ပထမဦးဖလားကို အောင်မြင်စွာ သိမ်းပိုက်လိုက်တဲ့ မန်ယူ။


ပထမဦးဆုံး ရနိုင်တဲ့ ဖလာမို့ ဒီနေ့ မန်ယူနဲ့ အက်စတွန်ဗီလာ ကားလင်း final ပွဲကို အားပေးခဲ့တယ်။ ဗီလာဟာ အဲဗာတန်က အနိုင်ယူခဲ့သလိုမျိုး အနိုင်ယူဖို့ ပြင်ဆင်လာပုံရတယ်။ ပွဲစလျှင်စခြင်းပဲ မြန်မြန်ဆန်ဆန်နဲ့ ထိုးဖေါက် ကစားလို့ မန်ယူ ကစားကွက်တည်မရခဲ့တာကို ဗီလာ အခွင့်အရေးယူနိုင်ခဲ့တယ်။ ပထမိုင်း ၄မိနစ်မှာ မန်ယူ နောက်တန်းကို ကျော်ထွက်သွားတဲ့ အဘွန်လဟောကို ပယ်နယ်တီ ဧရိယာထဲမှာ တားခဲ့တဲ့ ဗီဒစ်ရဲ့ အမှားကနေ ဗီလာတို့ ပယ်နယ်တီရပြီး ဦးဆောင်ဂိုး သွင်းယူသွားခဲ့တယ်။


ဂိုးပေးလိုက်ရတဲ့ မန်ယူ ကစားအားတင်ပြီး ပြန်လည် ထိုးဖေါက်ရာမှာ ပထမပိုင်း ၁၁မိနစ်မှာ ဘာဘာတော့ဗ် ဆီကထွက်လာတဲ့ ဘောလုံးကို အိုဝင်က ဧရိယာအစပ် ကနေ ချေပဂိုး ပြန်သွင်းယူသွားခဲ့ပါတယ်။


ဂိုပြန်ပေးလိုက်ရပြီးမှာ ဗီလာဟာ ခံစစ်အသွင် ပြောင်းသွားခဲ့တယ်။ ဂိုးမပေးရရေးကို ဦးတည်ပြီး မန်ယူ ကစားကွက်ကို ဖြတ်တောက်သွားတယ်။ အိုဝင်ခြေကျသွားလို့ အနိုင်ဂိုးယူနိုင်ဖို့ ရွန်းနီကို ပထမပိုင်း လူစားလဲ ခဲ့တယ်။ ဒါပေမဲ့ပထမပိုင်း ၁-၁ နဲ့ပဲပြီးသွားခဲ့တယ်။ ဒုတိယပိုင်း ပြန်စတော့ မန်ယူတို့ အချိတ်အဆက်တွေ လွဲမှားစွာနဲ့ ကစားပြီး ပွဲကအေးနေတယ်။ နှစ်သင်းစလုံး အပြန်အလှန် ထိုးဖေါက်နိုင်ခဲ့ပါတယ်။

သရေနဲ့ပဲ အဆုံးသတ်ပြီး ပယ်နယ်တီထိရောက်အောင် ဆွဲခေါ်ဖို့ကြိုးစားနေတဲ့ ဗီလာရဲ့ မျှော်လင့်ချက်တွေကို ၇၃မိနစ်မှာ ဗလန်စီယာနဲ့ ရွန်းနေတို့က ဖျက်စီးပစ်လိုက်တယ်။ တောင်ပံကနေ ဗလန်စီယာ ဖြတ်တင်လိုက်တဲ့ ဘောလုံးကို ဂိုးသမားရဲ့ ညာဘက်ထောင့်ထဲ အရောက် ရွန်းနေခေါင်းတိုက် သွင်းလိုက်ပြီး အနိုင်ဂိုးပြန်ယူနိုင် ခဲ့ပါတယ်။


ွှအနိုင်ဂိုးပေးလိုက်ရလို့ ဗီလာတို့ တိုက်စစ်မြှင့်ပြီး ဂျွန်ကာရူးကို ထည့်သွင်း ကစားခဲ့ပေမယ့် တိုက်စစ်မှူးတွေ ထိရောက်တဲ့ တိုက်စစ်မဆင်နိုင်ခဲ့ကြဘူး။ ၇၇မိနစ်မှာပဲ ဗလန်စီယာ တင်ပေးလိုက်တဲ့ ဘောလုံးကို ရွန်းနီခေါင်းတိုက်ခဲ့ရာမှာ ဂိုးတိုင်ထိပြီး ပြန်ထွက်သွားတာကြောင့် မန်ယူတစ်ဂိုးနစ်နာခဲ့ရတယ်။ ၈၁မိနစ်မှာ စတူးဝပ်ဒေါင်းနင်း ဖြတ်တင်ပေးတဲ့ ဘေားလုံးကို ဟတ်စကီးခေါင်းတိုက်ရာမှာ မန်ယူဂိုးသမားကက်ဇက် ပုတ်ထုတ်နိုင်ခဲ့လို့ ဂိုးရလုအခြေအနေ ပျက်ပြားသွား ခဲ့ရပါတယ်။

အဲဒီနောက်မှာတို့ ဗီလာတို့ မန်ယူဂိုးပေါက်ကို ထပ်မံခြိမ်းခြောက်နိုင်ခြင်း မရှိတော့ပဲ ပွဲအပြီးမှာ ဗီလာ(၁) -(၂) မန်ယူနဲ့ ဒီနှစ် ကားလင်းဖလားကို လက်ရှိချန်ပီယံ ကျွန်တော်တို့ရဲ့ မန်ယူကပဲ ဆက်လက်သိမ်းပိုက်သွား ပြန်ပါတယ်။

ဒီပွဲမှာ man of the match ကျွန်တော့် ဆန္ဒအရ ပေးမယ်ဆိုရင်တော့ အနိုင်ဂိုးသွင်းပေးခဲ့တဲ့ ရွန်းနီပါပဲ။ အနိုင်ဂိုး သွင်းပြီးတဲ့ နောက်ပိုင်းမှာလဲ မန်ယူတစ်သင်းလုံးရဲ့ ကစားကွက်ကို သူကပဲ ဦးဆောင် ထိမ်းသိမ်းသွားနိုင်ခဲ့လို့ ဖြစ်ပါတယ်။

ဖလားသုံးလုံးမှာ ပထမဆုံးသေချာတဲ့ ဖလားကိုတော့ ကျွန်တော်တို့ မန်ယူပွဲသီးထွက် ရယူသွားခဲ့ပါပြီ။ ရင်ခုန်ထားပေတော့ အန်စလော့တီရေ.....။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1