ထပ်ပြောင်းလိုက် ပြန်ပါပြီ။

blog ကို website တစ်ခုလို ပုံစံလုပ်ကြည့်ချင်တာ ကြာပါပြီ။ ခက်တာက ဘာမှမတတ်တာပဲ။ joomla လေးစပ်စပ် ကြည့်လိုက်၊ wordpress လေးဟိုလုပ် ဒီလုပ် လုပ်ကြည့်လိုက် ဟိုဆိုက်အတွက် နဲနဲ စမ်းကြည့်လိုက်နဲ့ အခုရက်ပိုင်း အချိန်တွေ ကုန်နေတယ်။ ဘာမှကို မရေးဖြစ်တာ။ အခုတော့ web design နဲ့ blog တွေအကြောင်း လိုက်ဖတ်ရင်း ဒီဘလော့ကို သွားတွေတယ်။ blogger အတွက် template တွေ ပေးတဲ့ blog တစ်ခုပါ။

Template တွေ တော်တော် လန်းတယ်ဗျာ။ အဲဒီမှာ tempalate တစ်ခုက blog ကို မဂ္ဂဇင်းပုံစံ လုပ်ပြထားတော့ တော်တော် စိတ်ဝင်စား သွားတယ်။ ဟာ....ဒီလိုလုပ်လို့ရသလားပေါ့။ ဆက် ဖတ်ကြည့်တော့ လုပ်လို့ရအောင် ပြင်ပေးထား တာပါ။ သူပြင်ပေးထားတဲ့ template ကို သုံးရင် အဲလိုလုပ်လို့ရတယ်ပေါ့။ ဒါနဲ့ပဲ download ဆွဲပြီး ထည့်ကြည့်တယ်။ စမ်းရင်းစမ်းရင်း အဆင်ပြေ သွားတယ်။ မပြေတာကတော့ label သို့မဟုတ် tag သို့မဟုတ် cartegory ကတော့ သူ့ template အရ ၁၂ ပိုထားလို့ မရတော့ဘူး။

အဲ...ပြောတာလောသွားလို့။ မရတာတော့ မဟုတ်ဘူးဗျ။ hompage မှာ ဖေါ်ပြလို့ မရ တော့တာ။ သူက 12ခုစာပဲ ပေးတယ်ပေါ့။ ဒါလည်း နဲတော့မနည်းလှပါဘူး။ ကိုယ်ရေးတဲ့ Post တွေက unique ဖြစ်တယ်ဆိုရင် 12ခု ပြည့်အောင် တော်တော်ရေးရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့က personal blog ဆိုတော့ ရေးချင်တာ ရေးတာကိုး။ ဒီတော့ label တွေလဲ ရှိချင်သလို ရှိနေတော့ တာပေါ့။

နည်းပညာအကြောင်း၊ သတင်း စတဲ့ အကြောင်း တွေကိုပဲ ရေးသူများအတွက် တော်တော် အဆင်ပြေမယ့် ပုံစံလေးပါ။ ကျွန်တော်တော့ ပုံစံကြိုက်တာနဲ့ သုံးလိုက်တယ်။ ကျွန်တော့်လိုပဲ ကြိုက်ပါတယ်ဆိုရင်တော့ ဒီနေရာ မှာ သွားဖတ်ကြည့်ပါ။ အပြည့်အစုံ ရေးထား တာမို့ ကျွန်တော် ပြန်မရှင်းတော့ဘူး။

ပြောချင်တာကတော့ ကြိုက်လို့ သုံးမယ်ဆိုရင် Template ကို install မလုပ်ခင် sidebar widget တွေကို back up ထားပြီး၊ အကုန်ဖျက်ပစ်လိုက်ပါ။ သူမှာ Pre-install လုပ်ပေးထားတဲ့ widget တွေကို တစ်ခုမှ မဖျက်ပဲ ဘယ်နေရာမှာ ဘာထည့်ရတယ် ဆိုတာကို သေသေချာချာ ဖတ်ကြည့်လိုက်ရင် အားလုံးအဆင်ပြေ သွားပါလိမ့်မယ်။

စကားမစပ် ဒီနေရာမှာ အခုတလော ခြေကျနေလို့ blog ဘက်ကို မရောက်တာ ကြာပြီ။ ကြုံရင်လာခဲ့ပါဦးလို့ ဖိတ်ခေါ်ပါတယ်။

3 Comments

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

  1. ဒီတစ်ခါ အဆင်ပြေပါတယ် ကြည့်ရတာလဲရှင်းတယ်။ စာမျက်နာလဲတက်တာမြန်တယ်။ လိုက်လုပ်ဘို့တော့စိတ်မကူးသေးပါ။ အသစ်တစ်ခုကိုလေ့လာရတာ ပင်ပန်းတယ။် ရှိတာလေးနဲ့ဘဲလုပ်စားလိုက်ပါဦးမယ။်
    http://shwedaung.yolasite.com/ ကိုလဲသွားလေ့လာလိုက်ပါပြီ။

    ReplyDelete
  2. ဟေးဟေး...i deleted my blog
    ကောင်းလေစွ ကောင်းလေစွ

    ReplyDelete

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

Previous Post Next Post
Post ADS 1
Post ADS 1