော့။ တော်တော်များများလည်း အဲဒီမှာပဲတည်းကြတယ်။ စပယ်ယာနဲ့ ဒရိုင်ဘာတော့ percentage ဘယ်လောက် ရသလဲ မသိဘူး။ အထုပ်တွေ နေရာချ၊ အများကြီးတော့ မဟုတ်ဘူး၊ တစ်ထုပ်ထဲပါ။ လေတဖြူးဖြူး တိုက်နေတဲ့ ကမ်းခြေကို ဆင်းလာတယ်။

နေစထွက်စ ချောင်းသာ နံနက်ခင်း

ကောင်းကင်နဲ့ ပင်လယ်

သဲပြင်ဖွေးဖွေး သောင်ပြင်လေး

ကမ်းခြေကို မျှော်ငေးကြည့်လိုက်တော့

အိုး… ကမ်းမမြင်တဲ့ အပြောကြယ်လှတဲ့ ပင်လယ်ကြီး။ လှိုင်းတွေကမ်းစပ်ကို တ၀ုန်းဝုန်း ရိုက်ခတ်၊ စိတ်ထဲတော့ ခဏတာ ကြည်လင်လန်းဆန်း သွားတယ်။ အပူချိန် 46oC ရောက်ပြီး မခံရပ်နိုင်လောက်အောင်ပူ၊ မီးစက်သံတွေဆူ ရေမရလို့ ရေမချိုးရတဲ့ မြို့ပြကြီးရဲ့ ဒုက္ခတွေကြားက ခဏတာလွတ်မြောက်သွားတယ်။ ရေးလုံးဝမကူးတတ်ပေမယ့် ရေမြင်ရင် ဆင်းဆော့ချင်တာ ငယ်ငယ်ကတည်းကပဲ။ ရေထဲဆင်း ပင်လယ်ရေ ခပ်အေးအေးကို စိမ်လိုက်တော့ အားပါး….ခုလိုဆိုတော့လည်း ဘ၀ကြီးက တယ်…ငြိမ်းပါလား။

ပင်လယ်ကြီးက အကျယ်ဆုံး လှိုင်းတွေတ၀ုန်းဝုန်း

ကမ်းခြေမှာ အပန်းဖြေကြတယ်

ရေကူးမလား မြင်းစီးမလား

လမ်းလျှောက်မလား ဘောစီးမလား

သောင်ပြင်မှာ စွန်လွှတ်ချင်လည်း ရမယ်နော်

ရုတ်တရက် လှိုင်းလုံးတစ်လုံး လာရိုက်တယ်။ ဘယ်သူမှမရှိပဲ တစ်ယောက်တည်း စိတ်လွတ်ကိုယ်လွတ် ဟေးကနဲ အော်လိုက်မိတယ်… ထွီ … ငန်လိုက်တာ။ ငန်မှာပေါ့ ပင်လယ်ရေတွေ ပါးစပ်ထဲ ၀င်လာတာကိုး။ ဘယ်သူတွေကများ လက်ဆော့ပြီး ပင်လယ်ရေကို ဆားခတ်ခဲ့တယ်မသိဘူး။ နို့ မဟုတ်ရင် ကမ္ဘာကြီးရဲ့ သုံးပုံနှစ်ပုံ ရှိနေတဲ့ ပင်လယ်တွေ ရှိနေမှတော့ ခုလိုနွေရာသီမှာ လူတွေ ရေဒုက္ခကြုံရမှာ မဟုတ်ဘူးလို့ တောင်စဉ်ရေမရ တွေးရင်း ပြန်တက်လာခဲ့တယ်။

ဆက်ပြောဦးမယ်…. ခုတော့နားပြီ။ ချောင်းသာရဲ့ ဆည်းဆာကို ခံစားသွားကြပါဦး။

နေရောင် တောင်စွယ်မှာကွယ်ရင်

တံငါသည် ပိုက်သိမ်းချိန်

ရွှေရောင်ဝင်းဝင်း တိမ်အဆင်း

ဆေးလိပ်လည်းတို နေလည်းညိုပြီ




ပြီးတော့လည်း ပြီးတာပါပဲလေ

4 Comments

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

  1. မုန်းစရာကြီး

    ReplyDelete
  2. ရိုက်ချက်တွေ မိုက်တယ်ဗျာ. . . ကဗျာ ဆန်ပါ့။
    သဘောကျတယ်။

    ReplyDelete
  3. တော်ထှာ.. ဒါ့ပုံရိုက်တာ။

    ReplyDelete

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

Previous Post Next Post
Post ADS 1
Post ADS 1