T-Rays သို့မဟုတ် terahertz Radiation

တရားမ၀င် မူးယစ်ဆေးဝါးတွေ သယ်ဆောင် လာခြင်း၊ အကြမ်းဖက်သမားများရဲ့ လက်နက်တွေ ဗုံးတွေ ၀ှက်ယူ လာခြင်းတွေကို X-Rays Scan နဲ့ စစ်ဆေးမှုကနေT-rays နဲ့ ပြောင်းလဲ စစ်ဆေး နိုင်တော့မယ်လို့ တက်ကစက် ပြည်နယ် A&M ဌာနက Alexey Belyanin ဦးဆောင်တဲ့ ရူပဗေဒ သုတေသန ပညာရှင်များအဖွဲ့က သတင်း ထုတ်ပြန်ခဲ့ပါတယ်။ X-Rays နဲ့ စစ်ဆေးမှုဟာ လူသားတွေကို အန္တရာယ်ရှိစေပါတယ်။ ဒါကို ကျော်လွှားနိုင်ဖို့ အနာဂတ်ကာလမှာ T-Rays ကို အသုံးပြုနိုင်တော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

T-rays ဆိုတာကတော့ ကြိမ်နှုန်း (frequency) terahertz (THz) ရှိတဲ့ လျှပ်စစ်သံလိုက်လှိုင်း (electromagnetic ray) တစ်မျိုးပါပဲ။ ဒီ rays ဟာ လူတွေသိပ်မသုံးတဲ့ မဖွံ့ဖြိုးသေးတဲ့ ray တစ်မျိုးဖြစ်တယ်လို့ ဆိုပါတယ်။ ဒီ rays ဟာ electromagnetic spectrum မှာ မိုက်ကရိုဝေဗ့် (microwave) နဲ့ အနီအောက်ရောင်ခြည် (infrared) တို့ကြား မှာရှိတဲ့ ရောင်ခြည်တန်း တစ်မျိုးပဲ ဖြစ်ပါတယ်။

အခုဆိုရင် Alexey Belyanin ဦးဆောင်တဲ့ သုတေသနအဖွဲ့ဟာ သူတို့ရဲ့ တွေ့ရှိချက်တွေကို သဘာဝရူပဗေဒလို့ အမည်ပေးထားတဲ့ ဂျာနယ်မှာ တင်ပြဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

THz radiation တွေဟာ ခြောက်သွေ့နေတဲ့ အလင်းပိတ် အရာဝတ္ထုတွေကို ဖောက်ထွင်းနိုင်တဲ့ အတွက်ကြောင့် လူသားတွေရဲ့ ရောဂါရှာဖွေရေးမှာ အန္တရယ်ရှိတဲ့ X-rays နေရာမှာ အစားထိုး သုံးစွဲနိုင်လိမ့်မယ်လို့ Belyanin က ဆိုပါတယ်။ ဒါပေမယ့် ကံမကောင်းမှုတရပ်ကတော့ သုတေသနပြုရမှာ လုံလောက်တဲ့ ရင်းမြစ်နဲ့ ပစ္စည်းတွေ မရရှိသေးလို့ သုတေသနပြုမှုဟာ ကြံ့ကြာနိုင်တယ်လို့ ဆိုပြန်ပါတယ်။

Belyanin တို့အဖွဲ့ မျှော်လင့်ထားတာက ပြင်ပကနေ သံလိုက်စက်ကွင်းနဲ့ အပူချိန်ကို လိုသလိုပြောင်းလဲ ပေးခြင်းအားဖြင့် T-Rays ကို ထိန်းချုပ်နိုင်ဖို့ ဖြစ်ပါတယ်။ အခုလို ဆောင်ရွက်နိုင်ခဲ့ရင် THz အာရုံခံ ကိရိယာတွေ၊ ကင်မရာတွေနဲ့ အခြားအသုံးဝင် ပစ္စည်းတွေကို ထုတ်လုပ်သုံးဆွဲ နိုင်မှာဖြစ်ပါတယ်။

အစဉ်အလာအရတော့ semiconductor တွေရဲ့ actom ကနေ electron တွေကို ရိုက်ထုတ်တဲ့အခါ လေဆာ ရောင်ခြည်မှာ ပါဝင်တဲ့ စွမ်းအားမြင့် photons တွေကို သုံးစွဲခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနေရာမှာ စွမ်းအားနိမ့်တဲ့ T-rays ကို သုံးမယ်ဆိုရင် ဒီ rays က electron ဓါတ်ငွေ့ကိုပဲ လှုံ့ဆော်မှုပေးမှာ ဖြစ်တဲ့ အတွက် အန္တရာယ်ရှိတဲ့ ရောင်ခြည်တန်းတွေ ထွက်လာမှုကို တားဆီးပေးနိုင်မှာ ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုရင်တော့ T-rays ဟာ electron တွေ ပြုတ်ထွက်သွားလောက်အောင် လုံလောက်တဲ့ စွမ်းအင် မရှိလို့ပါပဲ။

ဒါဟာဘာနဲ့တူသလဲဆိုရင် ရေလှိုင်းတွေကို လေ့လာဖို့ ရေထဲကို ခဲပစ်ချမယ်ဆိုရင် ပြင်ထန်းလွန်းတဲ့ ရေပွက်တွေ ဖြစ်လာတဲ့ အတွက် မထိရောက်ပါဘူး။ အဲဒီအစား ရေကန်ကို အသာအယာ လှုပ်ပေးခြင်းဖြင့် ရေလှိုင်းရဲ့ သဘာဝကို သိရှိနိုင်သလိုပါပဲ လို့ဆိုပါတယ်။

T-rays ရဲ့ အပူချိန်နဲ့ သံလိုက်စက်ကွင်းကို လိုသလို ထိန်းညှိပေးခြင်းအားဖြင့် တုန့်ပြန်မှု အချက်အလက်တွေကို တွေက ဖမ်းယူသိရှိနိုင်ပြီး လှိုင်းတွေရဲ့ သဘာဝကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ သိပ်ကို တန်ဖိုးရှိပါတယ်။ ဒီဆောင်ရွက်ချက် အောင်မြင်ခဲ့ရင် ငလျင်လှိုင်းတွေကို လေ့လာပြီး ကမ္ဘာမြေအတွင်းပိုင်းမှာ ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတာ ဟောကိန်း ထုတ်နိုင်မှာ ဖြစ်ပါတယ်လို့ သုတေသနအဖွဲ့က ပြောပါတယ်။

THz ကင်မရာတွေကို သုံပြီး ခန္တာကိုယ်မှာ လျှို့ဝှက်သယ်ဆောင်လာတဲ့ လက်နက်တွေ၊ တရားမ၀င် ဓါတုဗေဒ ဆေးဝါးတွေကို အလွယ်တကူ စစ်ဆေးရှာဖွေး ပေးနိုင်မှာ ဖြစ်သလို။ စာအိတ်ထဲမှာ ဘာတွေပါတယ်၊ သေတ္တာထဲမှာ ဘာတွေရှိတယ်ဆိုတာမျိုးကို တိတိကျကျ စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဓါတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဆေးပညာ စတဲ့ သိပ္ပံဘာသာရပ်တွေရဲ့ သုတေသန လုပ်ငန်းတွေမှာလဲ အလွန်အသုံးဝင်မှာ ဖြစ်တဲ့အကြောင်း သုတေသနအဖွဲ့က ထပ်လောင်း ပြောကြားသွားပါတယ်။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1