
တနေ့က ရန်ကုန်တက္ကသိုလ် နယ်မြေထဲကို ရောက်သွားတယ်။ အရင်က တံခါးမရှိ၊ ဓါးမရှိ ၀င်ထွက်သွားလာ ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် နယ်မြေဟာ အခုတော့ စစ်ဆေးမေးမြန်းမှုတွေနဲ့ ဟိုဟာထားခဲ့ပါ။ ဒီဟာပါမှ ၀င်လို့ရမယ် ဆိုတာတွေကြောင့် မရောက်ခဲ့တာ တော်တော်ကြာပေါ့။ အဲဒီနေ့က တနင်္ဂနွေနေ့မို့ ထင်ပါရဲ့။ ဂျပ်ဆင်ပေါက် ဖွင့်ထားပါတယ်။ ဒါနဲ့ပဲ မရောက်တာကြာတဲ့ တက္ကသိုလ် နယ်မြေထဲကို ရောက်ခဲ့ပါတယ်။ ရောက်တုန်း ရောက်ခိုက် တွေ့တာ မြင်တာလေးတွေ မှတ်တမ်းတင်ခဲ့မိပါတယ်။

ဂျပ်ဆင်အိုလေး ဘယ်မမေ့ဘူး . . . ။ ဂျပ်ဆင်ထိပ်က လရိပ်ပြာရယ် . . . ။ ကျွန်တော်လည်း အော်ခဲ့ဘူးတယ်။ အခုတော့ ဂျပ်ဆင်အိုက ဆေးတွေပြန်သုတ်ထားလို့ သစ်လွင်ခမ်းနားနေရဲ့။

ရွှေဘိုဆောင်ကနေ RC၊ စာသင်ဆောင်တွေအထိ ဆက်သွယ်ထားတဲ့ ဒီလမ်းကလေးအတိုင်း RC ဘက်ကို ဆက်သွားခဲ့တယ်။
ချစ်သူလမ်းကြားထဲမှာ တွေ့နိုး၊ ချစ်သူလမ်းကြားထဲမှာ တွေ့လိမ့်နိုး . . . တစ်ချိန်ချိန်တော့ ကြင်နာသူ ကောက်ရလိမ့်မယ်.... ယုံကြည်လျှက်ကွယ်.။ စိုင်းထီးဆိုင်ရဲ့ သီချင်းလေးကို ညည်းလိုက်မိသေး။ အကြိမ်ပေါင်းများစွာ ဖြတ်ခဲ့ဘူးပေမယ့် ဘာမှ ကောက်မရခဲ့ပါဘူး။ :)

တစ်ချိန်တုန်းကတော့ ဒီနေရာမှာ ဘာတွေ အသစ်အဆန်း တွေ့ရမလဲ ရောက်တိုင်း အပြေးအလွှား ကြည့်ခဲ့ ဘူးတယ်။ အခုတော့ အရင်တုန်းက အဟောင်းတွေပဲ မြင်ခဲ့ရတယ်။


နာဂစ်အလွန် ပြိုလဲခဲ့ရတဲ့ သစ်ပင်တွေကတော့ တက္ကသိုလ် နယ်မြေမှာ ဒီလိုပြန်ပြီး နေရာယူထားပါတယ်။ ဘယ်သူတွေ အသင်းဝင်သလဲတော့မသိ . . .။ အရင်ကြားဘူးနေကြ စန္ဒယားသံ၊ ပတ္တလားသံလေးလဲ ပျောက်ဆုံး နေလို့ပေါ့။

RC ထဲက လက်ဖက်ရည်ဆိုင်လေးလဲ အရင်လိုပါပဲ။ အဲဒီနေ့မှာတော့ လက်ဖက်ရည် သောက်တဲ့သူက ကျွန်တော်တို့ပဲလား တော့မသိ။

RC ထဲကထွက် အဓိပတိလမ်းမပေါ် ထွက်အလာ RC မုဒ်ဦးကတော့ ခမ်းနားနေဆဲ။ လွန်လေပြီးသော ကာလများက ဆူညံလုပ်ရှား သက်ဝင်နေခဲ့တဲ့ ဒီနေရာတွေဟာ အခုတော့ တိတ်ဆိတ်ငြိမ်သက်စွာ ငေးငိုင်နေကြလေရဲ့။

အဓိပတိ လမ်းမတစ်လျှောက် ဆက်လျှောက်လာရင်း ဘွဲ့နှင်းသဘင် ခန်းမကြီးကို လှမ်းမျှော်ငေးကြည့်လိုက် မိတယ်။ သြော်.... ကာလတွေသာ ကြာမြင့် ကျော်လွန်သွားတယ်။ တက္ကသိုလ်နယ်မြေကတော့ အရင်လိုပါပဲ။

နာဂစ်ဒဏ်ကို ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့တဲ့ သစ်ပုပ်ပင်အိုရဲ့ ခွန်းအားကတော့ လေးစားအားကျလောက်ပါရဲ့။

ဒီနေရာကနေ ခွဲခွာသွားခဲ့သူတွေ ဘယ်လောက်များခဲ့ပြီလဲ။ နှစ်ပေါင်း (၉၀) တောင်ရှိခဲ့ပြီပဲလေ။ ဘွဲ့နှင်းသဘင် ခန်းမဆိုတာ တက္ကသိုလ် နယ်မြေရဲ့ အဓိပတိပဲ မဟုတ်လား။

ဟိုတုန်းကတော့ ကျောက်စာ၊ မှင်စာ၊ ပေပုရပိုဒ်စာ တွေနဲ့ အမှတ်တရ မှတ်တမ်းတင်ခဲ့ရတယ်။ အခုတော့ အမှတ်တရတွေရဲ့ အမှတ်တရ ရင်ခုန်သံတွေကို ဒီလို မြင်တွေ့ခဲ့ရတယ်။ နေပူထဲလျှောက်လာ မောလို့ ဒီနေရာမှာပဲ ခဏထိုင်ဖြစ်ခဲ့တယ်။ ပြီးတော့ ၀င်ပေါက်ထွက်ပေါက် ဘာမှမရှိတော့လို့ လာရာလမ်းအတိုင်း ပြန်လှည်ခဲ့ ပါတယ်။

ရေတမာပင် ဒီအရိပ်အောက်မှာ သာယာသံစဉ် တေးသီချင်းများကို ရည်ရွယ်သူ အလှဆုံး မိန်းကလေးအတွက် ကိုယ်သီဆို ကြူးရင့် နေမယ်ဆိုတဲ့ အောင်နိုင်ရဲ့ မောင့်သီရိမေပေါ့။

ရွှေဘိုသားတို့ ပျော်စံရာ ရွှေဘိုဆောင်ရှေ့ ပြန်ရောက်လာခဲ့တယ်။ ကျောင်းတက်တုန်းကတော့ ဒီနေရာမှာ နေခဲ့ရတာ မဟုတ်ပါဘူး။ ဒါပေမယ့် အမြဲလိုလို ရောက်ခဲ့လေတော့ ကိုယ်အိမ်ယာလိုပါပဲ။ အခုတော့ တိတ်ဆိတ် ငြိမ်သက် သွေ့ခြောက်လျှက်။

အဆောင်ရှေ့က သစ်တိုပင်ကြီးမြင်တော့ သစ်တိုသီး သီးပြီဆို အစောင့်တွေ လစ်တိုင်း ပစ်ချခဲ့ဘူးတဲ့ အချိန်တွေ ပြန်ပြီးအမှတ်ရမိရဲ့။ အခုတော့ သစ်တိုသီးတွေ မရှိဘူး။

တစ်ချိန်တုန်းက ဒဂုံမောင်တို့ ပျော်စံရာ (ဒဂုံဆောင်) ပေါ့။ စည်းရိုးတွေကတော့ နာဂစ်မှာ ပြိုလဲခဲ့ရတယ် ထင်ပါရဲ့။

ဆက်လျှောက်လာခဲ့တယ်။ တက္ကသိုလ်နယ်မြေရဲ့ အမှတ်တရတွေမှာ အမြဲတမ်း ထိပ်ဆုံးကပါဝင်ခဲ့တဲ့ ဦးချစ်ပေါ့။ ဘာရယ်မဟုတ် အားတိုင်း ဒီနေရာမှာ ငွေတောင်တစ်လိပ်ကို ဟန်ပါပါခဲရင်း လေကန်ခဲ့ကြတဲ့ အချိန်တွေ သတိရ မိခဲ့။

E-မမ တို့ရဲ့ တောင်ငူဆောင်ကြီးလဲ အခုတော့ အေးချမ်း တိတ်ဆိတ်လျှက်။ ဆက်သွားစရာလဲ လမ်းမရှိ။ ထိုင်စရာလဲ ဆိုင်မရှိ။ ဗိုက်လဲ ဆာလာတော့ ဈေးကြီးပေမယ့် စားဖွယ်ရာ စုံစုံလင်လင်ရတဲ့ အင်းလျား ကန်စောင်းဘက်ကိုပဲ ထွက်လာ ခဲ့တယ်။

ပုံပြင်ထဲက ဇတ်လိုက်ကြီး ဖိုးချိုရဲ့ တစ်ချိန်က မာလာဆောင်ပေါ့။ အခုတော့ diploma သင်တန်းတွေရဲ့ စာသင်ဆောင် ဖြစ်နေတယ်။ ဂစ်တာ ပိုင်ရှင်လေးနဲ့ ဝေးခဲ့ရတဲ့ မမ မာလာတို့အတွက် အမှတ်တရပေါ့။

ဒီတွန်းလှည်းလေးမြင်တော့ ကောင်မလေး ချောချောတွေ့တိုင်း ဟေ့ကောင် သရက်သီးစားမလား၊ နာနတ်သီး စားမလား၊ ဂွေးသီး စားမလား စသဖြင့် စသဖြင့် စေတနာကောင်းတတ်တဲ့ ဘော်ဒါကြီးကို သတိရမိတယ်။

နေ့လည်နေပူပူမှာတောင် ထိုင်စရာနေရမရှိပါလား။ A-21 တွေတောင် Procare ဖြစ်သွားပြီ။

အင်းလျားကန်ရေပြင်လဲ ငြိမ်ငြိမ်သက်သက်။ ကန်ဘောင်ရောက်ရင် ဗူးသီးကြော်စားရတာ အရသာထူးလှ တယ်လို့ စိတ်ထဲစွဲနေလို့ ဗူးသီးကြော် မှာစားလိုက်တယ်။

အကြော်တွေစုံစုံလင်လင်ပဲ ။ ဘယ်တုန်းက ကြော်ထားလဲတော့ မသိ။ အို... ဘယ်တုန်းကကြော်ကြော် ဆာနေပြီ။ စားမှာပဲ၊ ဖြစ်ချင်တာ ဖြစ်စေတော့။

ကဲ . . . စားသွားကြပါဦးလား ..။
ပျော်စရာတွေ အောင်.မေ့ တာထက် လွမ်း ဆွေး ဝမ်းနည်: ခံပြင်း မှူတွေ နှမြောတသမှူတွေ ရင်ထဲအပြည်.ပဲဗျာ
ReplyDeleteဘာဖြစ်ဖြစ် လွယ်လွယ်နဲ့တွေ.ခွင့်မရတော့တဲ့ ပုံတွေ မြင်ခွင့်ပေးတဲ့အတွက်ကျေးဇူးပါ
ပုံတွေအများကြီးပြန်ကြည့်ရတာ ကျေးဇူး..
ReplyDeleteကျောင်းအလွမ်းပြေပုံလေးတွေကြည့်ရတာကျေးဇူးတင်ပါတယ်.....တချိန်ုံတုန်းကလျောက်ခဲ့တဲ့လမ်းလေးတွေအမှတ်တယပေါ့
ReplyDeleteကိုသူရိန်က RIT က မဟုတ်ဘူးလား
ReplyDeleteဟုတ်ပါတယ်။ ဒါပေမယ့် ဒီနေရာတွေမှာ လည်း အချိန်အကြာကြီး ကျင်လည်ခဲ့ဘူးရဲ့။ :)
ReplyDeleteလွမ်းလိုက်တာဗျာ-သေတော့မယ်
ReplyDeleteI miss this place very much. Although I am from YTU, spent most of the time here. thanks for sharing with beautiful photos.
ReplyDeletethanks for your photos
ReplyDeletearrrr ...harrrrrrr လွမ်းတယ်ဗျာ..အီးဟီး...ကျွန်တော်က ကျောင်းစ တက်ကတည်းက ကြက်ခြေနီ..လှေလှော် တောင်တက် အဖွဲ့ တွေထဲဝင်ခဲ့ တာဆိုတော့ ဒိနေရာဒိဒေသကြီးက ကျွန်တော့အိမ် . ကျွန်တော့ ခြံ့ ..ကျွန်တော့ရပ်ကွက်ကြီးဗျာ...မှတ်မိနေသေးတယ်...အင်းဝဆောင်က အဘ အို ဆနွှုင်းမကငိးတွေ ခိုးစားခဲ့တာ....(လှေလှော်ပြန်တုန်းကပေါ့ ၀ယ်စားစရာပိုက်ဆံမရှိလို့ လေ..ဟိ )
ReplyDeleteဟိုတလေက ပြန်ေ၇ာက်လို့ သူ့ ဆီသွားခဲ့ သေးတယ် ကျန်းကျန်းမာမာဘဲ.. အ၀တ်တစုံတော့လက်ဆောင်ပြန်ပေဲးခဲ့ သေးတယ်... အကြွေးလဲ ကျေ အတိုးပါ ပေါ့ ..ဟီး ....
ဘာပဲဖြစ်ဖြစ်အလွမ်းပြေသွားပါတယ်။ post တစ်ခုလုံးသယ်သွားပြီနော်။ စိတ်မဆိုးပါနဲ့ပြန် share မလို့ပါ။
ReplyDeletePost a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့