
software လေးတစ်ခုပါ။ သူ့ကို လက်တွေ့ အသုံးချလိုက်ရင် web hosting အကြောင်းပါ နားလည်လာမှာပါ။ web album maker လို့ခေါ်ပါတယ်။
ဒီမှာ download ဆွဲ လို့ရပါတယ်။ ဟုတ်ကဲ့ ဆွဲပြီးရင် ဘာလုပ်ရမလဲ .. Install လုပ်ရမှာပေါ့ဗျာ။
ပြီးရင်တော့ အဆင့်သုံးဆင့် လုပ်ရပါမယ်။

add photo ကနေဓါတ်ပုံတွေ ကို ဆွဲယူလိုက်တာပေါ့။ ကိုယ်သိမ်းထားတဲ့ location ကနေ ဓါတ်ပုံတွေကို ယူလိုက်ပါ။

select skin ကနေ ကိုယ်ကြိုက်တဲ့ background ကို ရွေးလိုက်တာပေါ့။ ဒါဆိုရင် album လုပ်ဖို့ အသင့်ဖြစ် နေပါပြီ။ လုပ်ထားတဲ့ album ကို ဘယ်မှာ သိမ်းမှာလဲ။ သူကတော့ D:\MyAlbum ဆိုတဲ့ နေရာမှာ default အနေနဲ့ သိမ်းပေးမှာ ဖြစ်ပါတယ်။ အဲဒီနေရာမှာ မသိမ်းချင်ရင်လည်း ကြိုက်တဲ့နေရာ ရွေးသိမ်းပေါ့ဗျာ။

ပြီးရင်တော့ make album ကို နှိပ်လိုက်ပေါ့။ ဒါဆိုရင်တော့ ကျွန်တော်တို့ slide-show album လေးတစ်ခု ပြီးသွားပါပြီ။ browser ပေါ်မှာ offline ကြည့်မယ်ဆိုလည်း ရပြီပေါ့။ ကိုယ်ကြည့်ယုံတင် မဟုတ်ပဲ internet ပေါ်က မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်များကိုလည်း ကိုယ်ဓါတ်ပုံလေးတွေ ကြွား . . . အဲ မျှဝေချင်ပါ သေးတယ် ဆိုရင်တော့ internet ပေါ်တင်ရမှာပေါ့။
ဟုတ်ပြီ ဘာတွေကို တင်ရမှာလဲ ဆိုရင်တော့ စောစောက သိမ်းထားတဲ့ folder ကို တင်ရမှာပေါ့။ ဒါပါပဲ။ ဘယ်မှာ တင်ရမှာလည်း။ ဟုတ်ကဲ့ . အဲဒီ folder တွေကို သိမ်းခွင့်ပေးတဲ့ ဘယ် web service မှာမဆို တင်လို့ရပါတယ်။ အဲဒါကို web hosting လို့ ခေါ်တာပေါ့။ ဒီကောင် လျှာတော်တော်ရှည်တယ် မပြောပါနဲ့။ တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေအတွက် မရည်ရွယ်ပါဘူး။ လေ့လာလိုတဲ့ User တွေကို မျှဝေခြင်းသာ ဖြစ်ပါတယ်။ အဲဒီလို သိမ်းလို့ရတဲ့၊ အလကားလည်း ပေးတဲ့ service တွေ အင်တာနက် ပေါ်မှာအများကြီးရှိပါတယ်။

ကိုယ်ကြိုက်တာ ရှာသုံးနိုင်ပါတယ်။ ကျွန်တော်ကတော့ သုံးလို့လွယ်ကူ တဲ့
zymic ကို သုံးလိုက်ပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ ဆီမှာက user တွေ အနေနဲ့ folder လိုက်တင်ဖို့ အခွင့်အရေး မရှိဘူးလေ။ ဒီတော့ သူပြထားတဲ့ folder တွေ အတိုင်း zymic ပေါ်မှာ folder တွေ တည်ဆောက်ပြီး ပေးထားတွေ အားလုံးကို upload လုပ်လိုက်ပါတယ်။

စက်ထဲမှာ ဒီလို သိမ်းထားခဲ့တာပေါ့။

upload လုပ်ပြီးတဲ့ အခါမှာတော့ အခုလိုတွေ့ရပါတယ်။
အဲဒီအခါမှာတော့ zymic မှာ ကျွန်တော်တို့ ရွေးထားခဲ့တဲ့ Domain လေးနဲ့ web-album လေးတစ်ခု ရပြီပေါ့။

ကျွန်တော် တင်ထား တဲ့ album လေးကို
http://my-album.zxq.net မှာ လေ့လာကြည့်ရှု နိုင်ပါတယ် ခင်ဗျာ။
Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့