ကျွန်တော်ဆီကို mail တစ်စောင်ရောက်လာပါတယ်။ ကျွန်တော် template တွေရှာရင်း template themes တွေလှသော eblog template site ကိုရောက်ခဲ့ပါတယ်။ ဒီလိုပဲ မေ့မေ့ပျောက်ပျောက် နေလိုက်တာ တစ်နေ့တော့ Did you know that some people stay at home in their robe and slippers and make thousands of dollars each month with affiliate marketing? အဲဒီလိုလေးမေးပြီး Eblog site မှမေးဝင်လာ၏။ ဟယ်...တယ်ဟုတ်ပါလား။ ကောင်းလေစွ။ ရေးချင်တာတွေရေးပြီး ပိုက်ဆံရတော့မယ်ပေါ့။ ဒါနဲ့ပဲ အသဲအသန် အပြေး အလွှား သူပေးသော link ကိုလိုက်ကြည့်တော့ သူ၏ site ကို ၀င်ရောက်ရန် ကြော်ငြာထား၏။ အော်... ဒီလိုကြီးလား။ ကျွန်တော်လည်း နည်းနည်ပါးပါး ဟိုကြည့်ဒီကြည့် ပြန်ထွက်ခဲ့၏။ စိတ်မ၀င်စားပဲကိုး။
အခုနောက်ထပ်တစ်စောင် ထပ်ဝင်လာပြန်သည်။ blog မှာ email လိပ်စာတွေ ဖေါ်ပြထားခြင်းသည် spammer တွေကို ဖိတ်ခေါ်ရာရောက်၏.....တဲ့။ ဟုတ်ချင်လည်း ဟုတ်မှာပေါ့။ ဒါပေမယ့် spam mail တွေဖတ်ဖို့ နေနေသာသာ ဖွင့်တောင်မကြည့် select all----->delete all နှင့်သာ ပြီးသွားခဲ့သည်။ အဲဒီလိုမဖြစ်ရလေအောင် မည်သို့မည်ပုံ ကာကွယ်ရမည် စသည်စသည်ဖြင့် ဝေေ၀ဆာဆာ ရှင်းလင်းထားပြီး နောက်ဆုံးတော့ ဒီပြသနာတွေ မဖြစ်ချင်ရင် premium wordpress themes တွေကိုသုံးပါတဲ့။ တစ်နှစ်မှ 19$ ထဲပါတဲ့။ ဟဲ.....ဟဲ။ အဟုတ်မှတ်လို့ ဖတ်လိုက်တာ။ နောက်ဆုံမှ ကြော်ငြာမှန်း သိတော့တယ်။ အင်း.... ကျွန်တော်လည်း စဉ်းစားမိတယ်။ ဘလော့လည်းရေးရင်း ပိုက်ပိုက် ရအောင် အဲဒီလိုကြော်ငြာ post တွေ ရေးရရင် ကောင်းမလားမသိ။ ဘယ်သူများအပ်ကြမလဲ။ တစ်နှစ်မှ.........။
Post a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့