USB drive မှာ write protection ဖြုတ်ရအောင်



memory stick ကို ကွန်ပြူတာမှာ ထိုးလိုက်တယ်။ virus protection က ချက်ချင်း alert ပေးပြီး autorun file ကို ဖျက်ပစ်လိုက်တယ်။ ဒါတင်ပဲလား မဟုတ်သေးဘူးဗျ။ ဒေါင်းထားတဲ့ file လေးတွေ ထည့်မယ်လုပ်တော့ write protected တဲ့။ remove လုပ်ပါတဲ့။ ပြသနာပဲ။ ဘယ်လိုလုပ်ရမှန်း မသိဘူး။ properties ကို ဖွင့်ကြည့်တယ်။ write protect ဆိုတာ တွေ့ရင် uncheck လုပ်မယ်ပေါ့။ ဘာမှမတွေဘူး။ ခက်ပြီ။ ဒေါင်းထားတာလေးတွေလဲ လိုချင်တယ်။

ဒါနဲ့ပဲ googling လုပ်လိုက်တယ်ပေါ့။ တွေ့တယ် အခုလိုတွေ့တယ်။

- Start > Run > type ‘regedit’ (without the speachmarks) > Enter
- Single-click on ‘My Computer’ > File > Export > save it to the Desktop (Always best to have a backup!!)
- Go to the following:
My Computer\HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control\StorageDevicePolicies

- Double click on the string ‘WriteProtect’ and change the ‘Value Data’ box to ‘0’ တဲ့။ ပြောတဲ့အတိုင်း လုပ်လိုက်တယ်။ အိုကေ ရသွားပြီ။ အဆင်ပြေသွားတယ်။

ကြုံလာရင် သုံးလို့ရအောင် ပြန်ပြောပြတာပါ။ ကျွန်တော့်လို မသိတဲ့သူတွေ အတွက်ပါ။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1