တစ်နေ့ တစ်လံ ပုဂံ ဘယ်ရွေ့မလဲတဲ့ . . .။
ထိုင်နေရင် အကောင်းသား ထသွားမှ ကြိုးမှန်းသိတဲ့။
ဆင်သွားရင် လမ်းဖြစ်တယ်တဲ့။
ဆင်ကန်းတောတိုး မလုပ်နဲ့တဲ့။
စကားပုံတွေက ရှုပ်တော့ အရှုပ်သား။
ဘယ်လို အခြေအနေမှာ မဆို ဆင်ခြေပေးဖို့ ကိုးကားရန် အဆင်သင့်ပဲ။
တော်ပါပြီ . . . ခေါင်းရှုပ်တယ်၊ မစဉ်းစားတော့ဘူး။
အင်း . . . လူတွေဟာ စဉ်းစားရမှာကို သေမှာထက် ပိုကြောက်ကြတယ်။ ဒါကြောင့် မစဉ်းစားပဲ သေသွားကြတဲ့ သူတွေ များတယ်လို့ ပြောတဲ့ ပညာရှင်နဲ့ တွေ့ရင်တော့ သေခိုင်းနေဦးမယ်။
တရုတ်ပြည်မှာ မိုးခေါင်ရေရှားလို့ မြေအောက်ရေ ခန်းခြောက် သောက်သုံးရေ ပြတ်သတဲ့။
ရန်ကုန်မှာတော့ မြေပေါ်က ဂျိုးဖြူရေ တင်မရလို့ မျက်နှာသစ်ဖို့တောင် ရေမရှိခဲ့။
တစ်နေ့ကို တစ်နာရီ လျှပ်စစ်မီးပိုပေးရင် ကမ္ဘာကြီးတော့ မသိဘူး၊ ရန်ကုန်မြို့ကတော့ အပူချိန် ထက်ဝက်လောက် ကျဆင်းသွား နိုင်တယ်။
တရုတ်၊ ထိုင်း၊ ဗမာပူးပေါင်းလို့ ကန်ဒေါ်လာ သန်း ၉၀၀၀ ကျော် ကုန်ကျမယ့် (အချို့ စာစောင်တွေရဲ့ လေသံ အတိုင်း) လျှပ်စစ်စွမ်းအား ပမာဏ 7.1 GW ထုတ်ပေးမယ့် သံလွင်မြစ်ရေကို အသုံးပြုတဲ့ အာရှအကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်းကြီး တည်ဆောက်နေပြီတဲ့။
ဒါကြောင့်မို့ ထင်ပါရဲ့ . . .။ ရန်ကုန်မှာ တစ်နေ့ (၁၈) ကြိမ်လောက်မီးလာတယ်။
ရွေးကောက်ပွဲတော့ နီးလာပြီ . . .။ အရွေးမမှားဖို့ လိုတယ်ဆိုတဲ့ အသိပေးဆောင်းပါး တစ်ပုဒ် ဖတ်လိုက်ရတယ်။ အမှားတွေ အရွေးမခံရင် အရွေးမမှားတော့ဘူး ဆိုတာတော့ သေချာတယ်။
အင်းဆင်သွားရင် လမ်းဖြစ်သတဲ့ . . .။
ဆင်ကန်းတောတိုး မဖြစ်ဖို့တော့လိုတယ် . . .။
ဆင်သတ် အရပ်ဝေရမှာ အားနာစရာ . . .။
ဆင့်ပါးစပ် နှမ်းပက်လို့ကတော့ ဘာမှ ထူးမလာပါဘူး။
ဆင်သေကို စိတ်ရေနဲ့ မဖုံးကြပါနဲ့ . . .။ မလုံမလဲနဲ့ ရှက်စရာကြီး။
တော်ပါပြီ . . ဆင်စကားပုံတွေ ခေါင်းရှုပ်တယ်။ မစဉ်းစားတော့ဘူး။

ကမ္ဘာကြီး ပူနွေးလာမှုကို ကာကွယ်ဖို့၊ တစ်ရက်ကို တစ်နာရီ လျှပ်စစ်မီးပိတ်မယ့် အစီအစဉ်ကို လုပ်ငန်းစု တစ်ခုက တက်တက်ကြွကြွ ပါဝင်မယ်လို့ ကြေညာသွားတယ်။
တစ်နေ့ကို တစ်နာရီ လျှပ်စစ်မီးပိုပေးရင် ကမ္ဘာကြီးတော့ မသိဘူး၊ ရန်ကုန်မြို့ကတော့ အပူချိန် ထက်ဝက်လောက် ကျဆင်းသွား နိုင်တယ်။
တရုတ်၊ ထိုင်း၊ ဗမာပူးပေါင်းလို့ ကန်ဒေါ်လာ သန်း ၉၀၀၀ ကျော် ကုန်ကျမယ့် (အချို့ စာစောင်တွေရဲ့ လေသံ အတိုင်း) လျှပ်စစ်စွမ်းအား ပမာဏ 7.1 GW ထုတ်ပေးမယ့် သံလွင်မြစ်ရေကို အသုံးပြုတဲ့ အာရှအကြီးဆုံး ရေအားလျှပ်စစ် စီမံကိန်းကြီး တည်ဆောက်နေပြီတဲ့။
ဒါကြောင့်မို့ ထင်ပါရဲ့ . . .။ ရန်ကုန်မှာ တစ်နေ့ (၁၈) ကြိမ်လောက်မီးလာတယ်။
ရွေးကောက်ပွဲတော့ နီးလာပြီ . . .။ အရွေးမမှားဖို့ လိုတယ်ဆိုတဲ့ အသိပေးဆောင်းပါး တစ်ပုဒ် ဖတ်လိုက်ရတယ်။ အမှားတွေ အရွေးမခံရင် အရွေးမမှားတော့ဘူး ဆိုတာတော့ သေချာတယ်။
အင်းဆင်သွားရင် လမ်းဖြစ်သတဲ့ . . .။
ဆင်ကန်းတောတိုး မဖြစ်ဖို့တော့လိုတယ် . . .။
ဆင်သတ် အရပ်ဝေရမှာ အားနာစရာ . . .။
ဆင့်ပါးစပ် နှမ်းပက်လို့ကတော့ ဘာမှ ထူးမလာပါဘူး။
ဆင်သေကို စိတ်ရေနဲ့ မဖုံးကြပါနဲ့ . . .။ မလုံမလဲနဲ့ ရှက်စရာကြီး။
တော်ပါပြီ . . ဆင်စကားပုံတွေ ခေါင်းရှုပ်တယ်။ မစဉ်းစားတော့ဘူး။
:) စကားပုံတော့မဟုတ်... တိုက်ဆိုင်လို့။
ReplyDeleteဆင်ကြံကြံတယ် ဆိုတာလည်း ရှိတယ်နော်။ :)
Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့