ဒလခရီး

ဧရာဝတီ မြစ်ကမ်းနံဘေးမှာ နေခဲ့ပေမယ့် ကျွန်တော် ရေမကူးတတ်ဘူး။ ဒါပေမယ့် ရေလမ်းခရီးသွားရတာကို နှစ်သက်မိတယ်။ များသောအားဖြင့် သွားခဲ့ရတဲ့ ခရီးတွေကလည်း ကုန်းလမ်းတွေပဲ ဖြစ်တာကြောင့် ရေးလမ်းခရီး သိပ်မသွားခဲ့ဘူးပါဘူး။ ဒါကြောင့် တစ်ခါတရံ ရေလမ်းသွားရရင် ပျော်နေတတ်တယ်။

၃ နှစ်သားလောက်ကပေါ့။ အမေက သူ့ရဲ့အမေ (ကျွန်တော့် အဘွား) ဆီကို သွားတော့ မော်တော်စီးရတယ်။ မော်တော်ပေါ်မှာ ရေထဲဆင်းချင်ပါတယ် အော်ငိုနေလို့ အမေနဲ့ ပါလာတဲ့ အဖေါ်တစ်ယောက်က ကျွန်တော့် လက်ကို တစ်ယောက် တစ်ဖက်ဆွဲလို့ ရေထဲတွဲလောင်းချ ခေါ်လာရတယ်။ ဟဲ…ဟဲ ငယ်ငယ် ကတည်းက အဲလို ကမောက်ကမတွေ သိပ်လုပ်ချင်တာ။

မှတ်မိပါသေးတယ်။ ရန်ကုန်မှာ ကျွန်တော့်ဦးလေးက ရွှေတိဂုံဘုရားကို ခေါ်သွားတော့ ဘုရားမှာ ကြေးစည် တီးတာကို မြင်တော့ အဲဒါကို သဘောကျပြီး ကြေးစည်တီးတဲ့ တုတ်တံကို မျက်လုံးထဲ ဘယ်လိုမြင်မိ သွားတယ် မသိ။ ယောင်းမ၀ယ်ပေးဆိုပြီး လူကြားထဲ အော်ငိုပြီး ပူးဆာခဲ့ဘူးတယ်။ အဲဒီကစလို့ ကျွန်တော့် ဦးလေးလဲ နောက်ကို ဘယ်သွားသွား ကျွန်တော့်ကို မခေါ်တော့ဘူး။ ဟဲ… အဲလို လူချစ်အောင် နေတတ်တာ ငယ်ငယ် ကတည်းကပဲ။

ထားပါတော့လေ… စကားဆက်လိုက်ဦးမယ်။ ရေလမ်းခရီးသွားရတာ မော်တော်၊ သဘောင်္ဆိုတော့ သွားရတာ သက်တောင့်သက်သာ ရှိတယ်လို့ ထင်တယ်။ ပြီးတော့ ရေပြင်ထဲမှာဆိုတော့ လေတအေးအေးနဲ့ အဝေးကို မျှော်ငေးရင်း ခရီးသွားရတာ အရသာတစ်မျိုးပဲ။ စရိတ်လည်း သက်သာတယ်လေ။ ဟိုတစ်နေ့ကတော့ အကြောင်းတစ်ခု ပေါ်လာလို့ ဒလဘက်ကို ကူးသွားခဲ့တယ်။ အရင်ကလည်း အားရင်အားသလို… ကျွန်တော်တို့ အပေါင်းအသင်း တစ်စု အပျော်သက်သက် ဒလသဘောင်္ လိုက်စီးလေ့ရှိတယ်။ တစ်ခါတစ်လေများ ၂၀ ပေးပြီး အသွားအပြန် နှစ်ခေါက်လောက် စီးချင်စီးနေတတ်တာ။ အခုသွားရင်းနဲ့ ရာသီဥတုကလည်း သာယာသမို့ နဲနဲလက်ဆော့ခဲ့တယ်။ အားပေးခံစား သွားကြပါဦး။


မြစ်တွင်းတစ်နေရာက သဘောင်္များ

ဇင်ယော်လေးတွေ ကြင်ဖေါ်ကြင်ဖေါ် စုံညီ

မြစ်တွင်းက ညနေဆည်းစာ


ဒလဘက်ကမ်း

ဘာတွေလုပ်ပေးရင် ကောင်းမလဲ

ရေဘောင်ဘင်စီးပါလို့ လှေဒေါင်ဒင်တီးပါလို့

အပြန်မှာ ဆူးလေဘက်ကို ရောက်လာတယ် ဆူလေးအ၀ိုင်းကတော့ ဘာသာတရား ၃ ခုရဲ့ အထိမ်းအမှတ်လို့ ပြောရမယ်။

ဆူးလေ စေတီတော်

ဒီဇင်ဘာလထဲရောက်တော့ ဧမာနွေလ ဘုရားကျောင်းက လှပဝေဆာ

ဒီအဆောက်အဦးကတော့ ဆေးပြန်သုတ်လိုက်ရင် ပိုပြီးခမ်းနားလေမလား


Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

أحدث أقدم
Post ADS 1
Post ADS 1