ကျွန်ုပ်တို့၏ စကြာဝဠာ


Dark matter (အနက်ထည်) ဆိုတာ စကြာဝဠာအတွင်းမှာ ရှိတဲ့ အရာဝတ္ထုတွေရဲ့ mass(ဒြပ်ထု)ကို သတ်မှတ် ပေးတဲ့ ထူးဆန်းတဲ့စွမ်းအင် တစ်မျိုးလို့ဆိုရမှာပါ။ သုတေသန ပညာရှင်များဟာ စကြာဝဠာအတွင်းမှာ အဲဒီ dark matter တွေ ရာခိုင်နှုန်း ဘယ်လောက်ရှိတယ် ဆိုတာကို ခန့်မှန်းနိုင်ခဲ့ကြပြီး၊ ဒီအရာ ၀တ္ထုတွေရှိတယ် ဆိုတဲ့ ဖြစ်စဉ်တွေကိုလည်း ဖေါ်ပြနိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် ခုချိန်အထိပါပဲ နေအဖွဲ့အစည်း အတွင်းမှာ ဒီပစ္စည်းတွေ ဘယ်လိုပြန့်နှံ့ပြီး ဘယ်လိုပြုမူနေကြတယ် ဆိုတာကို ဘယ်သူမှ ဖေါ်ပြနိုင်ခြင်း မရှိသေးပါဘူး။

အခုအခါမှာတော့ နက္ခတဗေဒ ပညာရှင်တွေနဲ့ သင်္ချာပညာရှင်တွေ ပူးပေါင်းပြီး နေအဖွဲ့အစည်း အတွင်းမှာ dark matter တွေ ဘယ်လိုပြန့်နှံ့ပြီး ဘယ်လိုပြုမူနေကြတယ် ဆိုတာကို ဖေါ်ပြနိုင်ဖို့ ကြိုးစားလာခဲ့ကြပါတယ်။

အခုအသစ် တွေ့ရှိချက်တွေက နေအဖွဲ့အစည်းရဲ့ တကယ့်အရွယ်အစားကို ပိုပြီးသိရှိနားလည် နိုင်စေမှာ ဖြစ်ပါတယ်။ နက္ခတဗေဒ ပညာရှင်တွေနဲ့ သင်္ချာပညာရှင်တွေရဲ့ ပူးပေါင်းလေ့လာမှုအရ နေအဖွဲ့အစည်း အတွင်းမှာရှိတဲ့ dark matter တွေရဲ့ သိပ်သည်းမှုကို ဖေါ်ပြတဲ့ function ကို တင်ပြနိုင်ခဲ့ကြပါတယ်။ နေအဖွဲ့အစည်းရဲ့ အလယ်ဗဟိုနဲ့ အပြင်ပိုင်းတွေမှာ ရှိတဲ့ dark matter တွေရဲ့ သိပ်သည်းမှုကို တင်ပြနိုင်ခဲ့ ကြပါတယ်။ dark matter တွေကို လေ့လာလိုက်တဲ့ အခါမှာတော့ ကျွန်တော်တို့ရဲ့ နေအဖွဲ့ အစည်းဟာ ပုံမှန်မြင်နေရတဲ့ အတိုင်းအတာထက် အစပေါင်းများစွာ ပိုမိုကြီးမားတယ် ဆိုတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိမှုအရ dark matter တွေဟာ နေအဖွဲ့အစည်းရဲ့ အလယ်ဗဟိုမှာ သိပ်သည်းမှုများပြီး အဝေးကို ရောက်လာတဲ့ အခါမှာတော့ သိပ်သည်းမှု လျော့ကျသွားပါတယ်။

Dark matter ဆိုတာ မမြင်နိုင်ပေမယ့် စကြာဝဠာကြီး တစ်ခုလုံးရဲ့ အဓိကအစိပ်အပိုင်းလို့ ပြောနိုင်ပါတယ်။ တကယ်တော့ စကြာဝဠာဒြပ်ထုရဲ့ အများဆုံးအပိုင်းဟာ dark matter ပါပဲ။ ဒီအယူအစကို 1933 ကတည်းက Fritz Zwicky ကတင်ပြခဲ့တာပါ။ သူကတော့ ရွေ့ရှားနေတဲ့ နေအဖွဲ့အစည်း အတွင်းမှာ ရှိတဲ့ဒြပ်ထုတွေမှာ မမြင်နိုင်တဲ့ အရာတွေက အများဆုံးပါဝင် ဖွဲ့စည်းနေတယ်လို့ တင်ပြခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ မြင်နိုင်တဲ့အရာ(visible matter) ၄% မှာ dark matter ၂၃% ပါဝင်တယ်လို့ သတ်မှတ်ကြပါတယ်။ ဒါပေမယ့် ခုအချိန်ထိ dark matter ဆိုတာဘာလဲ ဆိုတဲ့ dark matter ရဲ့ သဘော သဘာဝကိုတော့ ဘယ်သူမှ တိတိကျကျ မသတ်မှတ်နိုင်သေးပါဘူး။ လက်ရှိအချိန်မှာတော့ ဒါဟာ နက္ခတဗေဒ ပညာရပ်အတွက် စိန်ခေါ်မှုတရပ်ပါပဲ။

ဒီတွေ့ရှိချက်တွေ လောက်နဲ့တော့ dark matter ဆိုတာဘာလဲ ဆိုတာကို ကျွန်တော်တို့ မသတ်မှတ်နိုင် သေးပါဘူး။ ဒါပေမယ့် သူတို့ရဲ့ ပြုမူလှုပ်ရှားမှုတွေနဲ့ အခြားဝိသေသတွေ (ဥပမာ-အပူချိန်) ကိုတော့ ကျွန်တော်တို့ ပြောပြနိုင်ပါတယ်လို့ Theoretical Physics and Cosmos Department of the University of Granada မှ သုတေသနပညာရှင် Eduardo Battaner ကပြောခဲ့ပါတယ်။

1 تعليقات

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

  1. ကျေးဇူးတင်ပါတယ်ဗျာ..နောက်လည်းများစွာရေးပေးစေချင်ပါတယ်

    ردحذف

إرسال تعليق

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

أحدث أقدم
Post ADS 1
Post ADS 1