နမ်းတာ မနမ်းတာ မင်းအပိုင်းပဲ

တစ်ခါတုန်းက မောင်ဘနဲ့ ညိုမြဆိုတဲ့ လက်ထပ်ပြီးကာစ ဇနီးမောင်နှံဟာ သူတို့နေတဲ့ လာရှိုးမြို့ ကလေး ကနေ မန္တလေးဘက်ကို ကားလေးမောင်းပြီး အေးအေးဆေးဆေး ဟန်းနီးမွန်းခရီး ထွက်ခဲ့ကြသတဲ့ .ဒီလိုနဲ့ မှောင်လဲ သွားရော မေမြို့မှာတင် ညအိပ်ဖို့ ဆုံးဖြတ်လိုက်ကြသတဲ့ တည်းခိုးခန်း သွားအိပ်တော့ .တည်းခိုခကို တစ်ည ၃၀၀၀၀ ကျပ်နဲ့ သဘောတူလိုက်ကြသတဲ့။

မောင်ဘတို့လည်း ပင်ပန်းလာကြတာ ဆိုတော့ စောစော အိပ်ယာဝင်လိုက်ကြသတဲ့. .မိုးလင်းလို့ မန္တလေး ဘက်ကို ခရီးဆက်မယ် ဆိုပြီး ကောင်တာမှာ ပိုက်ဆံ သွားရှင်းတော့ ၁၂၀၀၀၀ တောင်းသတဲ့ မောင်ဘတို့ကလည်း မပေးနိင်ဘူးဆိုတော့ မန်နေဂျာကို ခေါ်ရှင်းကြ ပါလေရော၊ .မန်နေဂျာကလည်း ဟုတ်တယ် ၁၂၀၀၀၀ ကျသင့်ပါတယ် ဆိုတော့..ခတ်တော့တာပေါ့.။ မောင်ဘက ဘာကြောင့် ကျသင့်ပါသလဲ လို့ မေးတဲ့အခါ မန်နေဂျာက ဒီလိုရှင်းပြ သတဲ့..

ငါ့တို့တည်းခိုးခန်းမှာ nightclub တွေ ကာရာအိုကေတွေ .ဘားတွေ ရှိတယ် အဲ့ဒီအတွက်က ၃၀၀၀၀ ယူပါတယ် .ဆိုတော့..မောင်ဘကလည်း.

''ဆရာရယ် ကျွန်တော်တို့ အိပ်ယာတန်းဝင်ကြတာပါ..nightclub ကိုမသွားပါဘူး" ပေါ့.. မန်နေဂျာက ."သွားတာမသွားတာ မင်းတို့တာဝန်ကွာ..ငါ့တို့က အဲ့ဒီဟာတွေအတွက် ရင်းနှီးထားရတာ မနည်းဘူးကွ" .လို့ပြောလိုက်သတဲ့. ."နောက်ထပ် ၃၀၀၀၀ ကျပ်ကကွာ. .ရေကူးတဲ့ အတွက်ပေါ့". လို့ပြောလိုက် တော့ . မောင်ဘက "ကျွန်တော်တို့ ရေကူးဘို့နေသာသာ ရေကူးကန် ဘယ်မှာရှိမှန်းတောင် မသိရပါဘူးဗျာ" တဲ့.. "မင်းတို့ရေကူးတာ မကူးတာ ငါ့တာဝန် မဟုတ်ဘူး မင်းတို့တာဝန်ပါ ရေကူးကန်အတွက် အကုန် အကျတွေ များတဲ့အတွက အဲ့ဒီအတွက်ပါ ယူတယ်ကွာ"  လို့ မန်နေဂျာက ပြောလိုက်သတဲ့.

ဒါနဲ့ နောက်ထပ် ၃၀၀၀၀ ကျပ်က Tv , aircon ,ရေသန့်ဘူး ဘီယာ ဆတယ်လိုက် ဂြိုလ်တု ရေခဲသေတ္တာတို့ အတွက်ပေါ့ လို့မန်နေဂျာကရှင်းပြပြန်သတဲ့.. မောင်ဘကလည်း ရေခဲသေတ္တာမပြောနဲ့ ရေသန့်ဘူး တစ်ဘူး တောင် မသောက်ရပါဘူးဗျာ လို့ ပြန်ရှင်းပြတာပေါ့. မန်နေဂျာကလည်း သောက်တာ မသောက်တာ မင်းတို့ တာဝန်ကွာ  ငါတို့က အဲ့ဒီအတွက် အကုန်အကျတွေများတော့ ၃၀၀၀၀ ယူရမှာပဲ လို့ရှင်းပြသတဲ့..

မောင်ဘလည်း ဘယ်လိုရှင်းရမလဲ အကြံထုတ် ရတော့တာပေါ့ ...ဒါဆိုလည်းရော့ဗျာ ၁၂၀၀၀၀ ကျပ် ဆိုပြီးမန်နေဂျာကို ပိုက်ဆံပေးလိုက်သတဲ့ မန်နေဂျာက ပိုက်ဆံကို ရေတွက်ကြည့်လိုက်တော့ ၃၅၀၀၀ ပဲတွေ့ရသတဲ့.. မောင်ဘကလည်း "ကျွန်တော့် မိန်းမကို ခင်ဗျားနမ်းခက .၉၀၀၀၀ ကျတယ်....ခင်ဗျားကို ၅၀၀၀ လျော့ပေးထားတာ" လို့ပြောလိုက်တော့ .မန်နေဂျာလည်း ရှက်သွားပြီး ငြင်းတော့တာပေါ့.." ခင်ဗျား မိန်းမကို နမ်းဖို့နေနေသာသာ မြင်တောင်မြင်ဘူးတာ မဟုတ်ဘူး" ပြောတဲ့အခါမှာတော့ . မောင်ဘက အခုလိုပြန်လည် ပြောလိုက်ပါသတဲ့။

"နမ်းတာ မနမ်းတာ ခင်ဗျားတာဝန်ပါ  ကျွန်တော့်မိန်းမ ဒီမှာ တစ်ညလုံး ရှိနေတာပဲ"

:lol:


ကျွန်တော်ဆီကို ရောက်လာတဲ့ forward ရောက်လာတဲ့ mail တစ်ခုပါ။ ပြုံးနိုင်အောင် ပြန်လည်တင်ပြ လိုက်ပါတယ်။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

أحدث أقدم
Post ADS 1
Post ADS 1