သင်္ကြန်ရက်ဘယ်မှ မသွားပါ။လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်း သူများတွေ ပျော်တာထိုင်ကြည့်ရတာလဲ ပျော်စရာ ကောင်းပါတယ်။ ဒီလိုနဲ့တစ်နေ့ကုန် ညရောက်တော့ ခပ်ပျင်ပျင်းရှိတာနဲ့ မြို့တော်ခန်းမ မဏ္ဍပ်ရှေ့ ရောက်သွားတယ်။ မြ၀တီ ပထမစုရ အငြိမ့်ဆိုလား ကပြအသုံးတော်ခံ ပါတယ်တဲ့။ လူတွေစည်စည်ကားကားပါပဲ။ လူရွှင်တော်လေးယောက် ပြက်လုံးတွေ ပျက်နေကြတာတွေ့လို့ ခနရပ်ကြည့်လိုက်ပါတယ်။
ဆိုးဝါးလိုက်တာ။ ဒီလိုပျက်လုံးတွေကို စင်ပေါ်ကနေ အော်ကြီးဟစ်ကျယ် ပြက်ခွင့်ပေးတာ အံ့သြမိရဲ့။ စင်ပေါ်ကနေ ခပ်ကြမ်းကြမ်းဆဲဆိုတဲ့ ဆဲလုံးတွေကို ခပ်တည်တည် ပြောနေကြရဲ့။ ဒါကိုခွင့်ပြုပေးတဲ့ တာဝန် ရှိသူတွေကိုလည်း အံ့သြမိတယ်။ ရိုးရိုးသီချင်းဆို ကပြနေရင်တောင် ဒီလိုအမြင်မတော် ဖြစ်မယ်မထင်၊ မြန့်မာ့ ရိုးရာ အတာသင်္ကြန်မှာ မဏ္ဍပ်တွေကိုတောင် မြန်မာနာမည်ပဲ ပေးရမယ်။ အရက်၊ဆေးလိပ် ကြော်ငြာတွေ ခွင့်မပြုဘူး၊ ရိုးရာယဉ်ကျေးမှုကို ထိခိုက်စေတဲ့ အပြုအမူတွေ လုပ်ခွင့်မပြုဘူးဆိုပြီး ဂျာနယ်တွေမှာ ဖတ်ခဲ့ရတာ တွေက ရေးတာတွေတစ်မျိုး ဖြစ်နေပါလားလို့ တွေးလိုက်မိပါတယ်။
ရိုးရာသင်္ကြန်ဆိုတာ ဒီလိုလုပ်ခွင့်ရတဲ့ အချိန်ပါလားလို့တောင် မှတ်သားရမလို။

ဘယ်လိုဆဲလုံးမျိုးတွေလဲ .... ပြောပြပါအုံး
ReplyDeleteအဲ.
ReplyDeleteမှတ်စု အသစ်ပေါ့။
ဟိ။
Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့