A Maths Dictionary for Kids

သင်္ချာဆိုတာ အလွတ်ကျက်တဲ့ ဘာသာ မဟုတ်ပါဘူး။ ဒါပေမယ့် တိကျတဲ့ အဓိပ္ပါယ် သတ်မှတ်ချက်တွေကို တိကျစွာ နားလည်ဖို့တော့ လိုတယ်။ အဲဒီလိုနားလည်ဖို့ ပြောပြရှင်းပြတဲ့ အခါ အခြေခံအတန်းတွေမှာ တစ်ခါတရံ တော်တော် လက်ဝင်ပါတယ်။ စကားအသုံးအနှုန်း ဖလှယ်ရတာ၊ ဘာသာပြန်တာတွေ မှားတဲ့အခါ အဓိပ္ပါယ် လွဲကုန်ရော။ ဘာသာမပြန်တော့လည်း တချို့က အရိုးစွဲနေတဲ့ အကျင့်တွေကြောင့် နားမလည်ဘူး ထင်ကြပြန်ရော။ သာမာန်ပြောစကား မဟုတ်တဲ့ ဘာသာရပ်ဆိုင်ရာ ဝေါဟာရတွေ (terminology) ကို ရှင်းရတာ တစ်ခါတလေ တော်တော်လေး ခက်တယ်ဗျ။

အဲဒါတွေကို လွယ်လွယ်ကူကူ နာလည်းအောင် အထောက်အကူပြု ပုံလေးတွေနဲ့ ရှင်းပြထားတဲ့ ဒီဆိုက်လေး ကတော့ ကလေးတွေအတွက် အထောက်အကူပြုမယ် ထင်တယ်။



terms တွေကို dictionary ပုံစံ sorting လုပ်ထားပြီးတော့ flesh image လေးတွေနဲ့ ရှင်းပြထားပုံက စိတ်ဝင်စားဖွယ်ပါ။ တချို့ဝေါဟာရတွေကို game လေးတွေနဲ့ရှင်းပြ ထားတာကလည်း ကလေးတွေအတွက် ပျော်စရာပဲ။ လေ့လာကြည့်ပါလို့ပဲ တိုက်တွန်းလိုက် ပါရစေ။

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

أحدث أقدم
Post ADS 1
Post ADS 1