Search Box

လူဆိုတာ ကိုယ့်အနားကို ဂရုပြုသတိမထားတတ်ပဲ အဝေးကိုသာ မျှော်ကြည့်တတ်ကြောင်း မှတ်သားခဲ့ဘူးတာ မှန်လိုက်လေဆိုတာ ကိုယ်တိုင်ကြုံမှ သတိထားမိတော့တယ်ဗျာ။ တလောကကျွန်တော် Search Box လေး ထည့်ချင်ရင် ဆိုတဲ့ post လေးရေးခဲ့ပါတယ်။ ကိုယ်တိုင်ရေးပြီး စမ်းကြည့်တော့ သိပ်ကျေနပ်စရာ မကောင်းဘူး ဗျ။

ဘာလို့လဲဆိုတော့ သူက ကိုယ့် blog မှာရှိတဲ့ post tital လောက်ကိုပဲ ရှာပေးနိုင်တာ။ ကျွန်တော်လိုချင်တာက blog ထဲမှာရှိတဲ့ content အားလုံးမှာ ရိုက်လိုက်တဲ့ key words ကိုရှာစေချင်တာ။ တလောကပြန်ပြီး သေးချာကြည်တော့ မှ blogger ကဒါကို default gadget ပေးထားတာ တွေ့မိတယ်။ အော်... ငါလည်း အဝေးကမြက် ပိုးစိမ်းနေတာကိုး လို့သတိပြုမိတယ်။ ထားပါတော့ ....။ အခုအဲဒီ search box ရဲ့ ကောင်းမွန်တဲ့ အချက်ကိုပြောပြချင်ပါတယ်။

ဘာကောင်းတာလဲ ဆိုရင်တော့ သူရဲ့ search performance ကောင်းတယ်လို့ ဆိုရမှာပါ။ ကိုယ့် blog ထဲမှာရှိတဲ့ Content တွေ၊ feed တွေ၊ link တွေအားလုံးမှာ ကိုယ်ရှာလိုက်တဲ့ key words နဲ့သက်ဆိုင်တဲ့ post တွေ အားလုံးကို ရှားပေးပါတယ်။

သူကိုကိုယ့် blog ထဲမှာ ထည့်ထားချင်တယ် ဆိုရင်တော့ Layout> Page Element > Add a Gadget ကနေ အခုဖေါ်ပြထားတဲ့ ပုံလေးဘေးက + sign လေးကို click လုပ်လိုက်ရင် ရပါပြီ။


ကျွန်တော်စမ်းသပ် ရှာဖွေကြည့်ထားတဲ့ နမူနာလေးကို ဖေါ်ပြလိုက်ပါတယ်။ ကျွန်တော် လွယ်လွယ်ပဲ blog ဆိုတာကို ရိုက်ထည့်လိုက်ပါတယ်။ အဲဒီအခါမှာ သူရှာလို့ရတဲ့ result တွေကို အောက်မှာ ပြထားတဲ့အတိုင်း ထုတ်ပေးပါတယ်။

ဘာပဲဖြစ်ဖြစ်ပေါ့လေ ရှာဖွေလေ၊ တွေ့ရှိလေပေါ့။ အဆင်ပြေပါစေ။

1 Comments

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

Previous Post Next Post
Post ADS 1
Post ADS 1