ကျွန်တော်တို့ အရင်က gmail တွေ access denied ဖြစ်တော့ light mail တွေသုံးတယ်။ အခုတော့ gmail က webmail ပုံစံသစ်တစ်ခုကို google buzz နဲ့ အတူ ထုတ်ပေးလိုက်ပါတယ်။ gtalk ကို browser ပေါ်မှာပဲ သုံးနိုင်လာတာ တော်တော်ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါတင်မကသေးပါဘူး။ yahoo messanger, jabber, ICQ, MSN messanger, AOL စတဲ့ IM တွေကိုလည်း တစ်နေရာထဲက သုံးနိုင်လာပါတယ်။
BUZZ ကတော့ ကျွန်တော်တို့ Facebook လို social site တစ်မျိုးပါပဲ။ message sharing, photo sharing အတွက် gmail ကို သုံးရင်း တစ်ပြိုက်နက် သုံးနိုင်တာပေါ့။ ဒါပေမယ့် သူရဲ့ default setting မှာ buddy list ထဲမှာ ရှိတဲ့သူအားလုံးကို တစ်ခါတည်း ချိတ်ဆက်လိုက်တာပါ။ ဒီတော့ ကိုယ်ရေးလိုက်တဲ့ message တစ်ခုကို အားလုံးက မြင်နိုင်တာပေါ့။
တစ်ချို့က ဒါကို သဘောမကျပါဘူး။ privacy ထိခိုက်တယ်လို့ မြင်ကြတယ်။ မှန်ပါတယ်။ ကိုယ်ပြောလိုက်တဲ့ အကြောင်းအရာ တစ်ခုလူတိုင်းကို မြင်စေချင်တဲ့ ဆန္ဒရှိချင်မှ ရှိမယ်လေ။ ဒါကိုလည်း ကျွန်တော်တို့ setting မှာ manually ပြင်လို့ရပါတယ်။ တစ်ချို့က အကောင့်တစ်ခုထဲမှာ ရည်းစားတွေ အများကြီးရှိတယ်ဗျာ။ တစ်ယောက်က လာပြီး comment ပေးရင် သေပြီဆရာပေါ့။ ကျန်တဲ့သူက follow လုပ်ပြီး ထိုင်ဖတ်နေရုံပဲ။ ဒါမကောင်းဘူးပေါ့။ ပြသနာတွေလဲ ဖြစ်လာနိုင်တယ်လေ။ :)
ဒါပေမယ့် http://webuzz.im/mail/ မျိုး mail proxy ကတော့ လျှင်လျှင်မြန်မြန်နဲ့ mail inbox ထဲကို အရောက်လှမ်းနိုင်တာ၊ browser တစ်ခုထဲမှာပဲ acount အမျိုးမျိုးကို တစ်ပြိုက်နက်အသုံးပြုနိုင်တာ access denined ဖြစ်နေချိန်မှာ လိုအပ်တဲ့ mail တွေကို စစ်နိုင်တာတွေကတော့ ကြိုက်စရာပါ။
ဒါပေမယ့် ဒီဆိုက်ကို သုံးမယ်ဆိုရင်တော့ java script ကို support လုပ်တဲ့ Firefox 3.0+ , Chrome, IE 6.0+, Opera 9.0+ or Safari 3.1+ တို့လို browser တွေကို သုံးမှ အဆင်ပြေပါမယ်။

Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့