ကျွန်တော့် ဘလော့နှင့်ပတ်သက်၍

ကျွန်တော့်ဆိုက်ကို လာလည်ကြတဲ့ မိတ်ဆွေတွေက ဆိုက်ကလေးလို့ အမြဲပြောတယ်။ ဒါနဲ့ ကျွန်တော်လည်း ဖြုတ်နိုင်သမျှ ဖြုတ်ပစ်လိုက်တယ်။ template ကြောင့်လဲ ဆိုင်မယ်ထင်ရဲ့။ ကျွန်တော်ကလည်း ဒီ template ကို ကြိုက်နေတာရယ်၊ နောက် template တစ်ခု ပြောင်းမယ် ဆိုရင် လက်ဝင်အောင် ထိုင်ပြင်နေရတာရယ်ကြောင့် မပြင်ဖြစ်ဘူး ဖြစ်နေတယ်။ အဓိက,ကတော့ template ရဲ့ features လေးတွေကို ကြိုက်နေလို့ လဲပါ,ပါတယ်။ နောက်တစ်ခုက ကျွန်တော်ရဲ့ post တော်တော်များများမှာ ပုံတွေပါနေတာရယ် ကြောင့်လဲဖြစ်ပါတယ်။ ပုံတွေကလည်း blogger မှာ host မလုပ်ပဲ photobucket မှာ host လုပ်ထားတော့ နဲနဲ ပိုကြာမယ်ထင်တယ်။ blogger မှာ host လုပ်ရင် ဒီမှာက မမြင်ရဘူးလေ။

template ပြင်ဦးမယ် စိတ်ကူးရှိပါတယ်။ လက်ရှိရေးထားတဲ့ ပုံစံနဲ့ကိုက်ညီတဲ့ template စိတ်ကြိုက်ရှာတွေတဲ့ အခါပြောင်းလိုက်တော့မယ်လို့ စိတ်ကူထားပါတယ်။ အခုတော့ ကျွန်တော်လက်ဆော့ထားတဲ့ ဓါတ်ပုံ တစ်ချို့ကိုတော့ ဒီနေရာမှာ ပြောင်းတင်ထားတယ်။ နောင်လည်းဓါတ်ပုံတွေ ဆိုရင် ဒီနေရမှာ မတင်တော့ပဲ အဲဒီမှာပဲ သီးသန့် တင်တော့မယ်လို့ စိတ်ကူထားတယ်။

domain လေးတစ်ခုလဲ ၀ယ်ချင်သေးတယ်။ co.cc ကလည်း ပြည့်တော့မယ်။ နောက်ထပ် account အသစ်တစ်ခု ဖွင့်ပြီး နာမည်ပြောင်း ရင်တော့ ရမှာပါ။ တစ်နှစ်ကုန်တိုင်း တစ်ခါပြောင်းနေရရင် မကောင်းဘူး ထင်တာပဲ။ domain တစ်ခု သပ်သပ်မှတ်မှတ် ဆိုရင် ပိုပြီး အစဉ်ပြေလေးမလား စဉ်စားမိရဲ့။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

أحدث أقدم
Post ADS 1
Post ADS 1