Forward Mail တွေကို auto delete လုပ်ပစ်လိုက်တယ်

Forward Mail တွေ တော်တော် ရှုပ်တယ်ဗျာ။ ဘယ်သူကမှ subscribe မလုပ်ပဲ တစ်နေ့တစ်နေ့ ရောက်နေတာ ရာနဲ့ချီတယ်။ စိတ်ပျက်ဖို့ တော်တော်ကောင်းတယ်။ ဘယ်သူတွေက ဒီလောက် အားအား ယားယား ပို့နေလဲမသိဘူး။ တစ်နေ့တစ်နေ့ ဖျက်ရတာ virus ထက်တောင် လက်ဝင်သလိုပဲ။ ဒီတော့ နှိမ်နင်းမှ ရတော့မယ်။ ဘယ်လိုနှိမ်နင်း ရမလဲ .. Gmail Setting ထဲမှာ ပါပြီးသားပါ။ အရင်ကတော့ ဒီလိုပဲထားလိုက်တယ်။ အခုကတော့ ning site တွေ များလာတဲ့နောက် forward mail တွေ တော်တော် ပေါလာတယ်။ ဖတ်ချင်မှတော့ ရှာဖတ်မှာပေါ့။

ထားပါတော့ . . .။ ဘယ်လို auto delete လုပ်ရမလဲ ဆိုတာပဲ ပြောတော့မယ်။ တော်တော်များများ သိကြမှာပါ။ မသိသေးလို့ ကျွန်တော့်လို စိတ်ညစ်ရတဲ့ လူတွေအတွက် ရည်ရွယ်ပါတယ်။

Gmail ရဲ့ ညာဘက် အပေါ်ထောင့်မှာ အခုလိုတွေရပါမယ်။

Setting ဆိုတာကို နှိပ်လိုက်ပါ။ ဒီလိုထပ်ကျလာပါလိမ့်မယ်။

Filter ကို နှိပ်လိုက်ပါ။ မလိုချင်တာတွေ ဒါမှမဟုတ် အရေးကြီးတာတွေ ဒါမှမဟုတ် ဂရုစိုက်ဖို့ မလိုတာတွေ စသဖြင့် စစ်ထုတ်မယ်ပေါ့ဗျာ။ ဒီလိုထပ်တွေ့ရမယ်။

အခုတွေ့ရတာတွေက ကျွန်တော့်ဆီကို နေ့တိုင်း forward လုပ်နေတာတွေပါ။ filter မလုပ်ထားသေးရင်တော့ ဘာမှတွေ့ရမှာ မဟုတ်ပါဘူး။ filter လုပ်မယ်ဆိုရင်တော့ Create a new filter ကို နှိပ်လိုက်ပါ။ ဒီလိုထပ်တွေ့ရ ပါမယ်။


ဒါကဘယ်သူပို့တဲ့ mail တွေကို filter လုပ်မှာလဲ။ ဘယ်လိုအကြောင်း အရာနဲ့ ပါတ်သက်တာတွေလဲ။ တစ်ဦးချင်း စီ၊ တစ်ယောက်ချင်းစီကို စစ်ထုတ်နိုင်ပါတယ်။


ဒါကတော့ ဘယ်လိုစကားလုံးတွေပါရင် စစ်ပါပေါ့။ ကျွန်တော်ကတော့ ဒါကိုသုံးလိုက်ပါတယ်။ ကျွန်တော်ဆီကို အများဆုံး forward လုပ်နေတဲ့ အထက်က ပြထားတဲ့ နာမည်တွေ ရိုက်ထည့်လိုက်တယ်။

ပြီးတော့ Next Step ပေါ့။ စစ်ထုတ်ထားတဲ့ mail တွေကို ဘာလုပ်မှာလဲ အခုလို လုပ်ဆောင်ပေးမယ့် စနစ်တွေ ပြောလာပါတယ်။

ကျွန်တော်ကတော့ ဘာမှမလုပ်ဘူး၊ လို ကိုမလိုချင်တာ။ ဒါ့ကြောင့် Delete it ကို ရွေးလိုက်တယ်။ ပြီးတော့ Create Filter ပေါ့။ ဒါဆိုရင် အခုကျွန်တော်ဆီ အမြဲလာနေတဲ့ forward တွေကို gmail setting က အလို အလျောက် ရှင်းလင်းထားလိုက်ပါပြီ။ ကျွန်တော်ခေါင်းလဲမရှုပ် အလုပ်လဲမရှုပ်၊ forward ချင်သလောက် forward ပေတော့။

1 Comments

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

  1. တို့gmail. ဆီမှာတော့မရှိဘူး
    ဒါပေမဲ့ yahoo မေးမှာတော့ရာချီနေတယ်။ ဖျက်မနိုင်ဘူး ဖော်ဝပ်တော့မဟုတ်ဘူး တစ်နေ့တစ်မျိုးမရိုးအောင်ပို့နေကြတာ တစ်ခါတစ်ခါ ဝင်ကြည့်ရင်ဖျက်ရတာ ရာကျော်တယ်။
    တစ်ယောက်နဲ့ မှ လည်းမသိဘူး block လုပ်လဲမထူးဘူး နာမည်အသစ်တွေ ရောက်လာတယ်။

    ReplyDelete

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

Previous Post Next Post
Post ADS 1
Post ADS 1