ICT awards တွေပေးသွားပြီ။ Mobile Application of the Year ဆုကို ကိုရဲမြတ်သူမှ ရရှိခဲ့ပါတယ်တဲ့။ လေးစားဂုဏ်ယူမိပါသည်။ မြန်မာဆိုက်များ ဖြစ်လာရန် zawgyi-One font ကို စတင်ခဲ့သူအဖြစ် စတင်သိရှိခဲ့ပါသည်။ ယခုအခါလည်း ဘာသာ၊သာသနာ အဓွန့်ရှည်စေရန် ခေတ်မှီနည်းပညာများဖြင့် ဆန်းသစ်စေခဲ့ပြီ။ အားကျမိပါသည်။
ဆက်လက်၍ စဉ်းစားမိသည်မှာ ရရှိနေသော လျှပ်စစ်စွမ်းအင်ကို လုံးဝဂရုမစိုက်ပဲ electronic ပစ္စည်းများကို တင်သွင်းရောင်းချနေသာ လုပ်ငန်းများကို IT Business of the Year အဖြစ်ဆုပေးလျှင် ကောင်းလေမလား။
မီးတွေဘယ်လောက်ပျက်ပျက်၊ ကော်နက်ရှင်တွေ ဘယ်လောက်ကျကျ၊ လုံးဝအမှုမထားပဲ၊ မီးပျက်မီးလာ 200 ဆိုပြီး အပြိုင်အဆိုင် ကြော်ငြာ၍ သုံးစွဲသူကို ဆွဲဆောင်နေရသော PAC ဆိုင်များကို ICT Service of the Year ဟုပေးသင့်သလား။
ning site တွေထောင်ပြီး သူများ post များကို ဗြောင်ကူယူးကာ၊ မိမိကပဲ တတ်သိနားလည်ဟန်ဖြင့် မျှဝေနေကြသော၊ ထိုမျှသာမက forward လုပ်နေကြသော blogger များကို Copy Cat Blogger of the Year ဆိုတဲ့ ဆုပေးရမလား။
မလာတစ်ချက်၊ လာတစ်ချက် လျှပ်စစ်မီးနှင့် မတက်တစ်ချက်၊ တက်တစ်ချက် ကော်နက်ရှင်အောက်မှာ စိတ်ရှည်သီးခံစွာဖြင့် blogging လုပ်နေသော ကျွန်တော့်ကိုယ် ကျွန်တော် Miserable Blogger of the Year ဆုပေးရလျှင် သင့်တော်မလား တွေးမိတွေးရာ တွေးလိုက်မိပါသည်။

Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့