ကမ်းသာယာ

Post ADS 1
ရာသီဥတုပူပါသည်။ သစ်ပင်တွေ နည်းသွားလို့, လို့ ပြောတဲ့သူက ပြောကြသည်။ ကမ္ဘာကြီးပူနွေးလာလို့ ဆိုတဲ့သူက ဆိုကြသည်။ ဘာပဲဖြစ်ဖြစ် ရာသီဥတု ပူပါသည်။ ဒီလိုအချိန်မှာ ကမ်းခြေမှာ အပန်းဖြေရလျှင် တော်တော် ကောင်းမည်။ မြန်မာနိုင်ငံတွင် အပန်းဖြေစရာ ကမ်းခြေများစွာ ရှိပါသည်။ ငပလီ၊ မောင်းမကန်၊ စက်ဆဲ၊ ချောင်းသာ စသဖြင့်၊ စသဖြင့်ပေါ့။ အမှန်ဆိုရလျှင် ဘယ်နေရာကိုမှ ကျွန်တော် မရောက်ဘူးပါ။ အကြောင်း မတိုက်ဆိုင် တာလည်း ပါသည်။ တိုက်ဆိုင်ပြန်တော့ စရိတ်က မတိုက်ဆိုင်ပါ။ နောင်များ တိုက်ဆိုင် လျှင်တော့ သွားရောက် ဖြစ်မည်ထင်ပါသည်။

နေရပ်ကို ပြန်မရောက်တာ တော်တော်ကြာပြီ။ ဘယ်လောက်ဝေးလို့လဲ။ ပြောရလျှင်မဝေးပါ။ ၄၊၅နာရီ ကားစီးလိုက်ရုံနှင့် ပြန်ရောက်ပါသည်။ သို့သော် ပြန်ချင်စိတ်မရှိပါ။ ထို့ကြောင့် မပြန်ဖြစ်ပါ။ တချို့က ပြောကြသည်။ တော်တော် နေနိုင်တယ်တဲ့။ ဟုတ်ပါသည်။ တော်တော် နေနိုင်ပါသည်။ လုပ်ချင်စိတ်မရှိလျှင် ဘယ်တော့မှ မလုပ်ပါ။

သူငယ်ချင်းတစ်ယောက် ရောက်လာသည်။ ကမ်းခြေထွက်ပြီး၊ အပန်ဖြေချင်တယ်တဲ့။ အလွမ်းတွေ ဝေနေလို့လား တော့မသိ၊ ဒါပေမယ့် အလုပ်တစ်ဖက်နဲ့မို့ အချိန်မရပါတဲ့။ ဒါကြောင့် နီးစပ်ရာ ကမ်းခြေမှာ အပန်းဖြေခဲ့သည်တဲ့။ ဓာတ်ပုံတွေ ပြသည်။ ဟာ... တယ်ဟုတ်ပါလား။ ဘယ်နေရာလဲ။ ပင်လယ်ကမ်းခြေ မဟုတ်ပါ။ ဧရာဝတီ မြစ်ကမ်းဘေး တစ်နေရာမှာပါတဲ့။ ကမ်းသာယာ အပန်းဖြေစခန်းလို့ ခေါ်ကြပါတယ်တဲ့။

ရွှေတောင်အထွက် ပြည်မရောက်ခင် မိချောင်းရဲ ကျေးရွာအနားက ကမ်းသာယာ အပန်ဖြေစခန်းပါတဲ့။ ရေကျနေတဲ့ ဧရာဝတီက ဒေသခံများအတွက် အပန်းဖြေ အနားယူဖို့ ထပ်မံဖန်တီး ပေးလိုက်ပြန်ပြီ။ သြော် . . . သဘာဝရဲ့ လက်ဆောင်များက လူသားတို့အတွက် အချိန်တိုင်းမှာ လိုအပ်သမျှ ဖြည့်စွက်ပေးမြဲ။

ချစ်သော ဧရာဝတီ သက်ရှည်ကျန်းမာပါစေ။
Post ADS 1

1 Comments

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

  1. ရာဇဝင်များရဲ့ သတို့ သမီး သက်ရှည်ကျန်းမာပါစေ။

    ReplyDelete

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

Previous Post Next Post