social site တွေ ပတ်ချိတ်မယ်။

အခုအခါ facebook, twitter, friend-feed, friendster, my-space, bebo အစရှိတဲ့ social network တွေ ကို တော်တော် သုံးလာကြပါပြီ။ အကြောင်းအရင်းကတော့ network ပေါ်မှာ ကိုယ်ဘာတွေ လုပ်နေတယ် ဆိုတာကို ကိုယ်နဲ့ ချိတ်ဆက်ထားတဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို ကြွားဖို့၊ အသိပေးဖို့၊ အတင်းပြောဖို့ အစရှိသဖြင့်ပေါ့လေ။ ပြောကြဆိုကြ၊ လေကန်ကြ၊ ဝေဖန်ကြဖို့ပဲပေါ့။

ဒါပေမယ့် ကိုယ်ပြောချင်တဲ့၊ ပေးချင်တဲ့ message ကို site တစ်ခုချင်းဆီမှာ လိုက်တင်နေရမယ် ဆိုရင်တော့ အဆင်မပြေလှဘူးလေ။ facebook မှာ ရေးချင်တာတွေ ရှိတုန်း friendster ပေါ်မှာလည်း တင်ချင်ပြန် gtalk message တွေကိုလည်း ခဏခဏ ပြောင်းလည်း ချင်သူတွေ၊ ပြီးတော့ gtalk ပေါ်မှာ ချိန်းထားတဲ့ ကိုယ်ရှာနေတဲ့ သူက gtalk ပေါ် တက်မလာ သေးပဲ facebook ပေါ်မှာသော် လည်းကောင်း၊ friendster ပေါ်မှာသော် လည်းကောင်း၊ twitter, bebo, myspace, tagged စသဖြင့်၊စသဖြင့်ပေါ့လေ... တစ်နေရာမှာ ကဲနေတာကို လိုက်ရှာရမယ်ဆိုရင် မလွယ်လေတော့ gtalk ပေါ်မှာ message လေး တင်လိုက်ရုံနဲ့ သက်ဆိုင်တဲ့ ဆိုက်တွေကို အလိုအလျောက် သတင်းပေးပြီးသား ဖြစ်သွားမယ် ဆိုရင် တကူးတက လိုက်ရှာဖို့မလိုပဲ အသိပေးပြီး ဖြစ်သွားမှာပေါ့။ မကောင်းပေဘူးလား။ ကောင်းပါတယ်။ ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ ဆိုရင်တော့ ဒီလိုပါ။

Ping.fm မှာ account တစ်ခုဖွင့်လိုက်ပါ။ ပြီးတော့ ကိုယ်အသုံးပြုလေ့ရှိတဲ့ site တွေ အားလုံးကို သူနဲ့ ချိတ်ဆက် လိုက်ပါ။ ချိတ်ဆက်နိုင်တဲ့ site တွေကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။

အဲလို ချိတ်ဆက်ပြီးပြီ ဆိုရင်တော့ တစ်နေရာမှာ ကိုယ်တင်လိုက်တဲ့ message တွေအားလုံးကို ကိုယ်ချိတ်ဆက် အသုံးပြုနေတဲ့ ဆိုက်တွေ အားလုံးမှာ sharing လုပ်ပြီး ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ (ချစ်ချစ်ကို g မှာ မတွေလို့ FB နဲ့ twitter မှာ တက်ရှာရတဲ့ ရီတာ အဲလိုဒုက္ခတွေမှ ကင်းဝေးပါစေကြောင်း :P )

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1