တစ်ခါတရံ အဓိပ္ပါယ်မသိတဲ့ အင်္ဂလိပ် ဝေါဟာရတွေကို တွေ့ရင် စိတ်ညစ်ရတယ်။ ဘာခက်လဲ Dictionary မှာရှာလိုက်ပေါ့။ အခုဆို Dictionary Software တွေရှိနေတော့ ကွန်ပြူတာပေါ်မှာပဲ စာလုံးရိုက်လိုက် အသံထွက်ပါ သိနိုင်သေးတယ်။ phonetics သင်စရာမလိုတော့ဘူး၊ :) ဘယ်လောက် အဆင်ပြေလဲ။ ဒါပေမယ့် အပြင်က PAC ဆိုင်တွေမှာ သုံးနေရင်း အခက်တွေတဲ့အခါ ဘယ်လိုလုပ်မလဲ။ internet ဆိုတာက အိမ်မှာ သုံးနိုင်တဲ့သူ ရှားသေးတယ်။ Dial Up ဆိုတာကိုတော့ ထည့်မပြောပါနဲ့။. အိပ်ရေးပျက်ပြီး ပိုက်ဆံကုန်တာပဲ။ ဒီလိုဆိုရင် လွယ်ပါတယ် software ကို ဒေါင်းပြီး install လုပ်ပေါ့ ..... အဲဒါတော့ မင်းပြောမှလား၊ သူရိန်ရယ် ... ဟတ် ... ဟတ်။ ဟုတ်သားပဲ။ အဲလိုဘယ် လုပ်နိုင်ပါ့မလဲ။ အချိန်မရနိုင်ဘူးလေ... ဒီခရု ကွန်နက်ရှင်က။
အဲဒါကို ဖြေရှင်းဖို့နည်းလမ်းရှိပါတယ်။ Google မှာရှာလိုက်ပေါ့။ ဒါပေမယ့် ကျလာမယ့် link တွေက အများကြီး။ အဆင်မပြေဘူး။ ဒီလိုဆိုရင် တိကျတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ ပေးနိုင်မယ့် online dictionary တွေသုံးရင် အဆင်ပြေပါတယ်။ ကနေ့ online ပေါ်မှာ dictionary တွေ အများကြီး ရှိပါတယ်။ အဲဒီအထဲက နာမည်ကြီးပြီး သုံးလို့ကောင်းတဲ့ site တစ်ချို့ကို လက်ဆင့်ကမ်းလိုက် ပါတယ်။ ရှာရင်းဖွေရင်း ဗဟုသုတ၊ တိုးပွားကြပါစေ။
ဒါကတော့ နာမည်ကျော် Merriam Webster Online Dictionary ပါ။ သုံးလို့ကောင်းပါတယ်။
ဒါကတော့ နာမည်ကြီး Cambridge Online Dictionary ပါ။
ဒါကတော့ ကိုစေတန် ဖန်တီးပေးထားတဲ့ Ornagai Online Dictionary ပါ။ မြန်မာအင်္ဂလိပ်၊ အင်္ဂလိပ်မြန်မာ နှစ်မျိုးလုံး ရှာနိုင်ပါတယ်။
ဒီ site လေးလဲ ကောင်းတယ်။
ဒီနေရာမှာလဲ ရှာနိုင်ပါသေးတယ်။
ဒါကတော့ Webster's Online Dictionary ပါ။
ပုံတွေကို Right Click > Open link in New Tab ဆိုရင် သက်ဆိုင်ရာ site ကို ရောက်ပါတယ်။
إرسال تعليق
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့