Blogger Template လက်ဆောင်


Blogger template အသစ်လေးတစ်ခုပါ။ ရိုးရိုးလေးနဲ့ ယဉ်တဲ့ပုံစံလေးပါ။  Btemplate ကပေးထားတာပါ။ အသင့်ရေးလို့ရအောင် ကျွန်တော် နဲနဲ modify လုပ်ထားလိုက်တယ်ပေါ့။ Diary Style ရေးမယ့်သူတွေ အတွက် သင့်တော်မယ်လို့ ထင်ပါတယ်။ လက်ရှိပုံစံကို အပြောင်းအလဲလေး လုပ်ချင်သူများ စမ်းကြည့်နိုင် ပါတယ်။



စမ်းမယ်ဆိုရင်တော့ Dashboard>Layout>Edit Html>Download Full Template မှာ လက်ရှိ template ကို ဒေါင်းလုပ်ချ။ ပြီးသိမ်းထားပေါ့။ ဒါမှ အခုပေးတာ မကြိုက်ရင်လည်း အဟောင်းလေးပဲ ပြန်သုံးလို့ ရမှာ။

ပြီးရင် ဒါလေးကို ဒေါင်းပြီး Upload a template from a file on your hard drive:ဆိုတဲ့နေရာကနေ ပြန်ပြီး upload လုပ်လိုက်ပေါ့။



တစ်ခုတော့ရှိတယ်။ အခု template မှာ search, Profile, Archive, Label, HTMLတစ်ခု, Recent Comment, နဲ့ Follower တွေပဲ ပါတယ်။ တစ်ခြား Widget တွေရှိနေရင်တော့ Backup လုပ်ထားမှ ပြန်သုံးလို့ ရမှာပါ။ upload လုပ်တဲ့ အချိန်မှာ ကျွန်တော် ထည့်ပေးထားတဲ့ Widget တွေမဟုတ်ရင် Delete လုပ်ဖို့ Confirm message တက်လာပါလိမ့်မယ်။ Delete လုပ်မှ ဒီ template ကို သုံးလို့ရမှာပါ။

ပြီးတော့မှ Widget တွေကို ပြန်ထည့်လိုက်ပေါ့။ အဆင်ပြေမယ်လို့ ထင်ပါတယ်။

Demo Site : http://linnkyaesin.blogspot.com/

1 Comments

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

  1. ကျေးဇူးပါဆရာ။အဆင်ပြေတယ်။

    ReplyDelete

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

Previous Post Next Post
Post ADS 1
Post ADS 1