အခုတစ်လော အင်း...... ပြောရရင်တော့ ၂၀၀၈ ကုန်ခါနီးကနေ ယနေ့အချိန်ထိပေါ့လေ အစစ ပစ္စည်းတွေ ဈေးတွေကျပါတယ်။ အဲဒီလိုကျတဲ့ အချိန်မှာ ရောင်းတဲ့သူတွေကလည်း အပြိုင်အဆိုင် ဈေးတွေချရောင်းသလို လက်ဆောင်တွေပေး ကံစမ်းမဲတွေ ပေးနဲ့ပေါ့။ ဈေးနှုန်းတွေ ဘယ်လောက်နဲ့ ရောင်းနေပါပြီ ဆိုတာကိုလည်း ဂျာနယ်အသီးသီးမှာ ကြော်ငြာကြပါတယ်။ ပြီးတော့ ၀ယ်ယူတဲ့ပစ္စည်းတွေ အပေါ် အာမခံဘယ်လို ပေးကြောင်းလည်း ဝေေ၀ဆာဆာ ဖေါ်ပြကြပါတယ်။
ဒါပေမယ့် တကယ်သွားဝယ်တဲ့အခါမှာ ကြော်ငြာထားတဲ့ ဈေးနှုန်တွေ မရတော့တဲ့ အကြောင်းကို အကြောင်းအမျိုးမျိုးပြ ငြင်းဆန် ခံရပါတယ်။ တချို့ကတော့ စတင်ဝယ်ယူချိန်မှာတော့ ရွှန်းရွှန်းဝေတဲ့ အာမခံချက်တွေ ကိုပါးစပ်နဲ့ပေးပြီး ၀ယ်ယူတဲ့ပစ္စည်း တစ်ခုခုဖြစ်လို့ သွားပြတဲ့ အခါမှာတော့ စကားပြောကောင်းနေတုန်း အလှူခံဝင်လာလို့ စိတ်တိုသွားတဲ့ မျက်နှာပေးမျိုးတွေနဲ့ အာမခံကတ်ပြားပါလား။ အာမခံကတ်ပြား မပါရင်မရပါဘူး။ စသည်ဖြင့်ပေါ့။ ငြင်းဆန်ခံရပြန်ပါတယ်။ ဒါဆို အစကဘာလို့ ဒီလိုပြောသလဲဆိုတော့ မသိသလိုမျက်နှာပေးတွေနဲ့ ၊ ဘာတွေ လာပြောနေတာလဲ ဆိုတဲ့ပုံစံမျိုးတွေနဲ့ ဆက်ဆံခံရပြန်ပါတယ်။ (အဲဒီဆိုင်က အာမခံကတ်ပြား လည်း ဘယ်တုန်းကမှ မပေးဘူးပါဘူးတဲ့။ )
စားသုံးသူဆိုတာ ဈေးကွက်က အမှန်တကယ်ပေးနိုင်တဲ့ Message ကိုလိုချင်တာပါ။ (အဲလိုပြောလို့ ကျွန်တော်က ဘာလည်းဆိုတော့ ဘာမှ မဟုတ်ပါဘူး၊ သာမာန်လူတစ်ယောက် ခံစားမိသလို ပြောတာပါ။) အခုတော့ အပြောတစ်မျိုး အလုပ်တစ်မျိုး...၊ ဒီလိုမျိုးတွေ ကျွန်တော်တို့ ဆက်ဆံခံရတာလည်း နှစ်ပေါင်းမနည်းတော့ပါဘူး။ ရိုးနေပါပြီ။ ဒါပေမယ့် အစစပြောင်းလည်းမှုတွေ ရလာပြီဆိုတော့ ကျွန်တော်တို့ မှန်ကန်တိကျမှုကို တကယ်ခံစားခွင့် ရပြီထင်ခဲ့တာ။ လေးဖြူရဲ့... သီချင်းထဲကလို... ညည်းချင်းလေး ချလိုက်ချင်ပါရဲ့......။

``အရင်လိုပါပဲ..... အရင်လိုပါပဲ..... အရင်လိုပါပဲ.....´´
မှတ်ချက်။ ။မှန်ကန်တိကျစွာ ရောင်းဝယ်ပေးနေသော ဆိုင်များ ကို မဆိုလိုပါ။

إرسال تعليق
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့