ကာရံမဲ့

အချိန်တန် ရောက်လာမယ့် မ၀ရေစာကို
မျှော်လင့်တမ်းတ နေမယ့်အစား
ဆုံးဖြတ်လိုက်ရအောင်
သေမြေကြီး ရှင်ရွှေထီးပေါ့
ကယ်သူမဲ့တာ ညည်းနေတာထက်
ဆက်လျှောက်နိုင်ဖို့ ယောနသံကို သတိရလိုက်ပါလား

ကိုယ်လမ်းကိုယ်ဖေါက်ခွင့်ရတာ တော်သေးတာပေါ့
တချို့ဆို ပုံစံခွက်ကြီးထဲမှာ
ဇာတ်သိမ်းကို ကြိုသိနေမှတော့
ဒီဘ၀မှာ ငါတို့ရှင်သန်ရတာ
ကောက်ရိုးနွယ် တစ်ပင်လောက်တောင်
မျှော်လင့်ခွင့် မရှိတော့ဘူးလေ။

1 تعليقات

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

  1. ကောင်းတယ်ဗျာ၊ရေးသွားတာလေးတွေ...ဒါလေးကြိုက်
    တယ်...
    ဒီဘ၀မှာ ငါတို့ရှင်သန်ရတာ
    ကောက်ရိုးနွယ် တစ်ပင်လောက်တောင်
    မျှော်လင့်ခွင့် မရှိတော့ဘူးလေ။
    အဆင်ပြေပျော်ရွှင်ပါစေဗျာ

    ردحذف

إرسال تعليق

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

أحدث أقدم
Post ADS 1
Post ADS 1