ဒီနေ့

ဒီနေ့ ကြုံကြိုက်တာနဲ့ ကွန်ပြူတာ မဂ္ဂဇင်းတစ်အုပ်ကို ၀ယ်ဖတ်ဖြစ်တယ်။ 1500 ကျပ် ပေးရတယ်။ ဇော်ဂျီနဲ့ unicode 5.1 တို့ရဲ့ ငြင်းခုန်မှုတွေကိုပဲ သမိုင်းကြောင်း ပြန်လှန်ရေးထားတာ တစ်အုပ်လုံးနီးပါးပဲ။ တစ်ခြားဆောင်းပါးတွေ နဲလှတယ်။ online ပေါ်မှာ ငြင်းကြ၊ ခုန်ကြတာ အားမရးလို့ ထင်ပါရဲ့။ မတန်ဘူး၊ နောက်ဝယ်မဖတ်တော့ဘူး၊ အင်တာနက် အကြောင်းရေးတဲ့ ဂျာနယ်တစ်စောင်လည်း အဲလိုပါပဲ မဖတ်ဖြစ်တာကြာပြီ။ ဖုန်းနဲ့ ကွန်ပြူတာ ကြော်ငြာတွေပဲ များတယ်။ လမ်းဘေး billboard ကြော်ငြာတွေ အလကား ကြည့်လို့ရနေတာ 500ပေးပြီး ကြော်ငြာ ဖတ်ရတာ မတန်ဘူးဗျာ။

မနေ့က ဂျာနယ်တစ်စောင်မှာ ရေးထားတယ်။ ရန်ကုန်မှာ လျှပ်စစ်မီးတွေ တစ်နေ့ (18)နာရီ ပေးနေပြီတဲ့။ ကျွန်တော် ခေတ်နောက်ကျ သလို ခံစားလိုက်ရတယ်။ လုံးဝမသိခဲ့ရိုးအမှန်ပါ။

လာမယ့်စာသင်နှစ်မှာ ဘယ်လိုတွေသင်ရမလဲ ဆရာတစ်ယောက်နဲ့ ဆွေးနွေးဖြစ်တယ်။ အတတ်နိုင်ဆုံး လွယ်အောင်သင်ပါတဲ့။ ကျူရှင်တက်ပြီး ပိုပြီးနာလည်လာတယ်လို့ ကျောင်းသားတွေ ခံစားလာရရင် ခင်ဗျားသင်တာ အောင်မြင်တယ်လို့ သတ်မှတ်တယ်။ တခြားစံနှုန်းတွေ လာမပြောနဲ့တဲ့။ ဟုတ်လိုက်လေ.... သဘောတရားတွေ ဘေးချိတ်။ လွယ်နေဖို့ပဲလိုတယ်။

တစ်ခါတလေပေါ့ ဘာကိုမှ သိမထားချင်တော့ဘူး။ သိသိကြီးနဲ့ မဟုတ်တာတွေ ကြားသိ၊ မြင်တွေ့နေရတာ ပြောတဲ့သူကို အားနာတယ်။

1 Comments

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

  1. ဟိဟိ
    သူရိန် ဒီနေ့ မှာ မနေပဲ နောက်နေ့ ရောက်နေတာကိုးးး

    nn

    ReplyDelete

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

Previous Post Next Post
Post ADS 1
Post ADS 1