Link တွေကို new tab နှင့် ပွင့်စေချင်ရင်

blog ပေါ်မှာ Link တွေ တင်တာ အားလုံးသိပြီးသားပါ။ ဒါပေမယ့် အဲဒီလင့်တွေကို click လိုက်ရင် ကိုယ်ရဲ့ page ပျောက်သွားတယ်လေ။ right click> Open link in new tab နဲ့ ဖွင့်ရင်တော့ ရတာပေါ့။ အဲဒါဆို မူလ page မပျောက်တော့ပဲ လိုချင်တဲ့ page အသစ်လဲ ကြည့်ရတာပေါ့။ ဒါပေမယ့် ဒါကိုမသိတဲ့ အခါ ကိုယ့်ဘလော့ကို လာဖတ်သူက ဟိုဘက်ပြောင်းလိုက် ဒီဘက်ပြောင်းလိုက် လုပ်ရတာနဲ့ စိတ်မရှည်တော့ဘူးလေ။

အဲဒီလို မဖြစ်စေပဲ click လိုက်တဲ့ link တစ်ခုဟာ အလိုအလျောက် new window သို့မဟုတ် new tab နဲ့ ထွက်လာရင် (Browser setting ပေါ်မှာ မူတည်ပါသည်) ပိုကောင်းတာပေါ့။ အဲဒီလို ဖြစ်စေဖို့ လုပ်ရမှာက အရမ်းကို လွယ်ပါတယ်။ Layout>Edit html မှာ<head> tag လေးကိုရှာပြီး အောက်မှာ <base target='_blank'/> ဆိုတာလေး ပေါင်းထည့်လိုက်ရင် ပြီးပါတယ်။ စမ်းကြည့်ပါခင်ဗျာ။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

أحدث أقدم
Post ADS 1
Post ADS 1