Website တစ်ခုလုံး local မှာ သိမ်းဆည်းထား လိုလျှင်

ကျွန်တော်တို့ web-page တစ်ခုကြိုက်လို့ offline ဖတ်ချင်ရင် ဘာလုပ်မလဲ။ လွယ်ပါတယ် File>Save Page As (သို့မဟုတ်) Ctrl+S ပေါ့။ ဒါဆိုရင် ကျွန်တော်တို့ ကြည့်နေတဲ့ page ကို local folder နဲ့ Html page နှစ်ခု ခွဲပြီး hard drive ထဲမှာ သိမ်းပေးမှာပါ။ ဒါပေမယ့် ဒါကလည်း အပြည့်အစုံ သိမ်းပေးနိုင်တာတော့ မဟုတ်ဘူး။ ရှုပ်ထွေးတဲ့ ဖွဲ့စည်းပုံတစ်ချို့ကို offline မှာ မတွေ့ရပါဘူး။ ပြီးတော့ ကိုယ်သိမ်းချင်တဲ့ စာမျက်နှာ တစ်ခုချင်းစီကိုပဲ သိမ်းလို့ရမှာ ဖြစ်သလို၊ ပြန်ကြည့်တဲ့ အခါမှာလည်း တစ်ခုချင်းစီ ပြန်ဖွင့်ကြည့်ရမှာ ဖြစ်ပါတယ်။

တစ်ချို့ဆိုက်တွေဆိုရင် cartegory တစ်ခုချင်းစီ အောက်မှာ ဖတ်ချင်စရာတွေ အများကြီးရှိတယ်။ တစ်ခုချင်းစီ လိုက်သိမ်းနေရမယ်ဆိုရင် တော်တော် ပျင်းစရာ ကောင်းလှပါတယ်။ ပြန်ဖွင့်ကြည့်တဲ့ အခါမှာလည်း လိုချင်တာကို ပြန်ရှာရတာ ပင်ပန်းတယ်။ ဥပမာ wikipedia လို ဆိုက်ဆိုရင် ဖတ်ချင်စရာတွေ အများကြီးပါ။ ဒီတော့ site တစ်ခုလုံး သိမ်းပြီး လိုအပ်တဲ့အခါ ထုတ်ဖတ်နိုင်ရင် အဆင်ပြေတာပေါ့။ ကျွန်တော်တို့ ဆီမှာက internet connection ဆိုတာ အချိန်ပြည့် မရနိုင်ဘူးလေ။

ကျောင်းသားတွေ စာတမ်းရေးဖို့ အထောက်အကူပြု ဆိုက်တစ်ခုကို reference လုပ်တဲ့ အခါမျိုး ညအခါ အဆောင်မှာ အေးအေးဆေးဆေး ဖတ်ချင်တယ်။ internet connection မရှိတော့ မဖတ်ရဘူး။ ဆိုက်တစ်ခုလုံး print ထုတ်ဖတ်ဖို့ ဆိုတာကလည်း စရိတ်ကြီးလွန်းတယ်။ ပြီးတော့ လိုရာကို ရှာနေရတာ အဆင်မပြေဘူး။ ဒီအခါမှာ ကိုယ် reference လုပ်တဲ့ site တစ်ခုလုံးကို local မှာ သိမ်းထားပြီး လိုတဲ့အချိန် ကောက်ဖတ်နိုင်ရင် အဆင်ပြေလှပေါ့။

အဲဒီအခက်အခဲကို HTTrack က ကူညီပေးပါလိမ့်မယ်။ .exe file လေးကို download ဆွဲပြီး Install ပေါ့။

ပြီးတော့ ကိုယ်ဆွဲချင်တဲ့ ဆိုက်ကို link ပေးပြီး ဆွဲခိုင်းလိုက်ရုံပါပဲ။ ဆိုက်ထဲမှာ ရှိတဲ့ file တွေ၊ link တွေ အားလုံးကို အပြည့်အ၀ ဆွဲယူပြီး မူလအတိုင်း ပုံစံမပျက် ပြန်ပြီးထုတ်ပေးနိုင်ပေမယ့် external link တွေကိုတော့ ထုတ်မပေးနိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် မူလဆိုက်ကိုတော့ ပုံစံမပျက် အစအဆုံး ဆွဲယူပြီး မူလအတိုင်း offline သုံးနိုင်တာကိုက သူရဲ့အားသာချက် တစ်ခုလို့ဆိုရမှာပါ။

downloading time ကတော့ ဆိုက်ရဲ့ အရွယ်အစားပေါ်မှာ မူတည်ပါလိမ့်မယ်။ ကျွန်တော့်ရဲ့ blog ကို ပြန်စွဲ ကြည့်တော့ 290 MB ကို တစ်နာရီခွဲလောက် ကြာပါတယ်။ လိုအပ်ရင် စမ်းသပ်ကြည့်ပါ။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1