ပြီးခဲ့တဲ့သောကြာနေ့ညက ပုဂံဘုရားဖူးထွက်ခဲ့ပါတယ်။ ရန်ကုန်ကနေ ညနေ ၅ နာရီလောက် ထွက်လာခဲ့တာ နောက်တစ်နေ့ နံနက်စောစောမှ မိတ္ထီလာကို ရောက်တော့တယ်။ အဲဒီနောက် ကိုဆန်းဝင်းကြီး ရဲ့ ကျောက်ပန်း တောင်းကိုဖြတ်တော့ အညာမြေထန်းတောရဲ့ လွမ်းမောဖွယ် ရှုခင်းများကို ငေးမောရင်း ငယ်ငယ်ကသင်ခဲ့ရတဲ့ ၀န်ကြီးပဒေသ ရာဇာ ရေးခဲ့တဲ့
နွေဦး ကာလ မြူထသောအခါ
ရင်းထောင်ရင်းဆွဲ ဆောင်မြဲအိုးလွယ်ကာ
ဓားနှီးထက်စွာ ခါးမှာချပ်လျှက်
ထန်းပွင့်ထန်းခိုင် ရွှန်းမြိုင်မြိုင်
ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး

ဆိုတဲ့ တျာချင်းလေးကို သတိရမိပါရဲ့။ အညာမြေ သဘာဝပေါက်ပင်များ ဖြစ်ကြတဲ့ ထန်းနောင်းပင်၊ မန်းကျည်း ပင်၊ ယူကလစ်ပင်၊ တမာပင်၊ စိန်ပန်းပင်တို့ကတော့ အညာမြေနေပူပူမှာ စိမ်းလန်းစွာ ရှင်သန်နေတဲ့ ခွန်အားကို အားကျမိပါရဲ့။ ကျောက်ပန်းတောင်းနဲ့ ပုပ္ပါးကြား လမ်းတွေပြင်နေဆဲ ဆိုတော့ တစ်ချို့နေရာတွေက လမ်းကောင်း ပါတယ်။ ကားတစ်စီးသွားတိုင်း လိုက်ပါလာတဲ့ ဖုန်လုံးကြီးတွေကြည့်ရင်း ပိုးအိစံရဲ့ရင်းထောင်ရင်းဆွဲ ဆောင်မြဲအိုးလွယ်ကာ
ဓားနှီးထက်စွာ ခါးမှာချပ်လျှက်
ထန်းပွင့်ထန်းခိုင် ရွှန်းမြိုင်မြိုင်
ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး
ဖုန်လုံးကြီးတွေ တလိပ်လိပ်နဲ့ရယ်
လှည်းယာဉ်စီးလို့ရယ်
အညာမြေရောက်အောင်လှမ်းကွဲ့
ထူးထူးခြားခြား အံ့မခန်းလှဖွယ်။
လှည်းယာဉ်စီးလို့ရယ်
အညာမြေရောက်အောင်လှမ်းကွဲ့
ထူးထူးခြားခြား အံ့မခန်းလှဖွယ်။
ဆိုတဲ့ သီချင်းလေးကိုတောင် ရွတ်လိုက်မိသေး။ ဟိုငေးဒီကြည့်နဲ့ နေ့လည်လောက်မှာ
ပုပ္ပါးတောင် ကလပ်ဆီကို ရောက်လာခဲ့ပါတယ်။ တောင်ခြေ ဘုရားစောင်းတန်းမှာ ဘုးရာမှာလှူဖို့ ရောင်းနေတဲ့ စကားဝါပန်းတွေကို ကြည့်ရင်း
သိုးကလေ..
ပုပ္ပါးနတ်တောင်
အခေါင်မြင့်ဖျား၊ စုံတောပြား၌
နံ့ရှားကြိုင်လွင့် ၊ ခါတန်ပွင့်သည်
ရွှေနှင့်ယိုးမှား၊ ပန်းစကား။
သိုးကလေ..
စကားပွင်းနှင့်၊ နှိုင်းတင့်နိုးသည်
ရဲမျိုးသမီး၊ မောင်ကြီးနှမ
ညက်လှပြာစင်၊ မယ့်သည်ပင်သည်
ခရီးသွား။
သိုးကလေ..
မြိတ်လွတ်ဆုလည်း၊
အငယ်ကတည်းက၊ကျွမ်းဝင်ကြသည်
မွေးဖတူရင်း၊ မျိုးသည်မင်းနှင့်
ချစ်ခြင်းဆုရုံး၊သက်ထက်ဆုံးသည်
နှလုံးမခြား၊ဆောင့်တရား။
ဆွေမိမင်း
မျက်သုတ်နီစင်၊ ရထည်းဖျင်နှင့်
ကြိုင်းစင်မြ၀ါ ၊ မတ်ကြီးလျာကို
မယ်သာကြိုက်မိ၊ တုမရှိ။
ပုပ္ပါးနတ်တောင်
အခေါင်မြင့်ဖျား၊ စုံတောပြား၌
နံ့ရှားကြိုင်လွင့် ၊ ခါတန်ပွင့်သည်
ရွှေနှင့်ယိုးမှား၊ ပန်းစကား။
သိုးကလေ..
စကားပွင်းနှင့်၊ နှိုင်းတင့်နိုးသည်
ရဲမျိုးသမီး၊ မောင်ကြီးနှမ
ညက်လှပြာစင်၊ မယ့်သည်ပင်သည်
ခရီးသွား။
သိုးကလေ..
မြိတ်လွတ်ဆုလည်း၊
အငယ်ကတည်းက၊ကျွမ်းဝင်ကြသည်
မွေးဖတူရင်း၊ မျိုးသည်မင်းနှင့်
ချစ်ခြင်းဆုရုံး၊သက်ထက်ဆုံးသည်
နှလုံးမခြား၊ဆောင့်တရား။
ဆွေမိမင်း
မျက်သုတ်နီစင်၊ ရထည်းဖျင်နှင့်
ကြိုင်းစင်မြ၀ါ ၊ မတ်ကြီးလျာကို
မယ်သာကြိုက်မိ၊ တုမရှိ။
ဆိုတဲ့ ၁၀တန်းတုန်းက ကဗျာလေးကို သတိရခဲ့ပြန်ပါတယ်။ မိန်းမတွေ ဂုဏ်မက်တာ ခေတ်တွေ စနစ်တွေနဲ့ မဆိုင်ဘူး။ ဘယ်ခေတ်ဖြစ်ဖြစ် ဒီလိုပါပဲလားလို့ မဆီမဆိုင် တွေးလိုက်မိသေးရဲ့။ (မည်သူကိုမှ မရည်ရွယ်ပါ။ ထို့ကြောင့် အားလုံးကို ရည်ရွယ်ပါသည်။ ...
...) တောင်ပေါ်တက်တော့ မျောက်တွေထက် မျောက်စာရောင်းတဲ့ ကလေးတွေကို ပိုကြောက်ရကြောင်း သတိရမိပါတယ်။
ဆက်ပါဦးမည်။ ဓါတပုံများကို နောက်နေ့မှ တင်ပါတော့မည်။
ဆက်ပါဦးမည်။ ဓါတပုံများကို နောက်နေ့မှ တင်ပါတော့မည်။
ဓါတ်ပုံလေးတွေကြည့်ရတာ အရမ်းကို ကြည့်နူးမိတယ်နော်။ ပျောရွှင်စရာ ခရီးလေးပဲ။ အားကျမိပါတယ်။ ဟိုး ရှေးခေတ်က ကဗျာလေးတွေက အခုချိန်ထိ လွမ်းဆွပ်နေရတုန်းနော်။
ReplyDeleteပျော်ရွှင်ပါစေ
ခင်တဲ့
မေတ္တာရောင်ပြန်
ဘယ်နဲ့လဲ အကို.. အညာနေပူပူ နဲ တွေ့တယ်မလား... KPG ဖြတ်တော့ ကျနော့်ကိုသတိရတယ်ဆိုတဲ့အတွက် ၀မ်းသာပါတယ် အကို။ ထန်းတောကြီးကိုလွမ်းနေတာ.. ဓာတ်ပုံတွေ တွက်ကျေးဇူးပဲနော်......
ReplyDeletePost a Comment
ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့