ခက်တော့ခက်ချေပြီ....။ အိပ်မရလို့ စာတွေလိုက်ဖတ် ... ဖတ်ရင်းကနေ... ဟာ ဘယ်လိုတွေလဲ မသိ။ တစ်ချို့က blog တကာလျှောက်ဆဲ။ တစ်ချို့ ကလည်း... ဘလော့ဖွင့်လို့ ဒိုင်ခံဆဲ...။ ဟောဗျာ.. အလကားနေရင်း အကုသိုလ်တွေ ယူနေကြသည်။ blogger ဆိုတာ အဲဒီလိုလား..။ ကျွန်တော် စတင်ရေးသားခဲ့စဉ်က ဒီလိုမျိုး တစ်ခါမှ မကြုံဘူးခဲ့။ အင်းပြောမယ့်သာ ပြောတာ ကျွန်တော်လည်း အဆဲခံရဘူးသည်။ အမြင်ကတ်လို့ ထင်ပါရဲ့။
စဉ်စားကြည့်သည်။ ဘာလို့ ဒီလိုတွေ ဖြစ်နေကြလဲ...။ ဒီက blogger တွေတော့ မဖြစ်နိုင်၊ ဘာလို့လဲဆိုတော့ ဒီမှာက ဘယ်သူမှ အဲဒီလောက် အချိန်မဖြုန်းနိုင်၊ တော်တော်များများ စင်္ကာပူ အခြေစိုက် မြန်မာ blogger များ ဖြစ်နိုင်သည်။ ပိုမိုကောင်းမွန်တဲ့ sociaty လေးဖြစ်အောင် ၀ိုင်းဝန်းကြိုးစား ကြမယ့်အစား အခုလိုတွေ ဖြစ်နေကြတာ အံ့သြစရာ ကောင်းလှသည်။ စာရေးချင်လို့ ရေးသည်ဆိုလည်း အကျိုးဖြစ်ထွန်းစေမယ့် အကြောင်းအရာတွေ ရေးကြလျင် ပိုမကောင်းပေဘူးလား။
အကြောင့်မဲ့ဘာကြောင့် ဒီလိုတွေ ရေးကြပြောကြပါလိမ့်၊ ဘယ်သူ့မှ အကျိုးမရှိစေတာကို အချိန်ကုန်ခံ၊ ရေးကြ ပြောကြ လုပ်နေမယ့် အစား မကျေနပ်လျင် ထရိုက်လိုက်တာကမှ ပိုကောင်းလိမ့်ဦမည်။ တလာဆီက ဘလော့ တွေမှာ ဇော်ဂျီကိစ္စဖြင့် ၀င်ဝင် အော်ကြသည်။ အခုတော့ မောသွားလို့ထင်ရဲ့။ ရပ်သွားပြီ။ အခုတော့ လူကြည့်များသော ဘလော့တွေမှာ စုပေါင်းရန်ဖြစ်နေကြသည်။ cbox တွင် ရန်ဖြစ်ပြိုင်၊ အဆဲပြိုင်နေကြသည်။ Cbox coding တွေကို ကူးယူပြီး တစ်နေရာကနေ ထိုင်ကြည့်နေလျင် အလွန် စိတ်ပျက်ဖွယ်ရာတွေ တွေ့မြင် ရတော့မည်။ သြော် .... ဒါဘလော့ဂါ လောကလား...။ ခက်ချေပြီ.....။
Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့